ငလျင်ဘေးသင့် ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက် လက်ရောင်းချပေးနေသည်။
ယနေ့ မေလ (၁၄)ရက် နံနက်ပိုင်းတွင် ဘိလပ်မြေထုတ်လုပ်သူများအသင်း အရောင်းပြခန်း၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း အရောင်းပြခန်း၊ မြန်မာနိုင်ငံသံနှင့် သံမဏိအသင်းအရောင်းပြခန်း၊ အိမ်ဆောက်လုပ်ရေးနှင့် အိမ်အသုံးအဆောင်ပစ္စည်းအမျိုးမျိုး အရောင်းပြခန်း၊ နိုင်ငံတကာမှ အရည်အသွေးမြင့် မီးဖိုချောင်သုံးပစ္စည်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ အရောင်းပြခန်း၊ မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးမားဆုံးဆောက်လုပ်ရေးနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ အရောင်းစင်တာ၊ သံထည်နှင့် စတီးများ အရောင်းပြခန်း၊ ပရိဘောဂအရောင်းပြခန်း၊ အိမ်သုတ်ဆေးအရောင်းပြခန်း၊ လုပ်ငန်းသုံးမီးစက်သေးနှင့် မီးစက်ကြီးများ အရောင်းပြခန်း၊ ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ အရောင်းပြခန်းများတွင် လာရောက်လေ့လာဝယ်ယူသူများပြားခဲ့ကြောင်း သိရသည်။
ယနေ့တွင် ရောင်းချခြင်း အစီအစဉ်နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းချုပ်(UMFCCI)က ကြီးမှူး၍ MSIA – TALK SHOW ကို ထည့်သွင်းကျင်းပရာ ဆရာကြီး ဦးကြည်သာက “နည်းပညာရပ် ဖွံ့ဖြိုးမှုနှင့်အတူ တိုးပွားလာသော ရာဇ ဝတ်မှုခင်းများအကြောင်း” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ပြန်လ ည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းပွဲတော်ကို ငလျင်ဘေးသင့်ပြည်သူများ ထူထောင်ရေးလုပ်ငန်းများ မိုးမကျမီ ဆောလျင်စွာ ပြန်လ ည်တည်ဆောက်နိုင်ရန် ဈေးနှုန်းမှန်ကန်စွာဖြင့် အရည်အ သွေးပြည့်မီစွာဝယ်ယူနိုင်ရန် ရည်ရွယ်ပြီး ပြည်ထောင်စုသမ္မ တ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၊ မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှ င်များအသင်း၊ မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း၊ ဘိလပ် မြေထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး ရောင်းချခြင်း အစီအစဉ်ကို မေ (၁၈) ရက်အထိ ဆ က်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။