Monday, June 9, 2025

ထရမ့်ပ်၏ ၁၂ နိုင်ငံမှနိုင်ငံသားများကိုပြည်ဝင်ခွင့် ပိ-တ်ပင်မှုယနေ့စတင်

နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများကို အမေရိကသို့ ပြည်ဝင်ခွင့် ပိတ်ပင်သည့် သမ္မတဒေါ်နယ်ထရမ့်ပ်၏ အမိန့်သည် တနင်္လာနေ့နံနက် ၁၂း၀၁ နာရီ(ဂရင်းနစ်စံတော်ချိန် ၀၄၀၁)...

အီလွန်မတ်စ်နှင့်ဆက်ဆံရေး ပြီးဆုံးသွားပြီ–ထရမ့်ပ်

အမေရိကန်သမ္မတထရမ့်ပ်က ဘီလျံနာသူဌေးအီလွန်မတ်စ်နှင့် ဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန်ရည်ရွယ်ချက်မရှိကြောင်းနှင့် ဆိုရှယ်မီဒီယာပေါ်၌ အပြန်အလှန် ပြင်းထန်စွာ တို-က်ခို-က်ကြပြီးနောက် ၎င်းတို့၏ဆက်ဆံရေး ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဖုန်းအင်တာဗျူးတစ်ခု၌ ထရမ့်ပ်က မတ်စ်နှင့်...

ယူကရိန်းစစ်သည် ရုပ်အလေ-ာင်းများနယ်စပ်ပို့ဆောင်နေ–ရုရှားဗိုလ်ချုပ်ကြီး

ယူကရိန်းစစ်သည် ရုပ်အလေ-ာင်းများတင်ဆောင်ထားသော ရထားများသည် တစ်နာရီအတွင်း နယ်စပ်သို့ စတင်ထွက်ခွာတော့မည်ဖြစ်ကြောင်း ရုရှားစစ်တပ်မှ ဗိုလ်ချုပ်ကြီး အလက်ဇန်းဒါးဇိုရင်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။ ရုပ်အလေ-ာင်းများ...

မြန်မာနှင့် အာရှဖလား ခြေစစ်ပွဲကန်မည့် ပါကစ္စတန်အသင်း...

မြန်မာအသင်းနှင့် ၂၀၂၇ အာရှဖလား ခြေစစ်ပွဲကန်မည့် ပါကစ္စတန် လက်ရွေးစင်အသင်း ယမန်နေ့ ဇွန် (၈) ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မြန်မာ...
HomeInternationalငလျင်ဘေးဒဏ်ခံရသူများအားကူညီရန် အိန္ဒိယစစ်တပ်ကတုကီယေး၌ ဆေးရုံတည်ဆောက်ပေး

ငလျင်ဘေးဒဏ်ခံရသူများအားကူညီရန် အိန္ဒိယစစ်တပ်ကတုကီယေး၌ ဆေးရုံတည်ဆောက်ပေး

လွန်ခဲ့သည့်ရက်ပိုင်းကဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် တုကီယေး၌အိန္ဒိယစစ်တပ်က ဆေးရုံတစ်ရုံဆောက်လုပ်၍ ကူညီပေးကြောင်းသိရသည်။အဆိုပါတပ်မတော်ဆေးရုံသည် ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးအကူအညီများကိုလည်း ပေးလျက်ရှိသည်။

“အခုလိုကပ်ဘေးနှင့်ရင်ဆိုင်ရပြီးတဲ့ အခါ အားလုံး၏စိတ်ထဲ အနည်းနဲ့အများ စိတ်ထိခိုက်ကြရပါတယ်။ ဒီစိတ်ဒဏ်ရာ တွေကို အချို့ကထုတ်ဖော်ပြသခြင်းမရှိပေမယ့် စိတ်ထဲ မတော့ စိုးရိမ်ကြောက်လန့်မှုကတော့ရှိနေဆဲပါ” ဟုဆေးရုံ၏ ဒုတိယ ဆေးရုံအုပ် ဒုဗိုလ်မှူးကြီးကပြောကြားခဲ့သည်။

တနင်္ဂနွေနေ့တွင် တုကီယေးနှင့်ဆီးရီးယားငလျင်သေဆုံးမှုသည် ၃၃,၀၀၀ အထိမြင့်တက်လာခဲ့ပြီး သေဆုံးမှုသည်လက်ရှိထက် နှစ်ဆမြင့်တက်လာနိုင်သည်ဟုလည်း ကုလသမဂ္ဂကသတိပေးချက်ထုတ်ပြန်ထားသည်။

သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ကယ်ဆယ်ရေး၌ပါဝင်သည့်ဆေးပညာရှင်များ၏ပြောကြားချက်အရ တုကီယေး၌ လူပေါင်း ၂၉,၆၀၅ ယောက်သေဆုံးခဲ့ပြီး ဆီးရီးယား၌ ၃,၅၇၄ ဦးသေဆုံးခဲ့ကြောင်းသိရသည်။လက်ရှိ၌ နှစ်နိုင်ငံပေါင်း ၃၃,၁၇၉ ယောက်ရှိပြီဖြစ်သည်။

ဆီးရီးယားအနောက်မြောက်ပိုင်းသို့ပို့ဆောင်ပေးမည့် ကယ်ဆယ်ရေးပစ္စည်းများ တုကီယေးမှတစ်ဆင့်ပို့ဆောင်ခဲ့ပြီဖြစ်သော်လည်း အများအပြားလိုအပ်နေသေးသည်ဟု ကုလကယ်ဆယ်ရေးအကြီးအကဲ မာတင်ဂရဖ်ကပြောကြားခဲ့ပြီး ၎င်းတို့အနေဖြင့် ဆီးရီးယားပြည်သူများအပေါ် အချိန်နှင့်တစ်ပြေးညီ မကူညီပေးနိုင်သေးကြောင်းဝန်ခံပြောကြားခဲ့သည်။

Source : WION

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်ပ်၏ ၁၂ နိုင်ငံမှနိုင်ငံသားများကိုပြည်ဝင်ခွင့် ပိ-တ်ပင်မှုယနေ့စတင်

နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများကို အမေရိကသို့ ပြည်ဝင်ခွင့် ပိတ်ပင်သည့် သမ္မတဒေါ်နယ်ထရမ့်ပ်၏ အမိန့်သည် တနင်္လာနေ့နံနက် ၁၂း၀၁ နာရီ(ဂရင်းနစ်စံတော်ချိန် ၀၄၀၁) တွင် စတင်အကျိုးသက်‌ရောက်မည်ဖြစ်ကာ နိုင်ငံကို ပြည်ပအကြမ်းဖက်သမားများရန်မှ ကာကွယ်ရန်ဟုဆိုကာ သမ္မတက ထုတ်ပြန်လိုက်သော အစီအစဉ်ဖြစ်သည်။ ခရီးသွာလာခွင့် ပိ-တ်ပင်ခံလိုက်ရသော နိုင်ငံများမှာ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတိုရီရယ် ဂူနီယာ၊ အီရစ်ထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်နိုင်ငံတို့ဖြစ်သည်။ ထို့အပြင် ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊...

အီလွန်မတ်စ်နှင့်ဆက်ဆံရေး ပြီးဆုံးသွားပြီ–ထရမ့်ပ်

အမေရိကန်သမ္မတထရမ့်ပ်က ဘီလျံနာသူဌေးအီလွန်မတ်စ်နှင့် ဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန်ရည်ရွယ်ချက်မရှိကြောင်းနှင့် ဆိုရှယ်မီဒီယာပေါ်၌ အပြန်အလှန် ပြင်းထန်စွာ တို-က်ခို-က်ကြပြီးနောက် ၎င်းတို့၏ဆက်ဆံရေး ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဖုန်းအင်တာဗျူးတစ်ခု၌ ထရမ့်ပ်က မတ်စ်နှင့် မကြာခင်တွေ့ဆုံစကားပြောရန် အစီအစဉ်မရှိဟုပြောကြားခဲ့ပြီး အခြားအလုပ်များဖြင့် အရမ်းအလုပ်များနေသည်ဟုလည်း ၎င်းက အင်န်ဘီစီနူးစ်ကိုပြောကြားခဲ့သည်။ အီလွန်မတ်စ်နှင့်ဆက်ဆံရေး ပြီးဆုံးသွားပြီလားဟု မေးမြန်းရာ၌ ထရမ့်ပ်က မတ်စ်သည်သမ္မတရာထူးကို မရိုမသေပြုမူသဖြင့် ထိုသို့ပင်ဖြစ်မည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။ ယင်းနောက်၎င်းကဆက်လက်၍ မက်စ်အနေဖြင့် One Big Beautiful Bill ဥပဒေကြမ်းကိုထောက်ခံ မဲပေးမည့်ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လေ-ာင်းများနှင့် ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ် လေ-ာင်းများကို...

ယူကရိန်းစစ်သည် ရုပ်အလေ-ာင်းများနယ်စပ်ပို့ဆောင်နေ–ရုရှားဗိုလ်ချုပ်ကြီး

ယူကရိန်းစစ်သည် ရုပ်အလေ-ာင်းများတင်ဆောင်ထားသော ရထားများသည် တစ်နာရီအတွင်း နယ်စပ်သို့ စတင်ထွက်ခွာတော့မည်ဖြစ်ကြောင်း ရုရှားစစ်တပ်မှ ဗိုလ်ချုပ်ကြီး အလက်ဇန်းဒါးဇိုရင်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။ ရုပ်အလေ-ာင်းများ လွှဲပြောင်းရေးအစီအစဉ်သည် နောက်သီတင်းပတ်အထိ ရွှေ့ဆိုင်းရနိုင်ခြေရှိသည်ဆိုသော အသံများထွက်နေသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ စစ်အကျဉ်းသားများလဲလှယ်ခြင်းနှင့် ကျဆုံးစစ်သည် ရုပ်အလေ-ာင်းများ လွှဲပြောင်းလက်ခံခြင်းအစီအစဉ်ကို အကန့်အသတ်မရှိသော အချိန်အတိုင်းအတာတစ်ခုအထိ ယူကရိန်းဘက်က ရွှေ့ဆိုင်းလိုက်သည်ဟု စနေနေ့တွင် ရုရှားက ပြောကြားခဲ့သည်။ ယူကရိန်းကမူ ရုရှား၏ အဆိုပါပြောဆိုချက်သည် မမှန်ကန်ဟု ငြင်းဆိုခဲ့သည်။ Ref: အေနူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071