မြန်မာနိုင်ငံကြက်ခြေနီအသင်းက ငလျင်ဘေးကြောင့် ယာယီရွေ့ပြောင်းနေထိုင်သူများအား မိသားစုပြန်လည်ဆက်သွယ်ပေးရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ထိုအသိပေးချက်အရ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အ ပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်းအနေဖြင့် လက်နက် ကိုင် ပဋိပက္ခကြောင့်ဖြစ်စေ၊ အခြားသောအကြမ်းဖက်မှုအခြေအနေကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ (သို့)ရွှေ့ပြောင်းနေထိုင်မှုကြောင့်ဖြစ်စေ၊ မိသားစုများဖြင့်အ ဆက်အသွယ်ပြတ်တောက်သွားသည့်(သို့) ပျောက်ဆုံးသွားသည့် သူများကို ရှာဖွေခြင်း၊ အဆက်အသွယ်ပြန်လည်ရရှိနိုင်အောင်ဆောင်ရွက်ပေးခြင်းနှင့် မိသားစုများပြန်လည်ပေါ င်းဆုံနိုင်စေရန် ဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြထားသ ည်။
ပြီးခဲ့သည့် မတ်လ (၂၈) ရက်က စစ်ကိုင်း ၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်း၊ ရှမ်းပြ ည်နယ်တောင်ပိုင်းတို့တွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကာ လူထောင်ပေါ င်းများစွာ အသက်သေဆုံးခဲ့ရပြီး ပျောက်ဆုံးနေသူများရှိကြောင်း သိရသည်။
ထို့ကြောင့် မိသားစုဝင်တွေကို ရှာဖွေရန်အကူအညီလိုအပ်ပါက မြန်မာနိုင်ငံကြက် ခြေနီအသင်း၏ မိသားစုပြန်လည်ဆ က်သွယ်ပေးရေးဌာန အရေးပေါ်ဖုန်းနံပါတ် +95 957 557 000 သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။
