မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်အပါအဝင်တိုင်းဒေသကြီးနှင့်ပြည်နယ်ရှစ်ခုတွင် လူနေအိမ်နှင့်ရုံးအဆောက်အုံများပြိုကျပျ-က်ဆီးခဲ့မှုကြောင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်သန်းပေါင်း ၈၁,၀၀၀ ကျော် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောသည်။
ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူမှုရေးပင်စင်၊ စေတနာ့ဝန်ထမ်းအဖွဲအစည်းများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ဆောက်လုပ်ရေး၊ လမ်းတံတားနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မန္တလေးငလျင်ကြီးကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအပါအဝင် လမ်းပျ-က်စီးမှုလုပ်ငန်းပေါင်း ၆၂၇ ခု၊ တံတားလုပ်ငန်း ၁၈၅ ခု ပျ-က်စီးခဲ့ကြောင်းလည်း သိရသည်။
ထိုနောက် အစိုးရကထောက်ပံ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အဖြစ် စစ်ကိုင်းတိုင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးများကို ခြောက်လစာ တစုတစည်းတည်းပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ သက်ကြီးပုဂ္ဂိုလ် ၃,၃၁၃ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးကျပ် ၁၉၀ ဒသမ ၇၄ သန်း၊ စေတနာ့ဝန်ထမ်းအဖွဲအစည်းများဖြစ်သော လူငယ်ဖွံဖြိုးရေးပရဟိတဂေဟာ ၁၁ ခု၊ အမျိုးသမီးဂေဟာနှစ်ခုနှင့် ဘိုးဘွားရိပ်သာရှစ်ခု စုစုပေါင်းဂေဟာ၊ ရိပ်သာ ၂၂ ခု၊ စေတနာမူလတန်းကြိုကျောင်းတစ်ကျောင်းနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၄၀ အတွက် ထောက်ပံ့ကြေးငွေကျပ် ၁၄၈ ဒသမ ၃၅၇ သန်းနှင့် နေရပ်စွန့်ခွာပြည်သူ ၁၀၈၉၁၆ ဦးအတွက် ထောက်ပံ့ငွေကျပ် ၆၅၃၄ ဒသမ ၉၆၀ သန်းကို စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ရပ်ရွာအတွင်း လူမှုရေးလိုအပ်ချက်များအပေါ်မူတည်ပြီး စေတနာကိုအရင်းခံ၍ တည်ထောင်ဖွင့်လှစ်ဆောင်ရွက်နေကြသော ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၊ လူငယ်ဖွံဖြိုးရေးပရဟိတဂေဟာများ၊ အမျိုးသမီးဂေဟာများ၊ မသန်စွမ်းဂေဟာများနှင့် ဘိုးဘွားရိပ်သာများအတွက် နိုင်ငံတော်အနေဖြင့် ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ဂေဟာရိပ်သာများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းများ၊ စံလုပ်ငန်းလမ်းညွှန်များနှင့်အညီဆောင်ရွက်စေလိုကြောင်းလည်း သိရသည်။
