ငလျင်ဒါဏ်သင့် စစ်ကိုင်းမြို့၊ မြို့ပြနှင့် အိမ်ရာ ဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာအတွင်း နေထိုင်ကြသည့် ဌာနဆိုင်ရာ အသီးသီးမှဝန်ထမ်းများ ယာယီနေထိုင်နိုင်ရန်အတွက် ကွန်တိန်နာလူနေအိမ် အဆောက်အဦ များတည်ဆောက်လျက်ရှိကြောင်း သိရသည်။
တည်ဆောက်ပြီးစီးသည့် ကွန်တိန်နာလူနေအိမ်များအား အမှန်တကယ်လိုအပ်သည့် ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများအား စနစ်တကျခွဲဝေချထားပေးရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မေလ (၂၆)ရက်က တာဝန်ရှိသူများကို မှာကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် မေလ (၂၆) ရက် မွန်းလွဲပိုင်းက င လျင်ဘေးဒဏ်ကြောင့် အဆောက်အဉီများ ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မြို့ပြနှင့်အိမ်ရာဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာအတွင်းနေထိုင်ကြသည့် ဌာနဆိုင်ရာ အသီးသီးမှဝန်ထမ်းများ ယာယီနေထိုင်နိုင်ရန်အတွက် ကွန်တိန်နာလူနေအိမ် အဆောက်အဦများ တည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်လည်း ငလျင် ဘေးဒဏ်ကြောင့် နေအိမ်များထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမများအား ယာယီနေအိမ်အဆောက်အဦများ တည်ဆောက်ပေးထားကြောင်းသိရသည်။