ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် မန္တလေးမြို့ရှိ Go lden City Hotel အဆောက်အအုံအား ရှင်းလင်းရေးလုပ် ငန်းများ လုပ်ဆောင်ရာမှ အမျိုးသမီးရုပ်အလောင်း(၁)လော င်းကို ထုတ်ယူနိုင်ခဲ့ပြီး သေဆုံးသူနှင့်အတူ ပါရှိသည့် ရွှေနှင့် ငွေသားများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ လွှဲပြော င်းပေးအပ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀၊ ရ၀ x ရ၁ လမ်းကြားရှိ Golden City Hotel အဆောက်အအုံအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရှင်း လင်းရေးလုပ်ငန်းများနှင့် ရုပ်အလောင်းထုတ်ယူရေး လုပ် ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ယနေ့ ဧပြီ (၂၇) ရက်၊ နံနက် (၁၀)နာရီ (၅)မိနစ်အချိန်တွင် အမျိုးသမီး(၁)ဦး၏ ရုပ်အ လောင်းအား ထုတ်ယူနိုင်ခဲ့ပြီး သေဆုံးသူနှင့် အတူပါရှိသည့် ရွှေနားဆွဲ(၁)ရံ၊ ရွှေဆွဲကြိုး(၁)ကုံးနှင့် ငွေသား (၂၂၁၃၀၀၀) ကျပ်အား သက်ဆိုင်ရာ တာဝန်ရှိသူများထံ လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။
မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ပဲခူးတိုင်းဒေသကြီးတိုတွင် အဆောက်အဦ ထိခိုက်ပျက်စီး လူထိခိုက် ေ-သဆုံးမှု အများဆုံးကြုံတွေ့ခဲ့ရပြီး လက်ရှိ ငလျင်ဘေးသင့် ဒေသအသီးသီး၌ ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။