မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ဥတ္တသီရိမြို့နယ်၊ ကျောက်အိုးချောင်းပေါ်ရှိ ဥတ္တရသီရိရေလှောင်တမံအား ပြန်လည်ပြုပြင်လျက်ရှိရာ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ ဇူလိုင် ၁၅ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် ဆည်အတွင်းရေဝင်ရောက်ရာလမ်းကြောင်းများ၊ တမံပြန်လည်ပြုပြင်ရန် ဘူမိဗေဒတိုင်းတာခြင်း၊ မြေစမ်းသပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့မှု၊ ရေလှောင်တ မံရေထုတ်ပြွန်မှရေယိုစိမ့်မှုနှင့် မြေသားတမံ၏ ဖို့မြေထိခို-က်ပျ-က်စီးမှုများကို ပြန်လည်ပြုပြင်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုတို့ကို ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများကရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် နစက ဒု-ဥက္ကဋ္ဌမှ ရေလှောင်တမံအတွင်းရှိ ငလျင်ဒဏ်ကြောင့်ထိခို-က်ပျက်စီးခဲ့သည့် ရေလယ်အဆောက်အအုံအား ဖယ်ရှားရှင်းလင်းနေမှု၊ အရန်အရေးပေါ်ရေပိုလွှဲအား ရေတံခါးတပ်ဆင်၍ ရေလွှဲပေါက်တစ်ခုအဖြစ် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ရေလှောင်တမံအား အရန်ရေပိုလွှဲလမ်း ကြောင်းဖော်ထုတ်ခြင်း၊ တမံအတွင်းရေဝင်လမ်းကြောင်းကို ချောင်းမကြီးဆည်ဘက်သို့ ပေ (၁၃၅၀)တူးဖော်ခြင်း၊ ပင်မရေပိုလွှဲတွင် ရေဝပ်နေ ရာကို ကွန်ကရစ်လောင်းခြင်း၊ ယာယီရေတားတမံနှင့် မူလတမံကြားရှိ ရေနှင့်သဲနုန်းများစုပ်ထုတ်ရှင်းလင်းခြင်းနှင့် Tower အတွင်း ရေမဝင်အောင် Ring Bund ပတ်၍လုပ်ငန်းဆောင်ရွက်ခြင်း၊ ကွန်ကရစ် Tower အားဖြိုဖျက်ခြင်းနှင့်သန့်ရှင်းရေးပြု လုပ်ခြင်း၊ ရေတံခါးဖြုတ်ခြင်း၊ ငလျင်ဒဏ်ကြောင့် ပေါက်ပြဲပျက်စီးခဲ့သည့် ရေထုတ်ပြွန်ကိုကွန်ကရစ်ဖြင့် အပြီးပိတ်ခြင်း၊ ရေလုံမြေဖြင့်ဖို့၍ ရေရှည်တမံကြံ့ခိုင်မှုရှိစေရန် တမံအရှေ့ဘက်မှ Banquette ဖို့ခြင်း၊ တမံအောက်ဘက် Downstream ဘက်ခြမ်းထူးပေါက်နှင့် မြေကျွံကျမှုဖြစ်ပေါ်ခဲ့သော နေရာများမှ မြေသားများအား ဖယ်ရှားရှင်းလင်းပြီး တမံဖို့ရန်သတ်မှတ်ထားသည့် မြေအမျိုးအစားဖြင့် သတ်မှတ်ပုံစံအတိုင်း ပြန်လည်ကြိတ်ဖို့ခြင်းတို့ကို အမြန်ဆုံးဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ရေလွှဲမြောင်း Diversion Channel နေရာတွင် ၆ပေ x ၈ ပေအရွယ် ရေတံခါးတစ်ခုကို ကွန်ကရစ်ဖြင့်တည်ဆောက်ခြင်း၊ ကွန်ကရစ်ပိုက်အတွင်း ကွန်ကရစ်လောင်းရန် Conduit ပိုက်အား အပေါက်ဖောက်ခြင်း၊ ပိတ်ဆို့ရမည့်နေရာတပ်ဆင်နိုင်ရန် Socket ပြုလုပ်ခြင်းနှင့် ရေလွှဲကြောင်းအား ရေတံခါးတပ်ဆင်ရန် ဒီဇိုင်းရေးဆွဲခြင်းတို့ကိုလည်း အမြန်ဆုံးဆောင်ရွက်လျက်ရှိသည်။
ဥတ္တရသီရိရေလှောင်တမံသည် ရေဆင်းဧရိယာ ဧ က(၁၅၀၀)၊ တမံအမြင့်ပေ(၆၀)၊ တမံအလျားပေ (၁၁၂၀)ရှိ မြေသားတမံအမျိုးအစားဖြစ်ပြီး ဥတ္တသီရိမြို့နယ်အတွင်းသောက်သုံးရေဖူလုံစွာပေးဝေနိုင်ရန် ၂၀၀၈-၂၀၀၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ရာ သက်တမ်း(၁၇)နှစ်ရှိပြီဖြစ်သည်။
