မန္တလေးငလျင်ဒဏ်သင့်ခဲ့သည့် မန္တလေးတိုင်းရှိ မြို့ နယ်(၇)ခုမှ သံဃာတော်များနှင့် သီလရှင်များအား မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း မြန်မာပြည်ဖွားတရုတ်မျိုးနွယ်စုနှင့် အလှူရှင်များမှ ကျပ်သိန်း(၆၀၀၀)ကျော်တန်ဖိုးရှိ ဆွမ်းနှင့်ဆက်စပ်သည်များကို ဇွန် ၂၉ ရက်နံနက်ပိုင်းကလှူဒါန်းခဲ့သည်။
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ မာန်အောင်ရတနာစေတီတော်၊ ဝါခင်းကုန်းဘုရားရှိ သိန်းသန်းရတနာသာသနာ့ဗိမာန်တော်ကြီးတွင်ကျင်းပသည့် ဆက်ကပ်လှူဒါန်းပွဲသို့ မန္တလေး တိုင်း သံဃနာယကအဖွဲ့အကျိုးတော်ဆောင် ဆရာတော်အမှူးပြုသည့် ဆရာတော်၊ သီလရှင်များကြွရောက်ခဲ့ကြသည်။
ထို့အတူ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ၊ မန္တလေးမြို့အခြေစိုက် တရုတ်နိုင် ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် H.E. Ms. Gao Ping ၊ မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရား ကျောင်းဥက္ကဋ္ဌဦးတင်ထွန်းနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ငလျင်ဒဏ်သင့်သံဃာတော် (၁၀၆၀၀)ပါးနှင့် သီလရှင်(၅၀၀)ပါး(စုစုပေါင်း ၁၁၁၀၀ ပါး)အား မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း၊ မြန်မာပြည်ဖွားတရုတ်မျိုးနွယ်စုနှင့်အလှူ ရှင်များက တစ်ပါးလျှင် ဆွမ်းဆန်စိမ်း(၆)ပြည်၊ ကုလားပဲ (၁)ပိသာနှင့် ဆီ(၅၀)ကျပ်သားတစ်ဘူးစီကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့ပြင် မာန်အောင်ရတနာစေတီတော် ဝါခင်းကုန်းဘုရား ဘက်စုံပြုပြင်မွမ်းမံနိုင်ရန် မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းနှင့်အလှူရှင်များစုပေါင်း၍ ဝတ္ထုငွေကျပ်(၂၅)သိန်း၊ ဦးဝင်းမောင်+ဒေါ်ဝါဝါ မိသားစုက ဝတ္တုငွေကျပ်(၂၅)သိန်းနှင့် ဂေါပကအဖွဲ့ဥက္ကဋ္ဌက ဝတ္တုငွေကျပ်(၁၀)သိန်းတို့ကိုလည်း ပေးအပ်လှူဒါန်းခဲ့ကြသည်။