နေပြည်တော် ကောင်စီနယ်မြေနှင့် စစ်ကိုင်း၊ မန္တလေးရှိ ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိနှင့် ကုန်မျိုးစုံများကို စီးပွားကူးသန်းဝန်ကြီးဌာနနှင့် UMFCCI ၏ အစီအစဉ်ဖြင့် ဈေးကားများဖြင့် ရောင်းချပေးလျက်ရှိသည်။
မတ် (၃၀) ရက်မှ ဧပြီ (၂၁) ရက်အထိ ရေဆင်းစိုက် ပျိုးရေးတက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံ ဌာနဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း၊ ဥတ္တရသီရိ ဆေးရုံဝန်ထမ်း အိမ်ရာများ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဗလသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ သုခသိဒ္ဓိ ရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိ ရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ နေပြည်တော်ကောင်စီ ဝန်ထမ်းအိမ်ရာရှိ ဝန်ထမ်းများအား ဆန်ခြောက်ပြည်ဆံ့ (မနောသုခ -Expo rt Quality) (၉,၁၀၆) အိတ်၊ ဆန် ငါးပြည်ဆံ့ (ဖျာပုံပေါ်ဆန်း) (၂,၀၈၃) အိတ်၊ ဆီ ပိဿာ (၂၂,၉၇၀) ၊ ဆား (၂၅) ကျပ်သားပါအိတ် အထုပ် (၅,၆၀၀)၊ ကုလားပဲ (၂၀)ကျပ်သားပါအိတ် (၄,၈၀၄) ထုပ်၊ ငါးပိ (၂၀) ကျပ်သားပါ (၁,၀၆၄) ဘူး၊ ငါးခြောက် (၁၀) ကျပ် သားပါ (၃၄) ထုပ်၊ ကြက်ဥ၊ ဘဲဥများနှင့်၊ ခေါက်ဆွဲခြောက် ထုပ်များကိုလည်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
အလားတူ မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် (၂၄) ပြ ည်ဆံ့ (မနောသုခ) (၄၆၁) အိတ်၊ စားအုန်းဆီ ပိဿာ (၃၇,၄၀၀) ၊ ဆား (၂၅) ကျပ်သားပါ (၆၅) ထုပ်၊ ကုလားပဲ (၂ ၅)ကျပ်သားပါ (၅၅) ထုပ်၊ ငါးပိ (၂၅) ကျပ်သားပါ (၅၂) ဘူး၊ ငါးခြောက် (၁၀) ကျပ်သားပါ အထုပ် (၈၀)၊ ကြက်ဥ (၈,၈၆၈) လုံး၊ ဘဲဥ (၁,၄၈၉) လုံး၊ ခေါက်ဆွဲခြောက် များကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင်လည်း ဈေးကားလေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် (၂၄) ပြည်ဆံ့ (ရွှေဝါထွန်း) အိတ် (၂၆၀) ၊ စားအုန်း ဆီပိဿာ (၃,၇၄၀) ၊ ဆားပိဿာ (၂၀)၊ ကုလားပဲ (၉၇) ဘူး၊ ငါးပိ (၈)ပိဿာ၊ ငါး ခြောက်(၈)ပိဿာ၊ ကြက်သွန်နီ (၄၇၅)ပိဿာ၊ အသားတု (၁၆) ပိဿာ၊ ကြက်ဥ၊ ဘဲဥများနှင့် ပုစွန်ခြောက်များကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး ရေသန့်များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
