မတ် (၂၈) ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် စာသင်ကျောင်းများ ပြိုကျပျက်စီးသွားသည့် ဒေသများတွင် ယာယီစာသင်ကျောင်းများ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
ဇွန်လ (၂) ရက်တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများအားလုံး ပြန်ဖွင့်မည်ဖြစ်ပြီး ငလျင်ဒဏ်ခံကျောင်းများအနေဖြင့် (၂)သုတ်တက်စနစ်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုနည်းတူ ငလျင်ဒဏ်ကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း ဇွန် (၁၆) ရက်မှ (၂၁) ရ က်အထိ ပြန်လည်ကျင်းပသွားမည်လည်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်း လှုပ်ခတ်ခဲ့သည့် အင်အားပြင်ငလျင်ဒဏ်ကြောင့် စာသင်ကျောင်းပေါင်း (၂,၀၀၀) ကျော် ပျ-က်စီးခဲ့ကာ၊ ငလျင်ဘေးသင့်သူလူဦးရေ ၄.၃ သန်းကျော်ရှိနေကြောင်း UNOCHA Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
