ငလျင်ဒဏ်ခံခဲ့ရသည့် ပင်းယခေတ်နံရံပန်းချီရှိသည့် ကျိုက်လတ်ချောင် စေတီနှင့် ညောင်ရမ်းခေတ်နံရံပန်းချီများရှိရာ တိလောကဂုရု လှိုဏ်ဂူတော်တို့ကို ပြန်လည်ပြုပြင် ထိန်းသိမ်းပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။
ထိုစေတီ နှစ်ဆူကို နှလုံးသားထဲကပုဂံအဖွဲ့က ငလျင်ပျ-က်စီးမှုဓါတ်ပုံမှတ်တမ်း ရိုက်ကူးကောက်ယူစဉ်ကပင် မိုးမကျခင် ပြန်လည် ပြုပြင်ထိန်းသိမ်းခွင့်ပြုပါရန် ရှေးဟောင်းသုတေသနဌာနသို့ ခွင်ပန်ခဲ့ပြီးအလှူငွေပေးအပ်ကာ ရှေးသုအင်ဂျင်နီယာဌာနကပင် ပြုပြုင်ထိန်းသိမ်းပေးခဲ့ခြင်းလည်း ဖြစ်သည်။
ထိုစေတီနှစ်ဆူ ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန် ပါဝင်ခဲ့သူ ကိုမျိုးဆွေသန်း၏ လူမှုကွန်ယက်တွင် မျှဝေထားမှုအရ
“အဲဒီနံရံပန်းချီတွေ ပျ-က်စီးသွားရင်တော့ညောင်ရမ်းခေတ်က ပြနိုင်စရာ အခြားစေတီတွေရှိနေသေးပေမယ့် ပင်းယခေတ်အတွက်တော့ ပြနိုင်စရာ ရှိတော့မှာ မဟုတ်ပါ”ဟု မျှဝေထားသည်။
လက်ရှိတွင် တိလောကဂုရု လှိုဏ်ဂူတော် ပြီးမြောက်အောင်မြင်ပြီဖြစ်ကာ ကျိုက်လတ်ချောင် အတွင်းနံရံပန်းချီများကြံ့ခိုင်ဖို့ရန် ရှေးသု ပုဂံဌာနခွဲနှင့် စစ်ကိုင်းဌာနခွဲတို့မှ ပြုပြင်ထိန်းသိမ်းပြီးစီး၍ စေတီတော်တိုက်မနံရံ ကွဲကြောင်းများ ထိန်းသိမ်းလက်စသတ်နေပြီဖြစ်ကြောင်းဆိုသည်။
ထို့အပြင် ငလျင်ကြောင့် ထိခို-က်ပျ-က်စီးခဲ့ရသည့် ရှေးဟောင်းစေတီ၊ ပုထိုး၊ ဂူဘုရားနှင့် သိမ်ဇရပ်ယဉ်ကျးမှုအမွေအနှစ်အဆောက်အအုံများ ပျ-က်စီးခဲ့ရသည့် အစုစုအဝဝ ၁၆၄၁ ဆူ၌ မိုးမကျမီ ပထမဆုံး ပြုပြင်ထိန်းသိမ်းပြီးသည့် ၂ ဆူဟုလည်း မှတ်ယူသာဓုခေါ်ဆိုနိုင်ကြောင်းလည်း ၄င်းက ပြန်လည်မျှဝေထားသည်။
