မန္တလေးငလျင်ကြီးကြောင့် ပျ-က်စီးမှုများကြီးမား၍ အန္တရာယ်ရှိသဖြင့် ဖြိုဖျ-က်ခဲ့ရသော ဝန်ထမ်းအိမ်ရာများအတွက် (၄)ခန်းတွဲ(၄)ထပ်အဆောက်အအုံ (၂၃၀) အသစ်ပြန်လည်တည်ဆောက်ရန် လျာထားရာတွင် ပထမအဆင့် အဆောက်အအုံ (၅၂) လုံးကို စတင်တည်ဆောက်နေကြောင်း အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးရေးနှင့် ရစ်ခ်တာစကေး (၈) အထိ ငလျင်ဒ-ဏ်ခံနိုင်သော အဆောက်အအုံများအဖြစ် စနစ်တကျတည်ဆောက်လျက်ရှိကြောင်းလည်း သိရသည်။
ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည် တည်ဆောက်ရာတွင် မြေစမ်းသပ်ခြင်းအား စနစ်တကျဆောင်ရွက်ရန်၊ အကွက်ချပုံစံကိုက်ညီမှန်ကန်စေရေး စစ်ဆေးဆောင်ရွက်ရန်၊ အဆောက်အအုံများပြင်းအား ရစ်ခ်တာစကေး (၈)အထိ ငလျင်ဒ-ဏ်ခံနိုင်စေရေး စနစ်တကျတွက်ချက်တည်ဆောက်ရန်လည်း ယမန်နေ့ စက်တင်ဘာ(၂၉)ရက်က အသစ်တည်ဆောက်နေသည့် ဝန်ထမ်းအိမ်ယာတည်ဆောက်မှုများကို သွားရောက်ကြည့်ရူခဲ့သည့် အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြောကြားခဲ့ကြောင်း သိရသည်။
မန္တလေး ငလျင်ကြီးကြောင့် အပြာရောင်အဆင့် ပျ-က်စီးခဲ့သော အဆောက်အအုံ (၆၈၃) လုံး ရှိပြီးပြင်ဆင်ပြီး (၆၅၄) လုံး၊ ပြင်ဆင်ဆဲ (၂၉) လုံး ရှိကြောင်း သိရသည်။
လိမ္မော်ရောင်အဆင့် ပျ-က်စီးခဲ့သော အဆောက်အအုံ (၄၂၆) လုံးရှိပြီး ပြင်ဆင်ပြီး (၁၄) လုံး၊ ပြင်ဆင်ဆဲ (၄၀၅)လုံးနှင့် ဆောင်ရွက်ရန် ကျန်ရှိသည့် အဆောက်အအုံ(၇)လုံး၊ အနီရောင်အဆင့် ပျ-က်စီးခဲ့သော အဆောက်အအုံ (၂၂၈) လုံးရှိပြီး ပြင်ဆင်ဆဲသုံးလုံးနှင့် ပြင်ဆင်ရန် (၂၂၅) လုံးဖြစ်ကြောင်း သိရသည်။
အဆိုပါ လိမ္မော်ရောင်အဆင့်နှင့် အနီရောင်အဆင့် ပျ-က်စီးခဲ့သော အဆောက်အအုံများကို ပျ-က်စီးမှုအမျိုးအစားအလိုက် ပြင်ဆင်ရမည့် နည်းလမ်းများကို မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအသိအမှတ်ပြုလက်မှတ်ရ (Professional Engineering – PE) (RSE) တို့ဖြင့် စနစ်တကျတွက်ချက်စစ်ဆေး၍ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
