မတ် (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် ပျ-က်စီးခဲ့သည့် အင်းဝ၊ ပင်းယဒေသရှိ ရှေးဟောင်းအဆောက်အအုံများအား ပြန်လည်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ဆောင်ရွက်မှုသည် တောင်ပေါ်သာ ဘုရားဝင်းရှိ (ဘုရားအမှ တ်- 310၊ 312) နှစ်ဆူ၊ စန္ဒာမုနိဘုရားကြီး ၊ဒေါ်ဂျမ်းစုဘုရားဝင်း၊ သစ္စာတိုက်ဘုရား၊ ဆုထူးပန်ဘုရား၊ ခဲသင်ဘုရားဝင်း၊ လောကထိပ်ဦးဘုရား၊ ရွှေစည်းခုံဘုရား၊ သက်တော်ရသက်တော်ရှည်အနီး ဘုရားငယ်များ၊ ကျောက်တော်ကြီး ဘုရားသုံးဆူ၊ တောင်တွင်းဘုရား၊ ပင်းယဂူကြီး(၃)လုံး တို့ဖြစ်ကြသည်။
လက်ရှိတွင် အင်းဝဒေသရှိ ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က် စီးခဲ့သော ထိခို-က်ပျ-က်စီးခဲ့သော ရှေးဟောင်းအဆောက်အအုံများအား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ အဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။
ဆောင်ရွက်မှုတွင် Assessment ကောက်ယူခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အမိုးအကာပြုပြင်ခြင်းလုပ်ငန်းနှင့် အရေးပေါ်ပြုပြင်ခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူ ထုတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပရဟိတအဖွဲ့အစည်းဖြစ်သည့် ဆရာတော် ဦးပညာသာရ (YR O) ဦးစီးသော “ရှေးဟောင်းဘုရားများ သန့်ရှင်းရေး အဖွဲ့ (ရန်ကုန်)”က အောက်ဖော်ပြပါဘုရားများအား သန့်ရှင်းရေးလုပ်ငန်းများ၊ အမိုးအကာအုပ်မိုးခြင်း လုပ်ငန်းများကို ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ရာ ဒေသခံပြည်သူများကလည်း တက်ကြွစွာပါဝင်၍ ကူညီဆောင်ရွက် ပေးခဲ့ကြသည်ဟု သိရသည်။