မန္တလေးငလျင်ကြီးကြောင့် ပျ-က်စီးခဲ့ရသည့် ရှေးဟောင်းအဆောက်အအုံများအနက် (၁,၇ဝဝ) ကျော်ကို ပထမဦးစား ပေးအဖြစ် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေး ငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် သာသနိက အဆောက်အအုံများနှင့် ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများ ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ပညာရှင်များနှင့် ဖွဲ့စည်းထားသော နည်းပညာဆိုင်ရာပညာရှင်အဖွဲ့နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပခဲ့သည်။
ပြုပြင်ရမည့် အဆောက်အအုံများပြားသည့်အတွက် ပြုပြင်ရာတွင် ရှေးဟောင်းလက်ရာ တန်ဖိုးကျန်ရှိနေသေးသည့် ရှေးဟောင်းအဆောက်အအုံများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ကြီးကြပ်ပေးပြီး ကျွမ်းကျင်အဖွဲ့များကိုပါ ပူးပေါင်းဆောင်ရွက်စေမည်ဖြစ်ကာ ပြည်သူလူထု ကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းစေတီ၊ ပုထိုး၊ ဂူဘုရားများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတို-က်ဦးစီးဌာနကကြီးကြပ်ပြီး သက်ဆိုင်ရာဂေါပကအဖွဲ့များ၊ လုပ်ငန်းအတွေ့အကြုံရှိသူများကို ခွင့်ပြုဆောင်ရွက်စေမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်က ပြောကြားခဲ့သည်။
အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့သည့်အတွက် ရှေးဟောင်းအဆောက်အအုံ၊ ဘုရား၊ စေတီ၊ ဘုန်းကြီးကျောင်း၊ သိမ်၊ ဇရပ်နှင့် မြို့ရိုး၊ ပြအိုးပြာသာဒ် (၁,၇၈၁) လုံးနှင့် ဘု ရား၊ စေတီ၊ သာသနိကအဆောက်အအုံ (၄,၉၉၈) လုံး စုစု ပေါင်း (၆,၇၇၉) လုံး ထိခို-က်ပျ-က်စီးခဲ့ကြောင်း သိရသည်။
ထိုသို့ ပျ-က်စီးခဲ့သည့် နေပြည်တော် ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်များရှိ ငလျင်ဒဏ်သင့်နေရာများကို နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး နောင်ဖြစ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကိုလည်း ကြိုတင်တွက်ဆပြီး ပြုပြင်ရန်လိုအပ်ကြောင်းကို လမ်းညွှန်မှာကြားခဲ့ကြောင်း ၎င်းကဆက်လ က် ပြောကြားခဲ့သည်။
ရှေးဟောင်းအမွေအနှစ် စေတီ၊ ပုထိုး၊ ဂူဘုရားများကို ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် ပထမဦးစားပေးအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ် တန်ဖိုးနည်းပါးသော (သို့မဟုတ်) ပျက်စီးမှုနည်းပါးသော ရှေးဟောင်းအဆောက်အအုံများ၊ ရွှေဆေးသုတ်ထားသည့် စေတီပုထိုးများကို ပြန်လည်ပြုပြင်လိုသော အလှူရှင်များ၊ ဂေါပကများ၊ အဖွဲ့အစည်းများအနေဖြင့် ဦးစီးဌာနသို့ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့်အညီ ကြိုတင်ခွင့်ပြုချက်တင်ပြပြီး ခွင့်ပြုချက်အတိုင်း အတွေ့အကြုံရှိသော ကန်ထရိုက်များဖြင့် ပြင်ဆင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။