ငလျင်လှုပ်ခတ်မှုကြောင့် ပါကစ္စတန်ရှိ အကျဉ်းထောင်တစ်ခုမှ အကျဉ်းသားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရာတွင် အကျဉ်းသား ၂၀၀ ကျော်ထွက်ပြေးလွတ်မြောက်သွားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကရာချိရှိ အကျဉ်းထောင်မှ လွတ်မြောက်သွားသော အကျဉ်းသားများထဲမှ အချို့ကို အမြန်ပြန်ဖမ်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ပြောကြားခဲ့သော်လည်း အနည်းဆုံး လူ ၁၃၀ ကို ယခုချိန်ထိ ပြန်လည်မဖမ်းနိုင်သေးကြောင်း သိရှိရသည်။ အာဏာပိုင်များက ဆက်လက်၍ စီးနင်းရှာဖွေမှုများ လုပ်ဆောင်နေပြီး လွတ်မြောက်နေသူများကို ဖ-မ်းမိရန် လုပ်ဆောင်နေကြောင်း သိရသည်။
မာလစ် အကျဉ်းထောင်မှ ညဘက်ထွက်ပြေးလာ သောအကျဉ်းသား ၂၁၆ ဦးအနက် ၇၈ ဦးကို ပြန်လည်ဖ-မ်းဆီးရမိခဲ့ကြောင်း အကြီးတန်းရဲအရာရှိ ကာရှစ် အဘဘာစီက AP သတင်းအေဂျင်စီကို ပြောပါတယ်။ ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသားများထဲမှ တစ်ဦးတစ်ယောက်မျှ ပြစ်ဒ-ဏ်ကျခံနေရသော တို-က်ခို-က်ရေးသမားများ မဟုတ်ကြောင်း ၎င်းကအလေးအနက် ပြောကြားခဲ့သည်။
ဒယ်ရာ အစ်စမိုင်လ်ခန်းမြို့ရှိ ထောင်တစ်ခုကို ပါကစ်စတန် တာလီဘန်အဖွဲ့ကတို-က်ခို-က်မှုကြောင့် အကျဉ်းသားရာဂဏန်းနီးပါးကိုလွတ်မြောက်စေခဲ့သဖြင့် နောက်ပိုင်းတွင် လုံခြုံရေး အစီအမံများကို တိုးမြှင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန်အကျဉ်းထောင်များမှ လွတ်မြောက်ခြင်းသည် သာမန်မဟုတ်ကြောင်းသိရသည်။
ထွက်ပြေးလွတ်မြောက်သွားသူတွေကို ပြန်လည်ထိန်းသိမ်းရန်အတွက် ကြိုးပမ်းရန်ပ-စ်ခ-တ်မှုမှာ အကျဉ်းသား ၁ ဦး ေ−သဆုံးပြီး လုံခြုံရေးအရာရှိ ၃ ဦး ဒ−ဏ်ရာရခဲ့ပါသည်။
စင်ဒ်ပြည်နယ်၏ ပြည်ထဲရေးဝန်ကြီး ဇီးယား-အူလ်-ဟက်ဆန် လန်ဂျား ကမြေငလျင်လှုပ်ခတ်မှုအတွင်း အကျဉ်းသားများကို ဘေးကင်းစေရန် ၎င်းတို့၏ အကျဉ်းခန်းများမှ ဖယ်ရှားစဉ် ထောင်ဖေ−ာက် ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။ သူတို့၏ အကျဉ်းခန်းအပြင်ဘက်မှာ အကျဉ်းသားတစ်စုက အစောင့်တွေကို တို−က်ခို−က်ပြီး လက်နက်တွေကို သိမ်းဆည်းပြီး ပ−စ်ခတ်ခဲ့ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
ဒေသတွင်း ရုပ်မြင်သံကြားသတင်းလိုင်းများမှ တို−က်ရို−က်ထုတ်လွှင့်သည့် မှတ်ချက်များတွင် လန်ဂျားက ယခုထောင်ဖေ−ာက်မှုသည် ပါကစ္စတန်တွင် အကြီးမားဆုံးသော ထောင်ဖေ−ာက်မှုတစ်ခုဖြစ်သည်ဟု ရိုက်တာသတင်းက ဖော်ပြသည်။
Ref: အယ်လ်ဂျားဇီယား