ရန်ကုန်၊ စက်တင်ဘာ ၄
ယနေ့ စက်တင်ဘာ ၄ ရက် နံနက် ၆ နာရီ တိုင်းတာချက်များအရ ငမိုးရိပ်နှင့် ရေကူတမံများတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရေစုဆောင်းရရှိမှု အခြေအနေများမှာ ငမိုးရိပ်တမံတွင် ၁၄၀၀ ဧကပေ၊ မဟူရာတမံတွင် ၂၈၅ ဧကပေနှင့် ပေါင်းလင်း တမံတွင် ၁၂၀၇ ဧကပေ အသီးသီး ရှိခဲ့ကြောင်း ငမိုးရိပ်ဆည်၏ အသိပေးချက်အရ သိရသည်။
လက်ရှိ ငမိုးရိပ်တမံတွင် ရေပိုလွှဲမှ ရေ ၂ ဒသမ ၂ ပေ၊ မဟူရာတမံတွင်လည်း ရေပိုလွှဲမှ ရေ ၁ ဒသမ ၄၀ ပေ ကျော်လွန်နေသော်လည်း ပေါင်းလင်းတမံမှာမူ ရေပြည့်မှတ်သို့ ရောက်ရှိရန် ၄ ဒသမ ၈၀ ပေ လိုအပ်နေသေးကြောင်း သိရသည်။
ယမန်နေ့က မိုးရွာသွန်းမှု နည်းပါးခဲ့သဖြင့် တမံများတွင် ရေဝင်ရောက်မှု အ နည်းငယ် လျော့ကျလာကြောင်း၊ ချောင်းများအတွင်း ရေစီးဆင်းမှုမှာ အထက်ပိုင်းမှ ရေများ တဖြည်းဖြည်း လျော့ကျလာနိုင်ကြောင်း သိရသည်။
