Wednesday, January 7, 2026

စားသုံးသူ ကာကွယ်ရေးအတွက် ဈေးကွက်အတွင်း စောင့်ကြည့်မည်...

ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ စစ်ဆေးရေးအရာရှိ ၅၆၆ ဦးကို ခန့်အပ်ထာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ စီးပွားရေးလုပ်ငန်းရှင်များက တင်ပြလာသည့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော...

ရေနံစည်ပေါင်း၅၀သန်းအထိရမည့် အစီအစဉ်ကို ထရမ့်ပ်က ကြွားဝါ

ဇန်နဝါရီလ ၇ ဗင်နီဇွဲလားနိုင်ငံရှိ ပိ-တ်ဆို့အရေးယူခံထားရသော ရေနံစည်ပေါင်း ၃၀ သန်းမှ ၅၀ သန်းအကြားကို အမေရိကသို့ လွှဲပြောင်းပေးအပ်တော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာခဲ့ပါသည်။ "ဒီရေနံတွေကို...

တရုတ် ရှင်ကျန်းတွင် ပြင်းအား ၅.၂...

ပေကျင်း၊ ဇန်နဝါရီ ၇ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်း အူဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကာရှ်ဂါး ဒေသရှိ တာဂျစ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် တက်ရှ်ကော်ဂန်တွင် ပြင်းအား ၅.၂...

PEP နို့ခဲနှင့်ပတ်သက်ပြီး PEP Myanmar...

FDA နှင့် ထပ်မံစစ်ဆေးမှုများလုပ်ဆောင်မည် လူမှုကွန်ရက်မီဒီယာတွင်  စားသုံးသူတစ်ဦးမှ တင်ခဲ့သော PEP နို့ခဲနှင့် ပတ်သက်သည့် Complaint တစ်ခုကို စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် စားသုံးသူမှတင်ထားသည့် ဗီဒီယို၊...
HomeInternationalဂျီ-၂၀ ဖိတ်ကြား၍ စင်ကာပူဝန်ကြီးချုပ်က...

ဂျီ-၂၀ ဖိတ်ကြား၍ စင်ကာပူဝန်ကြီးချုပ်က ထရမ့်ကို ကျေးဇူးတင်စကားဆို

စင်ကာပူ ဇန်နဝါရီ ၃ ရက်

စင်ကာပူနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ၂၀၂၆ ခုနှစ်တွင် ကျရောက်မည့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်အချိန်ဖြစ်၍ ၎င်းတို့၏ မိတ်ဖက်ဆက်ဆံရေးကို ထပ်လောင်းအတည်ပြုကာ နှစ်သစ်ကို စတင်လိုက်ကြောင်းသိရှိရသည်။

စင်ကာပူဝန်ကြီးချုပ် လောရန့်စ် ဝေါင်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် သောကြာနေ့တွင် ဖုန်းဖြင့် ဆက်သွယ်စကားပြောဆိုခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန (အမ်အက်ဖ်အေ) က သတင်းထုတ်ပြန်ခဲ့သည်။

“ဝန်ကြီးချုပ် လောရန့်စ် ဝေါင်းနဲ့ သမ္မတ ထရမ့်ပ်တို့ဟာ ၂၀၂၆ ခုနှစ်မှာ စင်ကာပူနဲ့ အမေရိကန်ပြည်ထောင်စုကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ခြင်း နှစ် ၆၀ ပြည့်မြောက်တဲ့အကြောင်းကို မှတ်တမ်းတင် ပြောကြားခဲ့ကြပါတယ်” ဟု ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

၎င်းတို့နှစ်ဦးအနေဖြင့် ကဏ္ဍပေါင်းစုံတွင် ဖြန့်ကျက်ဆောင်ရွက်လျက်ရှိသော နှစ်ဦးနှစ်ဖက် အကျိုးရှိစေသည့် မိတ်ဖက်ဆက်ဆံရေးကို ရေရှည်ခိုင်မြဲရေးအတွက် ထပ်လောင်းအတည်ပြုခဲ့ကြပြီး၊ လက်ရှိ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုလေးနက်စေရန်နှင့် နယ်ပယ်သစ်များသို့ တိုးချဲ့ သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ကြသည်။

လာမည့်ဒီဇင်ဘာလတွင် ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့၌ ကျင်းပမည့် ဂျီ-၂၀ ထိပ်သီး အစည်းအဝေးသို့ စင်ကာပူနိုင်ငံကို ဖိတ်ကြားခဲ့သည့်အတွက် ဝန်ကြီးချုပ် လောရန့်စ် ဝေါင်းက သမ္မတ ထရမ့်ပ်ကို ကျေးဇူးတင်ရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန က ထည့်သွင်းပြောကြားခဲ့ပါ သည်။

“စင်ကာပူနိုင်ငံအနေနဲ့ အမေရိကန်ရဲ့ ဂျီ-၂၀ လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီဖို့နဲ့ အားလုံးအတွက် အကျိုးစီးပွားရေးတိုးတက်မှုကို ဖော်ဆောင်ပေးဖို့ မျှော်လင့်နေပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ဝန်ကြီးချုပ် လောရန့်စ် ဝေါင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် စင်ကာပူနိုင်ငံသည် အဆိုပါ ထိပ်သီးအစည်းအဝေးတွင် “အပြုသဘောဆောင်သည့် အခန်းကဏ္ဍ” မှ ပါဝင်သွားမည်ဖြစ်ပြီး၊ တိုးတက်မှုနှင့် တည်ငြိမ်မှုအတွက် ဘုံရည်မှန်းချက်များတွင် ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း ရေးသားခဲ့ကြောင်း သိရှိရပါသည်။

Ref: ဆော့ချိုင်းနားမောနင်းပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စားသုံးသူ ကာကွယ်ရေးအတွက် ဈေးကွက်အတွင်း စောင့်ကြည့်မည် စစ်ဆေးရေးအရာရှိ ၅၆၀ ကျော်ခန့်ထား၊၂၀၂၅ ခုနှစ်အတွင်း စားသုံးသူတိုင်ကြားမှု စုစုပေါင်း (၂၈၅) မှု အနက် တိုင်ကြားမှု အများဆုံးမှာ ဆက်သွယ်ရေးဝန်ဆောင်မှု နှင့် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှုများဖြစ်

ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ စစ်ဆေးရေးအရာရှိ ၅၆၆ ဦးကို ခန့်အပ်ထာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ စီးပွားရေးလုပ်ငန်းရှင်များက တင်ပြလာသည့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ကုန်စည်များ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ညွှန်ကြားချက်နှင့် ကိုက်ညီမှုရှိမရှိ၊ စားသုံးသူရေးရာဦးစီးဌာနက စိစစ်ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလထိ စားသုံးသူတိုင်ကြားမှု စုစုပေါင်း (၂၈၅) မှု အနက် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပြီး တိုင်ကြားမှု အများဆုံးမှာ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှုများဖြစ်သည်ကို တွေ့ရှိရကြောင်း သိရသည်။ ဈေးကွက်အတွင်းစောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် စစ်ဆေးရေးအရာရှိ...

ရေနံစည်ပေါင်း၅၀သန်းအထိရမည့် အစီအစဉ်ကို ထရမ့်ပ်က ကြွားဝါ

ဇန်နဝါရီလ ၇ ဗင်နီဇွဲလားနိုင်ငံရှိ ပိ-တ်ဆို့အရေးယူခံထားရသော ရေနံစည်ပေါင်း ၃၀ သန်းမှ ၅၀ သန်းအကြားကို အမေရိကသို့ လွှဲပြောင်းပေးအပ်တော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာခဲ့ပါသည်။ "ဒီရေနံတွေကို ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းမှာပါ။ အဲဒီငွေတွေကို အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအနေနဲ့ ကျွန်ုပ်က ထိန်းချုပ်သွားမှာပါ။ ဒါကို ဗင်နီဇွဲလားပြည်သူတွေနဲ့ အမေရိကန်ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အသုံးပြုသွားမှာပါ" ဟု ထရမ့်ပ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။ ၎င်းသည် အဆိုပါ အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ ဗင်နီဇွဲလားတာဝန်ရှိသူများဘက်ကလည်း ချက်ချင်းတုံ့ပြန်ပြောဆိုခြင်း မရှိသေးကြောင်းသိရသည်။ ဗင်နီဇွဲလား၏ ရေနံလုပ်ငန်းကို...

တရုတ် ရှင်ကျန်းတွင် ပြင်းအား ၅.၂ ရှိ ငလျင်လှုပ်၊ ထိခို-က်​ေ-သဆုံးမှုမရှိ

ပေကျင်း၊ ဇန်နဝါရီ ၇ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်း အူဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကာရှ်ဂါး ဒေသရှိ တာဂျစ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် တက်ရှ်ကော်ဂန်တွင် ပြင်းအား ၅.၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ ယခုအချိန်အထိ ထိခို-က်​ေ-သဆုံးမှုသတင်း ထုတ်ပြန်ခြင်းမရှိသေးကြောင်းသိရသည်။ တရုတ်နိုင်ငံ မြေငလျင်ကွန်ရက်စင်တာ (CENC) ၏ အဆိုအရ နံနက် ၃ နာရီ ၁၇ မိနစ်တွင် ခရိုင်ကို ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ငလျင်ဗဟိုချက်သည် မြောက်လတ္တီကျု ၃၇.၅၈ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၇၄.၉၃ ဒီဂရီတွင် စောင့်ကြည့်ခဲ့သည်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071