ဂျိုးဘိုင်ဒင်နှင့်ရှီကျင့်ဖျင်တို့အကြား virtual တွေ့ဆုံပွဲကျင်းပမည်

ဆွစ်ဇာလန်နိုင်ငံ၊ဇူးရစ်မြို့၌ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆာလ်လဗန် သည် တရုတ်ထိပ်တန်း နိုင်ငံရေးသမားနှင့် သံတမန်တဦးဖြစ်သည့် ယန်ဂျေချီ (တရုတ် နိုင်ငံခြားရေးဝန်ကြီးဟောင်း) နှင့်တွေ့ဆုံရာတွင် နှစ်နိုင်ငံပြိုင်ဆိုင်မှုများတွင် တာဝန်ယူမှု တာဝန်ခံမှုရှိသောယှဉ်ပြိုင်မှုများသာဖြစ်စေရန် ကတိပြုကြရာ၌ထိုင်ဝမ်ကိစ္စလည်းပါဝင်သည်။
အမေရိကန်နှင့်တရုတ်တို့သည်နှစ်ကုန်တွင် virtual ထိပ်သီးဆွေးနွေးပွဲအတွက်မူအားဖြင့်သဘောတူကြသည်
ယန် နှင့်တွေ့ဆုံပြီးနောက် အစည်းဝေးပြုလုပ်ရာ ဇူးရစ် လေဆိပ်ဟိုတယ်ကနေ ဆာလ်လဗန် အောက်တိုဘာ ၆ ရက်နေ့ကပြန်သွား သည်။
