Home Movies ဂျာမန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် ၂၀၂၆ ခုနှစ်အတွင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်း ပံ့ပိုးကူညီထား

ဂျာမန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် ၂၀၂၆ ခုနှစ်အတွင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်း ပံ့ပိုးကူညီထား

0
128

ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ အီနာ ဟွိုက်စ်ဂန် (Dr. Ina Heusgen) သည် ပြီးခဲ့သည့် မေလတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဒေသခံပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို မြေပြင်အထိ ကွင်းဆင်းကြည့်ရှု ခဲ့ကြောင်း သိရသည်။

ယခု ၂၀၂၆ ခုနှစ်အတွင်း၌ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေ (Myanmar Humanitarian Fund) တစ်ခုတည်းကိုပင် ဂျာမနီနိုင်ငံ၏ ထည့်ဝင်ပံ့ပိုးမှုသည် အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ရှိခဲ့ပြီဖြစ်ကာ နောင်တွင်လည်း ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံး က အသိပေးထုတ်ပြန်ထားသည်။

ထို့အပြင် မြေပြင်တွင် မနားမနေ ကြိုးပမ်းအားထုတ်နေကြသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်သားများအားလုံးကိုလည်း အထူးလေးစား ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။

ဂျာမနီနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများမှတဆင့် ဒုက္ခသည်စခန်းများနှင့် ဘုန်းတော်ကြီးကျောင်းများရှိ ပြည်သူများ၏ လူနေမှုဘဝ မြှင့်တင်ရေးအတွက် ပံ့ပိုးကူညီလျက်ရှိသည်။

ဂျာမနီနိုင်ငံ၏ လူသားချင်းစာနာမှု အကူအညီများသည် ရခိုင်ပြည်နယ်တစ်ခုတည်းတင်မကဘဲ နိုင်ငံတဝှမ်းလုံးသို့ ပျံ့နှံ့ပံ့ပိုးပေးနေခြင်းဖြစ်ပြီး လွန်ခဲ့သည့်နှစ်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဒေသများလည်း ပါဝင်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here