Thursday, June 5, 2025

အိမ်နီးခြင်းများနှင့် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားနေသည့်မြန်မာ

မြန်မာသည် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံသားချင်း ဆက်ဆံရေးပိုမိုနားလည်ခိုင်မြဲအောင် လုပ်ဆောင်နေကြချိန်တွင်အိမ်နီးချင်းများကိုလည်း အထူးအလေးထားလာနေသည်။ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းကအိန္ဒိယသံအမတ်ကြီးအားတည်ခင်းသော မိတ်ဆက် ညစာစားပွဲကိုယနေ့ ဇွန်လ ၄ ရက် ၊ညနေ...

Art Hong Kong Expo...

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် မေ ၃၀ ရက်မှ ဇွန် ၂ ရက်အထိ ပြခန်းပေါင်း(၃၀၀)ကျော်ပါဝင်သည့် Art Hong Kong Expo 2025...

မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲများပြန်လည်ဖြေဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ ယာယီရပ်နားထားခဲ့ရသော သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၏ ပထမနေ့အား ယနေ့ ဇွန် ၄ ရက်မွန်းတည့်...

ဒုတိယအကြိမ် Speed Boat အသုံးပြု...

မန္တလေးတိုင်း၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကြီးမှူး၍ ဒုတိယအကြိမ် Speed Boat အသုံးပြု ရေပြင်ကယ်ဆယ်ရေးသင်တန်းကို ဇွန်လ (၁၁)ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကယ်ဆယ်သမား...
HomeInternationalဂျာမနီသည် ပိုလန်တွင် ပက်ထရီးယော့တ်...

ဂျာမနီသည် ပိုလန်တွင် ပက်ထရီးယော့တ် လေကြောင်းရန် ကာကွယ်ရေးတပ်များကို စတင်တပ်ဖြန့်လာ

ဂျာမနီ၊ ဇန်နဝါရီ ၂၄

ဂျာမနီနိုင်ငံသည် ယူကရိန်းနယ်စပ်အနီးရှိ ပိုလန်နိုင်ငံ ဇာမို့ရှ်မြို့တွင် ပစ်မှတ်လွဲ၍ လွင့်စင်ကျလာသော ဒုံးကျည်ရန်များမှ ကာကွယ်နိုင်ရန်အတွက် ပက်ထရီးယော့တ် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖွဲ့ကို ဇန်နဝါရီလ ၂၃ ရက် တနင်္လာနေ့တွင် တပ်ဖြန့် လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ယူကရိန်းက ပစ်ခတ်လိုက်သော ဒုံးကျည်တစ်စင်းသည် ပစ်မှတ်လွဲ၍ ပိုလန်နိုင်ငံ ရှယ်ဗာဒူဒေသရှိ ရွာတစ်ရွာသို့ မတော်တဆ ထိမှန်ခဲ့ရာ လူနှစ်ဦး သေဆုံးခဲ့ရသည်။ ထို့နောက် ပိုလန်နိုင်ငံသားတို့သည် အရေးအခင်းဖြစ်ပွားစဉ် ပစ်လွှတ်နေသော ဒုံးကျည်များ ၎င်းတို့ဘက်ခြမ်းသို့ ထပ်မံကျရောက်လာမည်ကို စိုးရိမ်လာခဲ့ကြသည်။

ထို့ကြောင့် ဘာလင်သည် ပိုလန်၏ လေကြောင်းပိုင်နက်အား လုံခြုံမှုရှိစေရန်အတွက် ၎င်း၏ ပက်ထရီးယော့တ် တပ်ဖွဲ့ သုံးဖွဲ့ကို ပိုလန်သို့ စေလွှတ်ရန် ကမ်းလှမ်းခဲ့သည်။

နေတိုးအဖွဲ့ဝင်ဖြစ်သည့် ပိုလန်အား ပက် ထရီးယော့တ် တပ်ဖွဲ့များ စေလွှတ်၍ ကူညီရခြင်းမှာ ရုရှားနှင့် ယူကရိန်းကြားရှိ ပဋိပက္ခသည် နေတိုးအဖွဲ့နိုင်ငံများ ကို ပါ လျင်မြန်စွာ ထိခိုက်လာသောကြောင့် ဖြစ်ကြောင်း ဂျာမန်ဗိုလ်မှူးကြီး ဂျော့ဂျ် ဆီဘာစ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိမ်နီးခြင်းများနှင့် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားနေသည့်မြန်မာ

မြန်မာသည် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံသားချင်း ဆက်ဆံရေးပိုမိုနားလည်ခိုင်မြဲအောင် လုပ်ဆောင်နေကြချိန်တွင်အိမ်နီးချင်းများကိုလည်း အထူးအလေးထားလာနေသည်။ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းကအိန္ဒိယသံအမတ်ကြီးအားတည်ခင်းသော မိတ်ဆက် ညစာစားပွဲကိုယနေ့ ဇွန်လ ၄ ရက် ၊ညနေ ၆ နာရီက ရန်ကုန်မြို့ Lotte Hotel ရှိ Emerald Roomတွင်ကျင်းပခဲ့သည်။ ထိုပွဲတွင် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏတိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံဓလေ့များအပြန်အလှန်နားလည်ပြီး ကူးလူးဆက်ဆံနိုင်ရေး၊ ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာရေးတို့ လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဘေးထာကိုးလ်တို့က ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်သည် စီးပွါးကူးသန်းဝန်ကြီးဟောင်းတစ်ဦးဖြစ်သလို ကုန်သည်စက်မှု...

Art Hong Kong Expo 2025 တွင် မြန်မာနိုင်ငံထွက် ကျောက်စိမ်း၊ ပုလဲနှင့် ယွန်းထည်ပစ္စည်းများပြသခဲ့

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် မေ ၃၀ ရက်မှ ဇွန် ၂ ရက်အထိ ပြခန်းပေါင်း(၃၀၀)ကျော်ပါဝင်သည့် Art Hong Kong Expo 2025 တွင် မြန်မာနိုင်ငံထွက် ကျောက်စိမ်း၊ ပုလဲနှင့် ယွန်းထည်ပစ္စည်းများကိုပြသခဲ့ကြောင်း သိရသည်။ ပြပွဲတွင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ယွန်းထည်ပစ္စည်းများ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ကူညီမှုဖြင့် "အောင်ဇေ"ပုလဲနှင့် လက်ဝတ်ရတနာကုမ္ပဏီက မြန်မာ့ပုလဲ၊ ကျောက်စိမ်း၊ မုတ်ကောင်ခွံဖြင့်ပြုလုပ်ထားသည့် အနုပညာပစ္စည်းများကို ပါဝင်ပြသခဲ့ကြကြောင်း သိရသည်။ အဆိုပါပြပွဲ၌ တရုတ်ပန်းချီနှင့် ကမ္ပည်းမင်စာများ၊ ကြေးထည်နှင့် မြေထည်လက်ရာများ၊ ရှေးဟောင်းပစ္စည်းများ၊ ရွှေထည်နှင့် ငွေထည်လက်ရာများ၊...

မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲများပြန်လည်ဖြေဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ ယာယီရပ်နားထားခဲ့ရသော သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၏ ပထမနေ့အား ယနေ့ ဇွန် ၄ ရက်မွန်းတည့် ၁၂ နာရီက စတင်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ မြဝတီမြို့၊ ရွှေမြင်းဝန်စေတီတော်အတွင်းရှိ သာသနာ့ဟိတကာရီဗိမာန်တော်စာဖြေဌာန၌ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းတို့တွင် သံဃာတော်(၉၄)ပါး၊ သီလရှင် (၄၈)ပါး(စုစုပေါင်း ၁၄၂ ပါး)ဝင်ရောက်ဖြေဆိုတော်မူခဲ့ကြကြောင်း သိရသည်။ ထို့ပြင် လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့မဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ကျင်းပသည့် အစိုးရပါဠိပထမပြန်စာမေးပွဲတွင်လည်း ပထမကြီးတန်းတွင် သံဃာတော်(၁)ပါး၊ ပထမလတ်တန်းတွင် သံဃာတော် (၄)ပါး၊ ပထမငယ်တန်းတွင် သံဃာတော်(၁၆)ပါး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071