Wednesday, July 22, 2026

ရှေးဟောင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် သတင်းဗီဒီယိုကားများကို ဒီဂျစ်တယ်စနစ်...

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရုံးခွဲများ ဖွင့်လှစ်ထားရှိပြီး ပြည်သူလူထုနှင့် အနီးကပ်ဆုံး ထိတွေ့ဆက်ဆံရသော ဌာနတစ်ခုဖြစ်သည့်အတွက် ပြည်သူများအတွက် အကျိုးရှိစေမည့်...

ဥတ္တရသီရိမြို့နယ်ရှိ ထရန်စဖော်မာ လောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် အစားထိုးလဲလှယ်ရေး...

နေပြည်တော်၊ ဇူလိုင် ၂၁ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၂) တွင် တပ်ဆင်ထားသည့် ၃၃/၁၁ ကေဗွီ၊ ၁၀...

ဘင်္ဂလားဒေ့ရှ်နှင့် အမေရိက ပူးတွဲ စစ်ရေးလေ့ကျင့်မှုစတင်

ဇူလိုင်လ ၂၁ ရက်၊ ဒါကာ ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် အင်ဒို-ပစိဖိတ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာ...

ချောင်းနှစ်ချောင်း ရေမြင့်တက်မှုကြောင့် ဖားကန့်မြို့နယ် ကာမိုင်းမြို့တွင်...

ဖားကန့်၊ ဇူလိုင် ၂၁ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အင်းတော်ချောင်းနှင့် နန့်ကောင်းချောင်းတို့၏ ရေမြင့်တက်လာသဖြင့် ဇူလိုင် ၂၁ ရက်တွင် ကာမိုင်းမြို့၌...
HomeMoviesဂျပန်သမိုင်း၌ကာဂါဝါသည်ပထမဆုံးမီးဖွားခွင့်ယူသောမြို့တော်ဝန်ဖြစ်

ဂျပန်သမိုင်း၌ကာဂါဝါသည်ပထမဆုံးမီးဖွားခွင့်ယူသောမြို့တော်ဝန်ဖြစ်

ဂျပန်နိုင်ငံရှိ မြို့ငယ်လေးတစ်မြို့၏ မြို့တော်ဝန်သည် ဇူလိုင်လ ၂၀ ရက်နေ့တွင် မီးဖွားခွင့်ယူလိုက်ရာ နိုင်ငံတွင် ပထမဆုံး မီးဖွားခွင့်ယူသော တာဝန်ထမ်းဆောင်ဆဲ မြို့တော်ဝင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် ပြည်တွင်း၌ ဝေဖန်မှု အချို့ကြုံခဲ့ရကာ နိုင်ငံတကာ မီဒီယာများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

ဂျပန်အနောက်ပိုင်းရှိ လူဦးရေ ၆၉,၀၀၀ ခန့်နေထိုင်သော ယာဝါတာမြို့၏ မြို့တော်ဝန် ကာဝါတာသည် ၂၀၂၃ ခုနှစ် အသက် ၃၃ နှစ်အရွယ်တွင် ဂျပန်နိုင်ငံ၏ အသက်အငယ်ဆုံး မြို့တော်ဝန်ဖြစ်လာချိန်က သူ့အနေဖြင့် ကလေးယူရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့သည်။

သို့ရာတွင် ယာဝါတာမြို့တော်ဝန်ထမ်းများအတွက် ရက်သတ္တ ၁၆ ပတ် မီးဖွားခွင့်ယူနိုင်သည့် အာမခံချက်ရှိသော်လည်း မြို့တော်ဝန်ကဲ့သို့သော ရာထူးအတွက် လက်ရှိတွင် ထိုကဲ့သို့လုပ်ထုံးလုပ်နည်းမရှိသောကြောင့် သူ့အနေဖြင့် ထိုခွင့်ကို တီထွင် ခဲ့ရကြောင်း ပြောကြားခဲ့သည်။

“ကျွန်မက မီးဖွားခွင့်ယူတဲ့ ပထမဆုံး မြို့တော်ဝန်ဆိုတာ သိလိုက်ရတော့ အရမ်းအံ့သြသွားမိတယ်။ ဒီအချက်အရ ယခုအချိန်အထိ မြို့တော်ဝန်ဖြစ်လာသူတွေထဲမှာ ယေဘုယျအားဖြင့် အမျိုးသမီးငယ်တွေ ဒါမှမဟုတ် အမျိုးသမီးတွေ များများစားစား မရှိဘူးဆိုတာ သဘောပေါက်လိုက်ရတယ်” ဟု ကာဝါတာက ဇူလိုင် ၂၀ ရက်နေ့တွင် ယာဝါတာမြို့တော်ခန်းမ၌ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်တွင် ဆနအဲ တာကာအိချီ သည် ဂျပန်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာခဲ့သော်လည်း နိုင်ငံ၏ ကျား၊မ ကွာဟချက်သည် အထူးသဖြင့် အမျိုးသားများ လွှမ်းမိုးထားသော နိုင်ငံရေးတွင် ကြီးမားလှသည်။

မကြာသေးမီက ကမ္ဘာ့စီးပွားရေးဖိုရမ်က ထုတ်ပြန်ခဲ့သည့် ကျား၊မ ကွာဟချက်အစီရင်ခံစာတွင် ဂျပန်နိုင်ငံသည် နိုင်ငံပေါင်း ၁၄၈ နိုင်ငံတွင် အဆင့် ၁၁၈ ရှိပြီး နိုင်ငံရေးလုပ်ပိုင်ခွင့်ကဏ္ဍတွင် အဆင့် ၁၂၅ ၌ ရှိနေခဲ့သည်။

အထူးသဖြင့် သက်ကြီးရွယ်အိုဦးရေ တိုးပွားနေပြီး ကမ္ဘာပေါ်တွင် မွေးဖွားနှုန်းအနိမ့်ဆုံး နိုင်ငံကို တိုးတက်အောင်ကြိုးစားမည်ဆိုပါက ပြုပြင်ပြောင်းလဲရေးအတွက် အခွင့်အလမ်းများစွာ ရှိနေသေးကြောင်း ကာဝါတာက ပြောသည်။

ဂျပန်အမျိုးသမီးများသည် မီးဖွားခွင့် ၁၄ ပတ်ခန့်ကို တရားဝင်တောင်းဆိုခွင့်ရှိပြီး ၎င်းတို့ လုပ်ခလစာ၏ သုံးပုံနှစ်ပုံခန့်နှင့် မွေးဖွားခြင်းဆုကြေးငွေကို ရရှိကြသကဲ့သို့ အချို့အစိုးရဝန်ထမ်းများသည်မူ ပိုမိုကောင်းမွန်သော ခံစားခွင့်များကို ရရှိကြသည်။

ဒေသခံအများစုက သူ့ကို ထောက်ခံခဲ့ကြပြီး လုပ်ဖော်ကိုင်ဖက်များက သူ့ကို ခွင့်ယူရန် တိုက်တွန်းခဲ့ကြသော်လည်း သူ၏ ခွင့်ယူခြင်းနှင့်ပတ်သက်၍ မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြလာသောအခါ အွန်လိုင်းတွင် ဝေဖန်မှုများထွက်လာ၍ စိတ်ပျက်ခဲ့ရကြောင်း ကာဝါတာက ပြောကြားခဲ့သည်။

သူ မရှိချိန်တွင် နေ့စဉ်လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲရန် လက်ထောက်တစ်ဦး ကို စီစဉ်ပေးခဲ့သော်လည်း အရေးကြီးသည့် ဆုံးဖြတ်ချက်များတွင် သူ ဆက်လက်ပါဝင်နေမည်ဖြစ်သည်။

ရိုက်တာသတင်းဌာနက အင်တာဗျူးခဲ့သော ယာဝါတာ ဒေသခံအများစုသည် ကာဝါတာ၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။ သို့သော် ဒေသခံအိမ်ရှင်မတစ်ဦးဖြစ်သူ ချီယီ ဖူဂျီတာ အပါအဝင် အချို့ကမူ မြို့တော်ဝန်သည် ခွင့်ယူကာလတွင် သူ၏ လစာအပြည့်အဝခံစားရခြင်းကို ကန့်ကွက်ခဲ့ကြသည်။

“ကျွန်မက အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကိုယ်တိုင်လည်း ကလေးမွေးဖူးတဲ့အတွက် အမျိုးသမီးတစ်ယောက်ရဲ့ အခွင့်အရေးနဲ့ ကလေးမွေးတဲ့အခါ အားလပ်ရက်ယူသင့်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါပေမဲ့ သူရဲ့ လစာနဲ့ ပတ်သက်လို့တော့ သူ့အားလပ်ရက်မှာ လစာရာနှုန်းပြည့်ရတာကိုတော့ ကျွန်မ လုံး၀ သဘောမတူပါဘူး” ဟု ဖူဂျီတာက ပြောကြားခဲ့သည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှေးဟောင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် သတင်းဗီဒီယိုကားများကို ဒီဂျစ်တယ်စနစ် ဖြင့် စနစ်တကျ ထိန်းသိမ်းထားရှိ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရုံးခွဲများ ဖွင့်လှစ်ထားရှိပြီး ပြည်သူလူထုနှင့် အနီးကပ်ဆုံး ထိတွေ့ဆက်ဆံရသော ဌာနတစ်ခုဖြစ်သည့်အတွက် ပြည်သူများအတွက် အကျိုးရှိစေမည့် ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး လုပ်ငန်းများကို စနစ်တကျ ပိုမိုတိုးမြှင့် ဆောင်ရွက်စေလိုကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက ပြောကြားခဲ့သည်။ ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအောက်ရှိ ဖလင်ပိဋကတ်တိုက်နှင့် လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ထိုသို့ လမ်းညွှန်မှာကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက လူထုအခြေပြု ဗဟိုဌာနများကို...

ဥတ္တရသီရိမြို့နယ်ရှိ ထရန်စဖော်မာ လောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် အစားထိုးလဲလှယ်ရေး ဆောင်ရွက်နေ

နေပြည်တော်၊ ဇူလိုင် ၂၁ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၂) တွင် တပ်ဆင်ထားသည့် ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာအမှတ် (၁) သည် ဇူလိုင် ၂၁ ရက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်က လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ၁၀ အမ်ဗွီအေ ထရန်စဖော်မာ ဖြင့် အစားထိုးလဲလှယ်နိုင်ရန် တန် ၇၀ ကရိန်းယာဉ်နှင့် အခြားယန္တရားများကို အသုံးပြု၍...

ဘင်္ဂလားဒေ့ရှ်နှင့် အမေရိက ပူးတွဲ စစ်ရေးလေ့ကျင့်မှုစတင်

ဇူလိုင်လ ၂၁ ရက်၊ ဒါကာ ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် အင်ဒို-ပစိဖိတ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာ အားကောင်းလာစေရန်အတွက် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို စတင်လိုက်ပြီဖြစ်သည်။ဘင်္ဂလားဒေ့ရှ် တပ်မတော်၏ အထူးတပ်ဖွဲ့တစ်ခုဖြစ်သော ပါရာ ကွန်မန်ဒို တပ်မဟာ ၏ ကြီးကြပ်မှုဖြင့် ၁၃ ရက်ကြာ ပြုလုပ်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လ ၁၉ ရက်တွင် စတင်ခဲ့ပြီး ဇူလိုင်လ ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် တပ်မတော်၏ ပြန်ကြားရေးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071