ဂျပန်ပင်လယ်ကမ်းရိုးတန်းတလျှောက် ဆီးနှင်းများထူထပ်စွာကျဆင်း
ဂျပန်ကမ်းရိုးတန်းတလျှောက် ဆီးနှင်းတွေဆက်လက်ကျဆင်းနေတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုများနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက် မှုများ ဖြစ်နိုင်ကြောင်း ဂျပန်မိုးလေဝသတာဝန် ရှိသူများက သတိပေးထားပါတယ်။
ပြင်းထန်တဲ့ဆောင်းတွင်းဖိအားပုံစံနဲ့ လေအေးများ ထွက်ပေါ်လာတာကြောင့် စနေနေ့မှာ ဆီး နှင်းကျဆင်းမှု ပိုမိုပြင်းထန်လာကြောင်း မိုးလေ
ဝသအေဂျင်စီက ပြောခဲ့ပါတယ်။
နှင်းတွေဟာ ဆက်လက်ထူထပ်နေပြီး စနေနေ့ နံနက် ၁၁နာရီထိ Minakami မြို့၊ Gunma မှာ ၅၅စင်တီမီတာ၊Shinano မြို့၊Nagano မှာ ၅၅စင်တီမီတာ၊ Hokkaido က မြို့တော်Sapporo မှာ ၅၂ စင်တီမီတာထိ ဆီးနှင်းတွေ စုပုံနေပါတယ်။
ဆီးနှင်းကျဆင်းမှုဟာ မွန်းလွဲပိုင်းမှာ အများဆုံးဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
သို့သော်လည်း ပင်လယ်ကမ်းခြေက ဒေသတွေအတွက် တနင်္ဂနွေနေ့ထိ ဆီးနှင်းများ အုံ့ဆိုင်းနေမယ်လို့ ခန့်မှန်းထားပါတယ်။
ဂျပန်နိုင်ငံမြောက်ပိုင်းမှာ လေပြင်းတွေဆက်လက်တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပြီး နှင်းတွေထူထပ်မှုလည်းဖြစ်နိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။
ဆီးနှင်းတွေထူထပ်စွာကျဆင်းမှုကြောင့် စနေနေ့နံနက် ၄နာရီထိ ပြည်တွင်းလေကြောင်းခရီးစဉ် ၁၄ခု ဖျက်သိမ်းခဲ့ရပါတယ်။
Source- NHK
Zaw gyi
Source- NHK