နာဂါနို၊ဇန်နဝါရီ ၃၁
ဂျပန်နိုင်ငံအလယ်ပိုင်း နာဂါနိုစီရင်စု၌ ပြီးခဲ့သည့်အပတ်အကုန်က နှင်းထုပြိုကျမှုကြောင့် နှင်းလျှောစီးရင်းပျောက်ဆုံးသွားခဲ့သော အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က တနင်္လာနေ့ကအတည်ပြုပြောကြားခဲ့သည်။
သေဆုံးသူများသည် မည်သူမည်ဝါဖြစ်သည်ကို ဂျပန်ရဲများကအတည်ပြုခြင်းမရှိသေးပေ။
သို့သော်ကလီဖိုးနီးယားပြည်နယ် Lake Tahoe အခြေစိုက် ပရော်ဖက်ရှင်နယ် အလွတ်စတိုင်စကိတ်သမား အသက် ၃၁ နှစ်အရွယ် Kyle Smaine သည် မတော်တဆမှုတွင်းသေဆုံးခဲ့သည့် သူတစ်ဦးဖြစ်ကြောင်း ၎င်း၏မိသားစုကိုကိုးကား၍ NBC သတင်းဌာနကဖော်ပြခဲ့သည်။
Smaine သည် ၂၀၁၅ ခုနှစ် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင်လည်း halfpipe ဆုကိုဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။
နှင်းလျှောစီးသူများသည် စုစုပေါင်းတောင်ပေါ်သို့ ၁၃ ဦးတက်သွားခြင်းဖြစ်ပြီး ကျန် ၁၁ ဦးမှာ ဘေးကင်းကင်းဖြင့်ပြန်ဆင်းလာနိုင်ပြီး နှစ်ဦးသေဆုံးသွားခြင်းဖြစ်သည်။ပြန်ဆင်းလာသူများအနက် တစ်ဦးမှာလက်ကျိုးသွားသည်ဟုလည်းသိရှိရသည်။
နာဂါနိုဒေသ၌ နှင်းထုပြိုကျနိုင်မှု အခြေအနေနှင့်ပတ်သက်၍ သတိပေးချက်လည်းထုတ်ပြန်ထားဆဲဖြစ်သည်။
Source : Nikkei Asia