Looking for something?

Explore the website

Looking for something?

Friday, June 13, 2025

မြန်မာ-ဂျပန်ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး ဆွေးနွေး

မြန်မာ-ဂျပန်ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးနှင့်ပတ်သက်၍ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးစိုးဟန်နှင့် International Friendship Exchange Council (FEC)၏ President ဖြစ်သူ Mr. Ken Matsuzawa...

ရန်ကုန်လေဆိပ်(ကုန်လှောင်ရုံ)၌ စိန်ဟုယူဆရသော ရောင်စုံကျောက်ပွင့်(၁၇)မျိုးဖမ်းမိ

တရားမဝင်ကုန်သွယ်မှုတို-က်ဖျ-က်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇွန်...

ထောက်ကြန့်၊ မင်္ဂလာဒုံနှင့် အင်းစိန်တို့၌ မနက်ဖြန်...

ထောက်ကြန့်မြို့၊ မင်္ဂလာဒုံမြို့နယ်နှင့် အင်းစိန်မြို့ နယ်တို့တွင် မနက်ဖြန် ဇွန် ၁၄ ရက်၌ လျှပ်စစ်မီးယာယီပြတ်တောက်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ထံမှ သိရသည်။ YESC မှ 230kV...

SME နှစ်ဆင့်ချေးငွေမှ ထုတ်ချေးထားသည့် ချေးငွေများ...

တောင်သူများအတွက် လိုအပ်သည့် ချေးငွေများကို SME နှစ်ဆင့် ချေးငွေမှ ထုတ်ချေးလျက်ရှိရာ ချေးငွေများ သတ်မှတ်ချိန်အတွင်း ပြန်လည်ပေးဆပ်နိုင်ရေး စနစ်တကျ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ရန်...
HomeInternationalဂျပန်နိုင်ငံရှိ ကမ်းခြေတစ်ခုတွင် လျှို့ဝှက်ဆန်းကြယ်ပြီး...

ဂျပန်နိုင်ငံရှိ ကမ်းခြေတစ်ခုတွင် လျှို့ဝှက်ဆန်းကြယ်ပြီး ကြီးမားသော သတ္တုဘောလုံးတစ်လုံး ရှာဖွေတွေ့ရှိသဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ

ဂျပန်နိုင်ငံ၊ Hamamatsu မြို့ရှိ ကမ်းခြေတစ်ခုတွင် အချင်း ၅ ပေနီးပါးရှိသော ထူးဆန်းသည့် သတ္တုဘောလုံးတစ်လုံးကို ယခုသီတင်းပတ်အတွင်း တွေ့ရှိခဲ့သည်။ အဆိုပါ ဧရာမဘောလုံးသည် ဗုံးမဟုတ်ကြောင်း သေချာစေရန် တာဝန်ရှိသူများက မွှေနှောက်ရှာဖွေခဲ့ကြောင်း ရဲတပ်ဖွဲ့ကစစ်ဆေးနေသည့် ဗီဒီယိုကို ဂျပန်ရုပ်သံ NHK မှ ထုတ်ပြန်ခဲ့သည်။

ဘောလုံးသည် ဗုံးမဟုတ်ကြောင်း တာဝန်ရှိသူများက ပြောကြားသော်လည်း ၎င်း၏ မူလအစကို မသိရသေးပေ။ အခေါင်းပွဖစ်ပြီး သဲရောင်ရှိသော ထူးဆန်းသည့် သတ္တုဘောလုံးသည် ဒေသခံများနှင့် ဆိုရှယ်မီဒီယာအသုံးပြုသူများကို အံ့သြသွားစေခဲ့သည်။

အဆိုပါ သတ္တုဘောလုံးကို ဒေသခံတစ်ဦးမှ ပထမဆုံးတွေ့ရှိခဲ့ကြောင်း NHK ကဆိုသည်။ ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါ အရာဝတ္တုအား ဓာတ်မှန်ရိုက်ပြီး စစ်ဆေးစဉ် ကမ်းခြေကို ခေတ္တပိတ်ထားခဲ့သည်။ ယင်း သတ္တုဘောလုံးအား မကြာမီတွင်ပင် ကမ်းခြေမှ ဖယ်ရှားတော့မည်ဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များကဆိုသည်။

ဒေသခံတစ်ဦးမှ NHK သို့ ပြောကြားရာတွင် “ကျွန်တော် နေရာရွေ့အောင် ကြိုးစားပေမယ့် အဲဒီဘောလုံးက လှုပ်တောင် မလှုပ်ပါဘူး။”ဟု ဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ဂျပန်ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး ဆွေးနွေး

မြန်မာ-ဂျပန်ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးနှင့်ပတ်သက်၍ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးစိုးဟန်နှင့် International Friendship Exchange Council (FEC)၏ President ဖြစ်သူ Mr. Ken Matsuzawa တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ဇွန် ၁၂ ရက်နံနက်ပိုင်းက မြန်မာသံရုံး၊ တိုကျိုမြို့၌တွေ့ဆုံ၍ မြန်မာ-ဂျပန် နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်လေဆိပ်(ကုန်လှောင်ရုံ)၌ စိန်ဟုယူဆရသော ရောင်စုံကျောက်ပွင့်(၁၇)မျိုးဖမ်းမိ

တရားမဝင်ကုန်သွယ်မှုတို-က်ဖျ-က်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၀ ရက်က ရန်ကုန်လေဆိပ်ရှိ လေဆိပ်(ကုန်လှောင်ရုံ)အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထားပြသနိုင်ခြင်းမရှိသည့် ငွေကျပ်(၅,၀၀၀,၀၀၀)ခန့်တန်ဖိုးရှိ စိန်ဟုယူဆရသော Moissanite စာတမ်းပါ ရောင်စုံကျောက်ပွင့်(၁၇)မျိုးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်တိုင်းတရားမဝင်ကုန်သွယ်မှုတို-က်ဖျ-က်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့်ပူးပေါင်းအဖွဲ့ဝင်များက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီး၊ သံလမ်းအနီး၌ သာမညဘက်မှ ရန်ကုန်မြို့ဘက်သို့မောင်းနှင်လာသည့် ကား(၃) စီးကို တားဆီးစစ်ဆေးခဲ့ကြကြောင်း သိရသည်။ ထိုသို့ စစ်ဆေးရာ ကား(၃)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့်...

ထောက်ကြန့်၊ မင်္ဂလာဒုံနှင့် အင်းစိန်တို့၌ မနက်ဖြန် ယာယီမီးပြ-တ်မည်

ထောက်ကြန့်မြို့၊ မင်္ဂလာဒုံမြို့နယ်နှင့် အင်းစိန်မြို့ နယ်တို့တွင် မနက်ဖြန် ဇွန် ၁၄ ရက်၌ လျှပ်စစ်မီးယာယီပြတ်တောက်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ထံမှ သိရသည်။ YESC မှ 230kV အရှေ့ဒဂုံ-လှော်ကားဓာတ်အားလိုင်း ACSR ကြိုးဆွဲခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ တိုင်အမှတ် ၈၅ မှ ၈၇ ကြား၊ ACSR ကြိုးဆွဲခြင်း၊ Rough Sagging ပြုလုပ်ခြင်း၊ Final Sagging ပြုလုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် 33kV လှော်ကား - ပုလဲ (၁၊၂) ဓာတ်အားလိုင်းအားဖြ-တ်ကျော်၍ မနက်ဖြန် ဇွန် ၁၄ ရက်နံနက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071