Thursday, August 13, 2026

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်...

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင်...

အမေရိကနှင့် စစ်ဘက်ဆက်ဆံရေးကို ကုန်သွယ်ရေးဆွေးနွေးမှုတွင် အားသာချက်အဖြစ်...

အမေရိကနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် စစ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားသာချက်အဖြစ် အသုံးချရန် စီစဉ်ထားသည်ဟူသော သတင်းများကို ထိုင်းအစိုးရက ငြင်းဆိုလိုက်ပြီး ဆွေးနွေးပွဲများသည် နိုင်ငံ၏ စီးပွားရေးအကျိုးစီးပွား၊...
HomeInternationalဂျပန်တောင်ပိုင်း ငလျင်ကြောင့် ‌ေ-သဆုံးသူ...

ဂျပန်တောင်ပိုင်း ငလျင်ကြောင့် ‌ေ-သဆုံးသူ ၁၃ ဦးအထိ မြင့်တက်၊ ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်

တိုကျို၊ ဇူလိုင် ၂၉

ဂျပန်နိုင်ငံတောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အား ၇ ဒသမ ၁ ရှိ ငလျင်ကြောင့် ‌ေ-သဆုံးသူ ၁၃ ဦးအထိ မြင့်တက်လာပြီး ထောင်နှင့်ချီသော နေအိမ်များတွင် လျှပ်စစ်ဓာတ်အား ပြ-တ်တေ-ာက်ခြင်း၊ လမ်းများ ကွဲအက်ပျ-က်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့များက ပျေ-ာက်ဆုံးနေသူများကို အရှိန်မြှင့် ရှာဖွေလျက်ရှိကြောင်း သိရသည်။

ငလျင်လှုပ်ခတ်ပြီးနောက် ကူမာမိုတိုမြို့အနီး တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့သည့် ဈေးဝယ်စင်တာအတွင်းမှ လူရှစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သော်လည်း အလုပ်သမား ၂၀ မှ ၃၀ ဦးခန့် ပျေ-ာက်ဆုံးနေဆဲဖြစ်ကြောင်း NHK သတင်းဌာနက ဖော်ပြသည်။

ဝန်ကြီးချုပ် ဆနားအဲ တာကာအိချိက “ကယ်ဆယ်ရေးကို စောင့်ဆိုင်းနေသူများ ရှိနေဆဲဖြစ်သဖြင့် အချိန်လုဆောင်ရွက်နေရသည်။ မြေပြင်ရှိ အရင်းအမြစ်အားလုံးကို အသုံးချ၍ လူများနိုင်သမျှများများကို ဘေးကင်းစွာ ကယ်တင်နိုင်ရေး ဆောင်ရွက်သွားမည်” ဟု ပြောကြားခဲ့သည်။

ပြိုကျသည့် ဈေးဝယ်စင်တာတွင် ဓာတ်ငွေ့ပေ-ါက်ကွဲမှု ဖြစ်ပွားခဲ့နိုင်ခြေရှိ၊ မရှိကို အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိပြီး ကယ်ဆယ်ရေးသမားများက အဆောက်အအုံအတွင်း ဓာတ်ငွေ့အနံ့ ရရှိခဲ့ကြောင်း ဂျပန်အစိုးရ၏ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူ မီနိုရူ ကီဟာရာက ပြောကြားသည်။

အရေးပေါ် မီးသတ်နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့နှင့် တပ်မတော်အင်အားများက အပျ-က်အစီးနေရာများတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီရန် တပ်မတော်သား ၄,၅၀၀ ကျော်ကို ဖြန့်ကျက်ချထားကြောင်း သိရသည်။

ထို့ပြင် နီပွန်စက္ကူစက်ရုံ၌ မီးခိုးခေါင်းတိုင် ပြိုကျမှုကြောင့် လူခုနစ်ဦး ပျေ-ာက်ဆုံးနေပြီး လေးဦး ပြင်းထန်စွာ ဒ-ဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ထုတ်ပြန်ထားသည်။ ဆေးရုံများတွင်လည်း ဒ-ဏ်ရာရရှိသူ အများအပြားကို ကုသပေးလျက်ရှိသည်။

အာဏာပိုင်များသည် လူပေါင်း ၂၆၀,၀၀၀ ခန့်ကို ကယ်ဆယ်ရေးစင်တာများသို့ ရွှေ့ပြောင်းရန် ညွှန်ကြားထားပြီး ငလျင်လှုပ်ခတ်မှုအပြီး အရေးပေါ်ဖုန်းခေါ်ဆိုမှု ၃၈၆ ခုကို လက်ခံရရှိခဲ့ကြောင်း သိရသည်။ ငလျင်၏ ဗဟိုချက်မှာ လူဦးရေ ခုနစ်သိန်းခန့်ရှိသည့် ကူမာမိုတိုမြို့၏ တောင်ဘက် ၁၂ မိုင်ခန့်တွင် တည်ရှိခဲ့သည်။

အာဏာပိုင်များက ငလျင်ဒ-ဏ် အပြင်းထန်ဆုံးခံခဲ့ရသည့် ဒေသများတွင် လာမည့်တစ်ပတ်ခန့်အတွင်း နောက်ဆက်တွဲငလျင်များနှင့် မြေပြိုမှုအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် အထူးသတိပြုကြရန် သတိပေးထားသည်။

Ref: Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅ ရက် ဆိုပြီးလုပ်တာ။ ကျောက်တံတားမြို့နယ်ထဲက ဆိုင်တွေ မဟုတ်ဘူး။ လမ်းဘေးမှာရောင်းချနေတဲ့ ဆိုင်တွေ။ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နေတော့ ကူးစက်မှု မရှိအောင်လို့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ပေါ့" ဟု ဦးသိန်းနိုင်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၂ ရက်နေ့အထိ ၄ ရက်တာကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံလာရောက်ပြသသူ...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား စုဝေးကြည့်ရှုခဲ့ကြသည်။     လသည် ကမ္ဘာနှင့် နေအကြား ရောက်ရှိသွားချိန်တွင် နေ၏ မြင်ကွင်းကို ပိတ်ဆို့သွားသောအခါ နေကြတ်ခြင်းဖြစ်ပေါ်သည်။ ဗုဒ္ဓဟူးနေ့တွင် လူပေါင်း တစ်ဘီလျံခန့်သည် ကောင်းကင်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း မှောင်မိုက်သွားသည့် ရှားပါးဖြစ်စဉ်တစ်ခုကို ကြုံတွေ့ခံစားခဲ့ရသည်။      စပိန်၊ ပေါ်တူဂီ၏ ဒေသအချို့၊ ဂရင်းလန်း၊ အိုက်စလန်နှင့် ရုရှားမြောက်ပိုင်းတို့သည် ၁၉၉၉ ခုနှစ်နောက်ပိုင်း ဥရောပတိုက်တွင် ပထမဆုံးအကြိမ်...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။         အီရန်နှင့် တင်းမာမှုများမြင့်တက်နေချိန်တွင် နေတိုးထိပ်သီးအစည်းအဝေးအတွက် ထရမ့်ပ်၏ အန်ကာရာခရီးစဉ် နောက်ဆုံးနေ့တွင် ယင်းခြိမ်းခြောက်မှု အန္တရာယ်ပေါ်ပေါက်ခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ခြိမ်းခြောက်မှုသည် ယုံကြည်လောက်ဖွယ်ရှိကာ နီးကပ်လာပြီဟု လျှို့ဝှက်ထောက်လှမ်းရေးက ယူဆသဖြင့် အမေရိကန်သမ္မတ၏ လှုပ်ရှားမှုများကို ဖုံးကွယ်ရန် အထူးစစ်ဆင်ရေးတစ်ခုကိုလုပ် ဖြ‌ေဆာင်ခဲ့သည်။     ထောက်လှမ်းရေးသတင်းသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို သတင်းရင်းမြစ်က ပြောကြားရန် ငြင်းဆိုခဲ့သော်လည်း အရာရှိများအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071