Monday, June 23, 2025

နေပြည်တော်အနီး ဗဟိုပြု၍ အင်အား (၃.၁)...

ယနေ့ ဇွန်လ (၂၃) ရက် နေ့လယ်ပိုင်းက နေပြည်တော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး (၃.၁) အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု...

ငလျင်ဒဏ်ထိ ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန်...

အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန် အလှူ ရှင်များဖိတ်ခေါ်ထားသည်။ မတ် (၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး၊...

အမေရိကကိုလက်တုန့်ပြန်မည်–အီရန်သမ္မတ

တေရန်၊ဇွန် ၂၂ အီရန်နျူကလီးယားစက်ရုံများကို အမေရိက,က တို-က်ခို-က်ခဲ့သည့်အတွက် လက်တုန့်ပြန်မည်ဖြစ်ကြောင်း အီရန်သမ္မတ မာဆွတ်ဒ် ပီဇက်ခီယန်က ဇွန်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၎င်းသည် ပြင်သစ်သမ္မတနှင့်...

အမှိုက်အမျိုးအစားများ ခွဲခြားပစ်နိုင်ရန် ရန်ကုန်စည်ပင် နိုးဆော်နေ

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနိုးဆော်တို-က်တွန်းနေသည်။ လက်ရှိတွင် Shopping Mall များနှင့် အဆင့်မြင့်အရောင်းဆိုင်ကြီးများတွင် အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန်...
HomeCelebrities' Newsဂီတသံတွေ မြည်ဟည်း လာမယ့်...

ဂီတသံတွေ မြည်ဟည်း လာမယ့် ကမ်းလက်လှမ်းဆက် ဂီတမျိုးဆက်

Phu-Phu-Thitမြစ်တွေ၊ ချောင်းတွေသာ တိမ်ကောရိုး ရှိတယ်။ မျိုးရိုးကတော့ မတိမ်ကော ဘူးဆိုတဲ့ စကား ရှိပါတယ်။ လူသား တစ်ဦးမှာ ပင်ကိုဗီဇ အပြင် မိဘတွေ ရဲ့ ဗီဇတွေဟာလည်း ပါလာတတ်ပါ တယ်။ တချို့ကလည်း အနုပညာ မိသားစုမှပေါက်ဖွားလာခဲ့ပြီးလူရယ် လို့သိ တတ်စကတည်းက အနုပညာ အပေါ်နီးစပ်စွာ ထိတွေ့ရင်ခုန်ခဲ့ ကြရာက ဗီဇစိတ်ရဲ့ စေ့ဆော်မှုအား ရော၊ အနုပညာ ပါရမီ ဓာတ်ခံအားကို ပေါင်းစပ်ရင်း အနုပညာကြယ်ပွင့် သစ်တွေ အဖြစ် မြင်လာရပါတယ်။ လက်ရှိမြန်မာ့ဂီတ အခင်းအကျင်း မှာလည်း သူ့ခေတ် ကိုယ့်ခေတ် ကိုယ် စီအနုပညာမှတ်တိုင် စိုက်ထူကာ အောင်မြင်မှု ရရှိခဲ့ကြပြီး ဖြစ်တဲ့ ဂီတ အနုပညာရှင် တို့ရဲ့ ရင်သွေးမျိုး ဆက်သစ်တွေဟာ ဂီတလောကကို ပုံသဏ္ဌာန် အသီးသီးနဲ့ဝင်ရောက် လာကြပြီ ဖြစ်ပါတယ်။ ချစ်စမ်း မောင်ရဲ့သမီးဖြစ်တဲ့ ငဲငယ်လေး၊ အငဲသမီး ဖြစ်တဲ့ လမင်းခ၊ အဲလက်စ် သမီးဖြစ်တဲ့ ဒိုရာအဲလက်စ်၊ ဂရေ ဟမ်ရဲ့ သမီးဖြစ်တဲ့ ပန်းရောင်ခြယ်၊ ဖိုးကာရဲ့ သမီးဖြစ်တဲ့ ဖူးဖူးသစ် စသူ တို့အပြင် အခြားမျိုးဆက်သစ်တွေ လည်းများစွာရှိပါတယ်။ အနုပညာ မျိုးရိုးကပဲ ဆင်းသက်လာတာ ကြောင့် အနုပညာအားထုတ် လေ့ လာမှုအရ အားသာချက်တွေ လည်း ရှိနေပြီး ဂီတသမားတွေ ဖြစ် ကြတဲ့ မိဘတွေ ဆီက အမွေတွေရကြ ပါတယ်။ ဒီအကြောင်းကို အဆိုတော် ဖိုးကာရဲ့ သမီးလည်း ဖြစ်၊ Logo ဆိုတဲ့ တစ်ကိုယ်တော် စီးရီးကိုလည်း ထွက်ရှိထားနိုင်တဲ့ ဖူးဖူးသစ် က

“အနုပညာမျိုးရိုးက ဆင်းသက် လာတဲ့အတွက်ကြောင့် အားသာ ချက်တွေတော့ ရှိပါတယ်။ အခု ဆို ညီမရဲ့  Logo ဆိုတဲ့ စီးရီး လေးမှာ ဆိုရင်လည်းဖေဖေက သေသေချာချာ လုပ်ပေးတဲ့ အတွက် အခက်အခဲတွေ အများ ကြီးမရှိခဲ့ဘူး။ အဲဒီလိုအားကိုးရ တဲ့အဖေ တစ်ယောက်လုံးရှိတဲ့ အတွက် အားသာချက် တွေကတော့ အများကြီးပါ။ ညီမနဲ့ဖေဖေကငယ် ငယ်ကတည်းက အကြိုက်တူတာ တွေအများကြီးပါ။ ဖေဖေက သီချင်း တွေဖွင့်ပြီဆို ညီမက နားထောင်ပြီး သားပဲ။ ဖေဖေ့သီချင်းတွေ ဆိုလည်း အကုန်ကြိုက်တယ်။ ညီမကကျောင်း မပြီးသေးဘူး ။ National Management College မှာ တတိယနှစ် (Journalism) တက်နေပါ တယ်။ ညီမက အဆိုဘက်ကို အဓိက လမ်းကြောင်း အနေနဲ့ သွားမှာ ဆိုတော့ ဒီဘက်ကို အဓိက လုပ်သွားမှာပါ။ ပညာရေး ကိုလည်း မလွတ်စေရပါဘူး” လို့ သူမကပြောပါတယ်။

ဒါ့အပြင် တေးရေး၊ တေးဆို တစ်ဦး ဖြစ်တဲ့ အဲလက်စ်ရဲ့သမီး ဖြစ်တဲ့ ဒိုရာအဲလက်စ်ဟာ ဆိုရင် လည်း ကိုယ်တိုင်သီချင်းတွေ ရေး သားနိုင်သူဖြစ်ပြီး လတ်တလော အချိန်မှာ Mini Album တစ်ချပ် ထွက်နိုင်ဖို့ ပြင်ဆင်နေသူလည်း ဖြစ် ပါတယ်။ သူမကတော့ ငယ်စဉ်က တည်းက ဂီတကို ဝါသနာ ပါခဲ့ပေမယ့် မလုပ်ဖြစ်ခဲ့ဘဲ ခုချိန်မှာတော့ ကိုယ့် ခံစားချက်တွေကို ပုံဖော်လို့ရတယ် လို့ ခံစားလာရတဲ့ အတွက်  အနုပ ညာအလုပ်တွေ လုပ်နေပြီ ဖြစ်ပါ တယ်။

“ညီမအနေနဲ့ ဂီတကို ငယ်ငယ် ကတည်းက ဝါသနာပါပါတယ်။ ဒါပေမဲ့ ဝါသနာ တစ်ခုအနေ နဲ့ပဲ။ ငယ်ငယ်တုန်းက ဝါသနာလို့ သတ် မှတ်ခဲ့ပေမယ့် အခုကျတော့ ကိုယ့် ရဲ့အနုပညာ ခံစားချက် တစ်ခု အဖြစ် ကိုယ့်ခံစားချက် ကိုပုံဖော်လို့ ရတယ် လို့ ခံစားလာရ တယ်။ ဒီအနု ပညာလောကထဲ ဝင်ရောက်ဖို့ဆိုရင် ဒီ အလုပ်ကတအား အချိန်ပေးရတဲ့ အလုပ်လို့ထင်တယ်။ အဲဒီအတွက် ကျောင်းပြီးမှပဲလုပ် ဖြစ်မယ် ထင်ပါ တယ်။ ညီမအနေ နဲ့ သီချင်းတွေတော့ ရေးဖြစ်တယ်။ တစ်ခွေစာလောက် တောင်ရှိပါပြီ။ အချိန်ပေးနိုင်တဲ့နေ့  တွေမှာတော့ တစ်ပုဒ်နှစ်ပုဒ်လောက် အသံသွင်းထားတာ ရှိပါတယ်။ Mini Album  ထုတ်ဖြစ်လိမ့်မယ် ထင်ပါ တယ်။သီချင်း အားလုံးက ညီမပဲရေး တာပါ။ အဖေကတော့ ညီမဒီလို အနု ပညာ လုပ်တဲ့ အပေါ် သူမြင်တာလေး တွေပြောပါတယ်။ ဘာမှတော့ ထပ်ပြီး မသင်ပေးချင်ဘူးတဲ့ ။ သူ့  ပုံစံဖြစ်သွားမှာ စိုးပြီး ညီမပုံစံ မထွက်မှာ စိုးလို့တဲ့။ သီချင်းဆိုတဲ့ ဟန်၊သီချင်း ရေးတဲ့ ဟန်တွေ သူ့ပုံစံ အတိုင်း ထွက် လာမှာစိုးလို့ ညီမပုံစံ အတိုင်း ပဲထားတယ်”လို့ အဲလက်စ် ရဲ့သမီးဖြစ်သူ ဒိုရာအဲလက်စ်က ပြော ပါတယ်။

အနုပညာရှင်တို့မှ တစ်ဆင့် မွေးဖွားလာတဲ့ သူတို့ရဲ့မျိုး ဆက်တွေ ဟာလည်း ဒီအနုပညာ အပေါ် မှာပဲ တိမ်းညွှတ်ခြင်းဟာ မြန်မာ့အနုပ ညာလောက အတွက် အားတစ်ခု လည်း ဖြစ်စေလာ မှာတော့ အမှန်ပဲ ဖြစ်ပါတယ်။

ရဲရဲ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071