စိုင်းစိုင်းက နှုတ်ခမ်းနီထုတ်မယ်ဆိုတော့ ရယ်ကြတယ်။ ဖေ့စ်ဘွတ်ခ်မှာ လှောင်ပြောင်ကြတယ်။ ယောက်ျားလေးက ဘာကြောင့်မိန်းကလေး အသုံးအဆောင်ကို ထုတ်တာလဲပေါ့။ ဘာကြီးလဲ။ ညာကြီးလဲပေါ့။ တကယ်လည်းထွက်လာရော ဝယ်လိုက်ကြတာ သောက်သောက်လဲဆိုတာ မှတ်တမ်းတွေအရ တွေ့နိုင်တယ်။ စိုင်းစိုင်းကိုချစ်ကြတဲ့၊ အားပေးကြတဲ့ နှုတ်ခမ်း နီမလေးတွေဆိုတာလည်း စိုင်းစိုင်းရဲ့နှုတ်ခမ်းနီကို မဆိုးရရင် ခေတ်မမီတော့တဲ့ အနေအထားလောက်အထိအောင်မြင်ခဲ့ တယ်လို့ဆိုရမှာပါ။ တခြားသူမှမဟုတ်တာ။ စိုင်းစိုင်းခမ်းလှိုင် လေပဲကိုး။ အခုဆိုစိုင်းစိုင်းက သူ့ရဲ့ကိုယ် ပိုင်အမှတ်တံဆိပ် ဖြစ်တဲ့ SAI Cosmetix ကို ဂုဏ်ယူဝင့်ကြွားစွာ ထုတ်လုပ်နိုင် နေပြီ။ စိုင်းစိုင်းက ဂီတမှာတင်မက စီးပွားရေးမှာလည်း အကွက်မြင်တတ်တာဖြစ်ပါတယ်။
”တခြားစီပဲ။ ကျွန်တော်ကြုံရတဲ့ အခက်အခဲတွေကတော့ တကယ့်ကို တစ်ထောင့်တစ်ညပုံပြင်တွေလိုပဲ။ ကျွန်တော်ပြော ရင်လည်း မိုးလင်းသွားပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဒီစီးပွားရေးကို နကန်းတစ်လုံးမှ နားမလည်ပါဘူး။ ကျွန်တော် ၁၈ နှစ်သားကတည်းက မော်ဒယ်လ်လုပ်တယ်။ ဗီဒီဒီရိုက်တယ်။ သီချင်းဆိုတယ်။ ကျွန်တော် ဘယ် Office မှာမှလည်း အလုပ်မလုပ်ဖူးဘူးဆိုတော့ ကျွန်တော် Office တစ်ခုကို အုပ်ချုပ်ဖို့နေနေသာသာ Office တစ်ခုမှာ တောင်မှ ကျွန်တော်ဟာတိတိကျကျဝင်လုပ်ဖူးတဲ့သူ မဟုတ်ဘူး။ အဲဒီအတွက် ကျွန်တော်ဟာ စလုံးရေက စပြီးတော့ ပြန်ပြီးတော့ လေ့လာရတဲ့အတွက် ပျာယာကို ခတ်ပြီးတော့ ချာလပတ်ကိုယမ်းနေတာပဲ”လို့ စိုင်းစိုင်း က သူ့ အင်တာဗျူးမှာ ဖြေထားပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ရဲ့ နာမည်ကြီး SAI Cosmetix ကိုတော့ ကိုရီးယားနိုင်ငံမှာ ထုတ်လုပ် တယ်လို့ သိရပါတယ်။
”ကွာလတီပိုင်းကိုတော့ ကျွန်တော့်အနေနဲ့ ယုံကြည်တယ်။ ကျွန်တော့် ပရိသတ်တွေလည်း ယုံကြည်ကြမယ်လို့ထင်ပါတယ်။ ပြီးတော့ ကျွန်တော်ထုတ်တဲ့ပစ္စည်းတွေက မိတ်ကပ်ပစ္စည်း တွေ၊ နှုတ်ခမ်းနီတွေ၊ အသားပေါ်မှာ လိမ်းခြယ်ရ တဲ့ပစ္စည်းတွေဖြစ်တဲ့အတွက် သေချာလေးစစ် ဆေးမှုတွေ ပြုလုပ်တယ်။ ဒီမှာဆို လည်း FDA ကို တင်ပြီးတော့လုပ်ပါတယ်။ ကျွန်တော့်ရဲ့ Eye Shadow ,Eyeliner နဲ့ နှုတ်ခမ်းနီတွေက Made in Korea စစ်စစ် ဖြစ်ပါတယ်။ ကိုရီးယားဖော်မြူလာနဲ့ ကိုရီးယားစက်ရုံက ထုတ်လုပ်ထားတာပါ”လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပြခဲ့ ပါတယ်။
မျိုးမောင်၊
ဓာတ်ပုံ-မင်းမင်းထွန်း