ကာတာနိုင်ငံ၏ ထိပ်တန်းအစိုးရအဖွဲ့အစည်းဖြစ်သည့် အမ်မီရီဒီဝမ်၏ ဝန်ထမ်းသုံးဦးသည် အီဂျစ်နိုင်ငံအပန်းဖြေစခန်းမြို့ ရှမ်အယ်လ်-ရှိတ်ခ်အနီးတွင် ယာဉ်မတော်တဆမှုဖြစ်ခဲ့သောကြောင့် ေ-သဆုံးခဲ့ရကြောင်း အီဂျစ်ရှိ ကာတာသံရုံးက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ဖြစ်စဉ်တွင် နောက်ထပ်နှစ်ဦးလည်း ဒ-ဏ်ရာရရှိခဲ့ပြီး ရှမ်အယ်လ်-ရှိတ်ခ်နိုင်ငံတကာဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။
ေ-သဆုံးသူများ၏ ရုပ်အလေ-ာင်းများနှင့် ဒ-ဏ်ရာရသူများကို တနင်္ဂနွေနေ့အနှောင်းပိုင်းတွင် ဒိုဟာသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း သံရုံးက အတည်ပြုခဲ့သည်။
လုံခြုံရေးသတင်းရင်းမြစ်နှစ်ခု၏ အဆိုအရ ကာတာကိုယ်စားလှယ်အဖွဲ့ကိုတင်ဆောင်လာသော ယာဉ်သည် ရှမ်အယ်လ်-ရှိတ်ခ် မှ ၃၁ မိုင်ခန့်အကွာရှိ လမ်းကွေ့တစ်ခုတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ရို-က်တာသတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါ ကာတာကိုယ်စားလှယ်အဖွဲ့သည် ဂါဇာတွင် အစ္စရေးနှင့် ဟားမတ်စ်စစ်ပွဲ အပ-စ်အခတ်ရပ်စဲရေးရရှိခဲ့မှု အထိမ်းအမှတ်အဆင့်မြင့်ထိပ်သီးအစည်းအဝေးကိုတက်ရောက်ရန် သွားရောက်နေခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်အယ်လ်-ရှိတ်ခ်တွင် တနင်္လာနေ့၌ ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပရန်စီစဉ်ထားသည်။ အပ-စ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အပြီးသ-တ်ရန်အတွက် အဆိုပါအစည်းအဝေးကို အီဂျစ်သမ္မတ အဗ္ဗဒယ် ဖာက်တာ အယ်လ်-စစ်စီ နှင့်အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
Ref: တီအိုအိုင်
