အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) သည် ဂါဇာတွင် စစ်ဆင်ရေးများ ချဲ့ထွင်ရန်အဆင်သင့်ပြင်ဆင်မှုအဖြစ် တို-က်ခို-က်မှုများကို ပိုမိုပြင်းထန်စွာ ဆောင်ရွက်လျက်ရှိကြောင်း IDF ၏ ပြန်ကြားရေးဌာနက ကြေညာခဲ့သည်။
“ပြီးခဲ့သည့် ၂၄ နာရီအတွင်း IDF သည် ဂါဇာရှိ စစ်ဆင်ရေးဇုံများတွင် ထိန်းချုပ်မှုရရှိရန် ကျယ်ပြန့်သော တို-က်ခို-က်မှုများ စတင်ဆင်နွှဲခဲ့ပြီး စစ်ဆင်ရေး ပိုမိုချဲ့ထွင်ရန်နှင့် စစ်ပွဲ၏ ရည်မှန်းချက်များ ပြည့်မီရန်တို့အတွက် မိမိတပ်များအား စုစည်းခဲ့သည်။ ယင်းရည်မှန်းချက်များတွင် ပြန်ပေးဆွဲခံရသူများ လွတ်မြောက်ရေးနှင့် ဟမားစ်အဖွဲ့ကို ချေမှုန်းရေးတို့ ပါဝင်သည်” ဟု ယင်းအစီရင်ခံတွင် ဖော်ပြထားသည်။
“IDF တပ်ဖွဲ့ဝင်များသည် အစ္စရေးနိုင်ငံသားများအား ကာကွယ်ရန်နှင့် စစ်ပွဲ၏ရည်မှန်းချက်များ အောင်မြင်စွာ ပြည့်မီရန်အတွက် ဆက်လက် လုပ်ဆောင်သွားမည်” ဟု ပြန်ကြားရေးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။
အစ္စရေးနိုင်ငံပိုင် KAN ရုပ်သံလိုင်းက အစောပိုင်းတွင် ဖော်ပြချက်အရ ထပ်မံချဲ့ထွင်လိုက်သည့် ဤစစ်ဆင်ရေးကို ‘Gideon’s Chariots’ (ဂီဒီယွန်၏ ရထားများ) ဟု အမည်ပေးထားပြီး ဂါဇာတွင် ဟမားစ်တပ်ဖွဲ့များကို ချေမှုန်းကာ ပြန်ပေးဆွဲခံရသူအားလုံး လွတ်မြောက်ရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။