ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ ဂါဇာကမ်းမြှောင်ကို အစ္စရေးတို့ရဲ့ တို-က်ခို-က်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပါလက်စတိုင်း ၃၀ ကျော် ေ-သဆုံးခဲ့တယ်လို့ ပါလက်စတိုင်းပိုင်နက် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
“ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာကမ်းမြှောင်ရှိ ဆေးရုံတွေကို ရုပ်အလေ-ာင်း ၃၇ လောင်း ရောက်ရှိခဲ့ပြီး အဲဒီထဲမှာ အစောပိုင်းက ေ-သဆုံးခဲ့သူ ၅ ဦးလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ဒဏ်ရာရရှိသူ (၁၃၆) ဦးကိုလည်း ဆေးရုံတင်ခဲ့ပါတယ်။ ဒါပေမဲ့ ပျ-က်စီးနေတဲ့ အဆောက်အအုံတွေရဲ့အောက်နဲ့ လမ်းတွေပေါ်မှာ ဒဏ်ရာရရှိသူတွေ အများအပြား ကျန်ရှိနေသေးပြီး သူတို့ကို လူနာတင်ယာဉ်အဖွဲ့တွေနဲ့ အရပ်ဘက် ကာကွယ်ရေးဝန်ဆောင်မှုတွေက သွားရောက်ကယ်ဆယ်နိုင်ခြင်း မရှိသေးပါဘူး” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးအချက်အလက်တွေအရ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ဟာ မတ်လ ၁၈ ရက်နေ့ကစလို့ ကနေ့အထိအတွင်းမှာ လူပေါင်း ၄,၁၄၉ ဦးကျော်ကို ေ-သဆုံးစေခဲ့ပြီး လူပေါင်း ၁၂,၅၀၀ ခန့်ကို ဒဏ်ရာရစေခဲ့ကြောင်း သိရပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ချိန်ကစလို့ ကနေ့အထိ ထိခို-က်ေ-သဆုံးသူ စုစုပေါင်း (၅၄,၄၁၈) ဦးကျော်ရှိပြီး ဒ-ဏ်ရာရရှိသူ (၁၂၄,၁၉၀) ဦး ရှိခဲ့ပါတယ်။
မတ်လ ၁၈ ရက်နေ့က အစ္စရေးဟာ ဂါဇာကမ်းမြှောင်ကို အကြီးအကျယ် တို-က်ခို-က်မှုတွေ စတင်ပြုလုပ်ပြီး ဇန်နဝါရီလမှာ ထူထောင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို ဖျ-က်သိမ်းခဲ့ပါတယ်။ အစ္စရေးဘက်ကတော့ ဒီလုပ်ရပ်ဟာ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမတ်စ်က ကြားဝင်စေ့စပ်သူတွေနဲ့ အမေရိကန် အထူးသံတမန် စတိဗ်ဝစ်တ်ကော့ဖ် တင်ပြတဲ့ အဆိုပြုချက်တွေကို ငြင်းပယ်ခဲ့တာကြောင့် ဖြစ်တယ်လို့ ရှင်းပြခဲ့ပြီး စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ကတော့ ဓားစာခံအားလုံးကို ပြန်လွှတ်ပေးဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေကတော့ ရန်လိုမှုတွေ ပြန်လည်စတင်ခဲ့တာဟာ အစ္စရေးနဲ့ အမေရိကန်တို့ကြောင့်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။