Saturday, December 13, 2025

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊...

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို...

အင်ဒိုနီးရှားအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်...

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်ယူ-၂၃ အ မျိုးသားအသင်းနှင့်အင်ဒိုနီးရှား ယူ- ၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီး...
HomeInternationalဂရိဒုံးကျည်များ တူကီယေး၏ဂျက်လေယာဉ်ကိုအချိန် ပြည့်...

ဂရိဒုံးကျည်များ တူကီယေး၏ဂျက်လေယာဉ်ကိုအချိန် ပြည့် နောက်မှ လိုက်၍ချိန်ရွယ်ခဲ့သဖြင့် တင်းမာမှုမြင့်တက်

ဂရိဒုံးကျည်များ တူကီယေး၏ဂျက်လေယာဉ်ကိုအချိန် ပြည့် နောက်မှ လိုက်၍ချိန်ရွယ်ခဲ့သဖြင့် တင်းမာမှုမြင့်တက်

နိုင်ငံတကာလေပိုင်နက်အတွင်း ကင်းထောက်တာဝန်ထမ်းဆောင်ရွက်နေသည့် တူကီယေး၏ F – 16 ဂျက်လေယာဉ်များအား ဂရိမြေပြင်မှဝေဟင်ပစ်ဒုံးကျည်များကလိုက်လံချိန်ရွယ်ခဲ့သည်ဟု တူကီယေးနိုင်ငံပိုင် Anadolu အေဂျင်စီကပြောကြားခဲ့သည်။

တူကီယေး၏ယခုစွပ်စွဲချက်သည် ၎င်း၏အိမ်နီးချင်းနိုင်ငံဖြစ်သကဲ့သို့ နေတိုးအဖွဲ့ဝင်နိုင်ငံလည်းဖြစ်သည့် ဂရိနိုင်ငံသည် တူကီယေးနိုင်ငံပိုင် F – 16 ဂျက်လေယာဉ်များအား မြေထဲပင်လယ်နှင့်အေဂျီယံပင်လယ်အထက်တွင် ပစ်မှတ်ထားကာလိုက်လံချိန်ရွယ်ခဲ့သည်ဟု စွပ်စွဲထားခြင်းဖြစ်သည်။

Crete ကျွန်းပေါ်ရှိဂရိ S – 300 ဒုံးကျည်စနစ်၏ရေဒါသည် တူကီယေးဂျက်လေယာဉ်များအား ‌ေနာက်မှတချိန် လုံးလိုက်လံချိန်ရွယ်ခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းအရင်းအမြစ်ကိုအားကိုး၍ နိုင်ငံပိုင်Anadolu သတင်းဌာနကတနင်္ဂနွေနေ့တွင်ဖော်ပြထားသည်။

တူကီယေး၏ F – 16 တိုက်လေယာဉ်များသည်ဂရိနိုင်ငံအနောက်ပိုင်း ရော့ဒ်ကျွန်းစုအနီး၌ အမြင့် ၃,၀၀၀ မီတာ(ပေ ၁,၀၀၀) အမြင့်၌ပျံသန်းနေစဉ် ရုရှားထုတ် S – 300 ၏ပစ်မှတ်ခြေရာခံရေဒါကအဆိုပါ တူကီယေးလေယာဉ်များအား လိုက်လံချိန်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။သို့သော် တူကီယေးလေယာဉ်များသည် ရန်လိုသည့်အိမ်နီးချင်းနိုင်ငံရှိနေသော်လည်း တာဝန်ပြီးဆုံးအောင်ထမ်း‌ေဆာင်နိုင်ခဲ့ပြီး သက်ဆိုင်ရာအခြေစိုက်စခန်းများသို့ ပြန်လည်ဆင်းသက်နိုင်ခဲ့သည်ဟုဖော်ပြထားသည်။

ထိုကဲ့သို့သောရေဒါစနစ်ဖြင့်လိုက်လံချိန်ရွယ်ပိတ်ဆို့ခြင်းသည် နေတိုးအဖွဲ့၏ထိ‌ေတွ့မှုစည်းမျဉ်းများအရ ရန်လိုသည့်လုပ်ရပ်အဖြစ်ယူဆကြောင်းသိရှိရသည်။သို့သော်ဂရိနိုင်ငံဘက်က အဆိုပါစွပ်စွဲမှုများကိုပယ်ချခဲ့ပြီး ဂရိ၏ S – 300 ဒုံးကျည်စနစ်သည် တူကီယေး၏ F – 16 တိုက်လေယာဉ်များအား မည်သည့်အခါကမျှချိန်ရွယ်ပိတ်ဆို့ခြင်းမပြုခဲ့ဟု သတင်းရင်းမြစ်တစ်ခု၏ပြောကြားချက်အရသိရကြောင်း ဂရိနိုင်ငံပိုင် Ert ရုပ်မြင်သံကြားဌာနကပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်ကလည်း တူကီယေးသည် ဂရိစစ်သံမှူးအားဆင့်ခေါ်ကာ မဟာမိတ်အဖွဲ့အတွက်လုပ်ဆောင်နေသည့် တူကီယေး၏ F – 16 တိုက်လေယာဉ်များအား ဂရိ F – 16 တိုက်လေယာဉ်များက နှောင့်ယှက်ခဲ့သည်ဟုစွပ်စွဲခဲ့ပြီး နေတိုးအဖွဲ့သို့လည်း တိုင်ကြားခဲ့သည်။

ထိုအချိန်ကဂရိလေယာဉ်မှူးများသည် တူကီယေး၏လေယာဉ်အား မြေထဲပင်လယ်အရှေ့ခြမ်း၌ ရေဒါဖြင့်ခြေရာခံကာချိန်ရွယ်ထားသည့်အတွက် တူကီယေးဘက်မှလိုအပ်သောတုံ့ပြန်မှုကိုပေးအပ်ခဲ့ပြီး မိမိတို့၏လေယာဉ်များကို အဆိုပါဒေသမှချက်ချင်းထွက်ခွာရန် တွန်းအားပေးခဲ့ရသည်ဟု နိုင်ငံပိုင်မီဒီယာ Anadolu ကပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကိုပြောကြားခဲ့ခြင်းမရှိပေ။

ဂရိဘက်ကလည်း တူကီယေး၏ပြောဆိုချက်ကိုငြင်းပယ်ခဲ့သည်။ယခုကဲ့သို့ပြုလုပ်ရခြင်းမှာ တူကီယေး၏ဂျက်လေယာဉ်ငါးစင်းသည် ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အမေရိကန်၏ B – 52 ဗုံးကျဲလေယာဉ်နှင့်အတူပေါ်လာခြင်းဖြစ်သောကြောင့်ဖြစ်သည်ဟုဆိုခဲ့သည်။

တူကီယေးနှင့်ဂရိနှစ်နိုင်ငံလုံးသည် နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော်လည်း ၎င်းတို့နှစ်နိုင်ငံကြားတွင် အေဂျီယံပင်လယ်တွင်းပိုင်နက်၏ ရပိုင်ခွင့်ကိုတောင်းဆိုမှုနှင့် ဝေဟင်ပိုင်နက်ဆိုင်ရာပြဿနာများအပါအဝင် အခြားသောအငြင်းပွားဖွယ်ပြဿနာများကြောင့် ဆယ်စုနှစ်များစွာမသင့်မမြတ်ဖြစ်ခဲ့ကြသည်။ထိုအငြင်းပွားမှုများကြောင့်ပင် လွန်ခဲ့သည့်ရာစုနှစ်ဝက်အတွင်း သုံးကြိမ်တိုင်တိုင်စစ်ဖြစ်လုဖြစ်ခင်အနေအထားကိုရောက်စေခဲ့သည်။

၂၀၂၀ ပြည့်နှစ်ကလည်း ဂရိနှင့်ဆိုက်ပရပ်စ်တို့က သီးသန့်စီးပွားရေးဇုန်များအဖြစ်တောင်းဆိုထားသည့် မြေထဲပင်လယ်ဒေသများတွင် ရှာဖွေတူးဖော်ခွင့်များနှင့်ပတ်သက်၍ တင်းမာမှုများမြင့်တက်လာပြီး ရေတပ်ဆိုင်ရာအငြင်းပွားမှုများကိုပါဖြစ်စေခဲ့သည်။

Source -အယ်ဂျာဇီးယား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော် ယာယီသမ္မတပြော

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နိုင်ငံတကာအဆင့်မှီ အနုပညာဗဟိုဌာန(ရန်ကုန်)အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော် ယာယီသမ္မတအား ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ရှင်းလင်းတင်ပြရာ နိုင်ငံတော် ယာယီသမ္မတမှ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)အား မူလရည်မှန်းချက်များနှင့်အညီဖြစ်စေရေး ဆက်လက်အကောင်အထည်ဖော်တည်ဆောက်ရန်၊ ထိုသို့ တည်ဆောက်ရာ၌ အဆင့်မီသည့်ဆက်တင်များ၊ Lighting စနစ်များ၊ အသံစနစ်များကို စနစ်တကျတွက်ချက်ထည့်သွင်းတည်ဆောက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယခုအနုပညာဗဟိုဌာနအတွင်း အော်ပရာပြဇာတ်များတင်ဆက်ပြသနိုင်သည့်အဆင့်ဖြစ်အောင်...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအ မျိုးသမီးအရာရှိများအား တစ်ဦးချင်းနှုတ်ဆက်ပြီးနောက် သင်တန်းဆင်းအမျိုးသမီးအရာရှိများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ပြီးတပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)ဂုဏ်ပြုစစ်တီးဝိုင်းတပ်ခွဲက ဂုဏ်ပြုတီးမှုတ်မှုအားကြည့်ရှု၍ ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြဝတီသဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏တေးသီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်ဖြင့်ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများအားကြည့်ရှုအား ပေးခဲ့သည်။ ဂုဏ်ပြုညစာစားပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ် ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်နှင့် UID များပြု လုပ်ပေး

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို လပွတ္တာမြို့ရှိ အောင်တော်မူဘုရားဝန်းအတွင်းရှိ၊ တာဝတိံသာတန်ဆောင်း၌ ယနေ့ ဒီဇင် ဘာ ၁၂ ရက်နံနက်ပိုင်းမှစတင်ကာပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ပျောက်ဆုံးသွားသူ များ၊ မှတ်ပုံတင်မရရှိသေးသူများကို ပြုလုပ်ပေးခဲ့ကြသည့်အပြင် မှတ်ပုံတင်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပတ်တစ်ပါတည်းထုတ်ပေးခြင်းများကိုပြုလုပ်ခဒ့ကြကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ပေးနေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071