ဂရင်းလန်းအရေးတွင် ဒိန်းမတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို တရုတ်နိုင်ငံက အပြည့်အဝလေးစားသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တနင်္လာနေ့က ပေကျင်းတွင် ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Lars Lokke Rasmussen ကို ပြောကြားလိုက်သည်။
တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေ တည်တံ့ခိုင်မြဲမှုတွင်လည်း ဒိန်းမတ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ တရားဝင်ရပ်တည်မှုကို ဆက်လက်ထောက်ခံမည်ဟု မျှော်လင့်ပါကြောင်း ဝမ်က ပြောဆိုခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပေကျင်းက အပြင်းအထန် ရှုတ်ချခဲ့သော ထိုင်ဝမ်သမ္မတဟောင်း ဆိုင်အင်းဝမ်၏ ကိုပင်ဟေဂင် ခရီးစဉ်အပြီး ရက်ပိုင်းအကြာတွင် ဝမ်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နှစ်ဖက်စလုံးသည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ခြင်းဝါဒကို အကာအကွယ်ပေးရန်နှင့် လွတ်လပ်သော ကုန်သွယ်မှုကို ကာကွယ်ရန် ကျယ်ကျယ်ပြန့်ပြန့်သဘောညီမျှခဲ့ကြောင်းနှင့် တရုတ်နိုင်ငံသည် အီးယူနှင့် ပူးပေါင်းဆောင်ရွက်မှု၊ တွေ့ဆုံဆွေးနွေးမှုများ မြှင့်တင်ရန် ဆန္ဒရှိကြောင်း ဝမ်က ပြောကြားခဲ့သည်။
Ref: သည်အီကောနောမစ်တိုင်းမ်စ်