Tuesday, July 15, 2025

၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို...

မန္တလေးတိုင်းရှိ ဧရာဝတီတံတား(ရတနာပုံ) မြစ်ကူးတံတား(မန္တလေး)တို့ကို ဖြတ်သန်းသွားလာမည့် ၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို နေရာခွဲ၍စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေးအတွက် ယနေ့ ဇူလိုင်...

ယခုတစ်ပတ်တွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူမရှိခဲ့

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC)၏ ဇူလိုင် ၁၄ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ ယခုတစ်ပတ်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့ကြောင်း...

ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ်အဖြစ်တင်သွင်းသည့် မြန်မာနာနတ်သီးများအား အနောက်တောင်ပိုင်း၏...

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ် သွင်းကုန်အဖြစ်အာတင်သွင်းသည့် မြန်မာနာနတ် သီးများအား အနောက်တောင်ပိုင်း၏ အဓိကမြို့ကြီးများသို့တင်ပို့ရောင်းချသွားမည်ဟု ရွှေလီမြို့ရှိ ကုန်သွယ်ရေးကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဦးမှပြောကြားထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကအသိပေးခဲ့သည်။ မြန်မာနာနတ်သီးတန်ချိန်(၆...

တရုတ်နှင့်အိန္ဒိယပို၍လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်သင့်–ဟန်ကျန်း

            တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တဖြည်းဖြည်းချင်းမြှင့်တင်သင့်သည်ဟု တနင်္လာနေ့တွင် တရုတ် ဒုတိယသမ္မတ ဟန်ကျန်းက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေးရှန်ကာကို ပြောကြားခဲ့သည်ဟု...
HomeInternationalဂရင်းလန်ကို ဝယ်ချင်နေဆဲဖြစ်ကြောင်းနှင့် ကနေဒါသည်...

ဂရင်းလန်ကို ဝယ်ချင်နေဆဲဖြစ်ကြောင်းနှင့် ကနေဒါသည် အမေရိကန်၏ ပြည်နယ်ဖြစ်လာသင့်ကြောင်း ထရမ့်ဆို

သမ္မတထရမ့်က သူ၏ အဓိက နိုင်ငံခြားရေးမူဝါဒများအကြောင်း ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် လူထုထံ ထုတ်ဖော်ပြောကြားခဲ့ရာတွင် ဂရင်းလန်ဒေသကို ဝယ်ယူလိုသည့် ဆန္ဒနှင့် ကနေဒါကို အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်တစ်ခုအဖြစ် ပြောင်းလဲရန် ကိစ္စများအကြောင်း ပါဝင်သည်။

ထရမ့်သည် ပြီးခဲ့သည့်စနေနေ့ညနေပိုင်းက မိုင်ယာမီသို့ သွားရောက်စဉ် Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များနှင့် မိနစ် ၂၀ ခန့် တွေ့ဆုံခဲ့စဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် ဂရင်းလန်ကျွန်းကို ဝယ်ယူလိုကြောင်း ၂၀၁၉ ခုနှစ်ကတည်းကပင်လျှင့် ထရမ့်ကပြောကြားခဲ့ဖူးသည်။ ဂရင်းလန်သည် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီး အာတိတ်ဒေသတွင် တည်ရှိသော ကျယ်ပြန့်သည့် ကျွန်းတစ်ခုဖြစ်သည်။

ဂရင်းလန်သည် “ရောင်းစားရန် မဟုတ်ကြောင်း” ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen က ထိုစဉ်ကတည်းကပင်လျှင် ပြောကြားခဲ့သော်လည်း၊ ဂရင်းလန်ကို အမေရိကန်ပြည်ထောင်စု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲရန် ဆန္ဒရှိနေဆဲဖြစ်ကြောင်း ထရမ့်က စနေနေ့က ထပ်မံပြောကြားခဲ့သည်။

“ဂရင်းလန်ကို ငါတို့ ရလိမ့်မယ်လို့ ထင်တယ်။ ပြီးတော့ ဂရင်းလန်ကလူတွေကလဲ ငါတို့နဲ့ အတူနေချင်ကြတယ်လို့ ထင်တယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။

ဂရင်းလန်တွင် ရှားပါးသော သတ္တုများနှင့် ယူရေနီယမ်ကဲ့သို့သော အရေးပါသည့် သဘာဝအရင်းအမြစ်များ ရှိသည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် ကျွန်းအတွက်လုံခြုံရေးကို တာဝန်ယူပေးလိုကြောင်း ထရမ့်ပြောကြားခဲ့သည်။

“ဒိန်းမတ်က ဘာကြောင့် ဒီကျွန်းကို ပိုင်ဆိုင်တယ်ဆိုတာ ငါတကယ် မသိဘူး။ ဒါပေမယ့် ကျွန်းအတွက် လုံခြုံရေးတာဝန်ယူတာကို ခွင့်မပြုဘူးဆိုရင် ဒါဟာ မဖော်ရွေတဲ့ လုပ်ရပ်ဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒါက လွတ်လပ်တဲ့ကမ္ဘာကြီးရဲ့ ကာကွယ်ရေးအတွက် ဖြစ်တယ်။ ဒါက ငါတို့အတွက် မဟုတ်ဘူး၊ ဒါက လွတ်လပ်တဲ့ကမ္ဘာကြီးအတွက် ဖြစ်တယ်” ဟု ထရမ့်က သတင်းထောက်များအား ပြောကြားခဲ့သည်။

သူ၏ ဒုတိယသက်တမ်းတွင် ကနေဒါအပေါ် အကောက်ခွန်များ စတင်ကောက်ခံမည်ဟု ထရမ့်ကခြိ-မ်းခြောက်ခဲ့ပြီး၊ စနေနေ့တွင် အမေရိကန်၏ မြောက်ဘက်အိမ်နီးချင်းနိုင်ငံသည် “ကုန်သွယ်ရေးတွင် အမေရိကန်တို့ကို အလွန်မတရားဆက်ဆံခဲ့သည်” ဟု ပြောကြားခဲ့သည်။

“ငါက ကနေဒါကို ချစ်တယ်။ ငါ့မှာ ကနေဒါ မိတ်ဆွေတွေ အများကြီးရှိတယ်။ သူတို့က ငါတို့ကို ကြိုက်တယ်။ သူတို့က ငါ့ကိုလဲ ကြိုက်တယ်။ ဒါပေမယ့် ကနေဒါနိုင်ငံကတော့ အမေရိကန်ပြည်ထောင်စုကို နှစ်ပေါင်းများစွာ အခွင့်ကောင်းယူခဲ့တယ်” ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။

ကနေဒါသည် အမေရိကန်နှင့် ကုန်သွယ်ရေးတွင် ပိုမိုမှီခိုနေရပြီး၊ အမေရိကန်မရှိပါက ကနေဒါအနေဖြင့် ရုန်းကန်ရမည်ဖြစ်ကြောင်း ထရမ့်ကဆိုသည်။

“ဒါကြောင့် ဒီနိုင်ငံဟာ အမေရိကန်ရဲ့ ပြည်နယ်တစ်ခု ဖြစ်လာမယ်ဆိုရင်၊ ကနေဒါကလူတွေဟာ အခွန်ကို နည်းနည်းပဲပေးရလိမ့်မယ်။ သူတို့ရဲ့ အခွန်ကို တစ်ဝက်လျှော့ပေးရလိမ့်မယ်။ သူတို့မှာ စစ်ရေးပြဿနာတွေ မရှိတော့ဘူး။ သူတို့က ပိုပြီး လုံခြုံမှုရှိလိမ့်မယ်။ ဒါက ကနေဒါအတွက် ကြီးမားတဲ့ အရာတစ်ခုလို့ ထင်တယ်။”ဟုလည်းသူကကပြောသည်။

ကနေဒါသည် အမေရိကန်၏ ၅၁ ခုမြောက် ပြည်နယ် မည်သည့်အခါတွင်မျှ ဖြစ်လာမည်မဟုတ် ဟု ကနေဒါဝန်ကြီးချုပ် Justin Trudeau က ဒီဇင်ဘာလအစောပိုင်းတွင် ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် ကနေဒါအပေါ် အကောက်ခွန်များ စတင်တင်းကြပ်ကောက်ခံလာပါက အမေရိကန်စားသုံးသူများအတွက် ဈေးနှုန်းများ ပိုမိုမြင့်တက်လာမည်ဟုလည်း Justin Trudeau က သတိပေးခဲ့သည်။ ထရမ့်ကမူ ကနေဒါအပေါ် အမေရိကန်၏ အကောက်ခွန်များသည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဟု စနေနေ့က ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို နေရာခွဲ၍စစ်ဆေးမည်

မန္တလေးတိုင်းရှိ ဧရာဝတီတံတား(ရတနာပုံ) မြစ်ကူးတံတား(မန္တလေး)တို့ကို ဖြတ်သန်းသွားလာမည့် ၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို နေရာခွဲ၍စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေးအတွက် ယနေ့ ဇူလိုင် ၁၄ ရက်နံနက်ပိုင်းကပြုလုပ်သည့် စိစစ်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ မန္တလေးတိုင်းရှိ မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များမှတစ်ဆင့် တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိ၍ လုံခြုံရေးသတိ၊ လုံခြုံရေးအသိတို့ဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်ရမည်ဟု မှာကြားသည်။ ဧရာဝတီတံတား(ရတနာပုံ) မြစ်ကူးတံတား(မန္တ လေး)ကိုဖြတ်သန်းသွားလာမည့်ကားများအားစိစစ်ရာတွင် ယာဉ်ကြောကြပ်တည်းခြင်းမဖြစ်ပေါ်စေရန်နှင့် ခရီးသွားပြည်သူများအခက်အခဲမရှိစေရန် ၁၅ တန်နှင့်အထက် ကုန်တင်ယာဉ်များအား အမရပူရမြို့နယ်ရှိ ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ်ရပ်နားစခန်း(စွယ်တော်ကားကွင်း)ရှိစစ်ဆေးရေးစခန်းနှင့် ၁၅...

ယခုတစ်ပတ်တွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူမရှိခဲ့

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC)၏ ဇူလိုင် ၁၄ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ ယခုတစ်ပတ်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၆ ရက်ည ၈ နာရီမှ ဇူလိုင် ၁၃ ရက်ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ(၇၅၃)ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့သည်းအပြင် ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်(၁၉)ရောဂါဖြင့် ‌ေ-သဆုံးလူနာမရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)ရော ဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ(အသက်...

ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ်အဖြစ်တင်သွင်းသည့် မြန်မာနာနတ်သီးများအား အနောက်တောင်ပိုင်း၏ အဓိကမြို့ကြီးများသို့တင်ပို့ရောင်းချသွားမည်

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ် သွင်းကုန်အဖြစ်အာတင်သွင်းသည့် မြန်မာနာနတ် သီးများအား အနောက်တောင်ပိုင်း၏ အဓိကမြို့ကြီးများသို့တင်ပို့ရောင်းချသွားမည်ဟု ရွှေလီမြို့ရှိ ကုန်သွယ်ရေးကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဦးမှပြောကြားထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကအသိပေးခဲ့သည်။ မြန်မာနာနတ်သီးတန်ချိန်(၆ ဒသမ ၄)တန်အား ဝမ်တိန်နယ်စပ်ဂိတ်မှတစ်ဆင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် မြန်မာ့နာနတ်သီးများ တရုတ်နိုင်ငံသို့တင်ပို့ခွင့်ရရှိပြီးနောက် ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ်သွင်းကုန်အဖြစ်တင်သွင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ " ဒီတစ်ခါတင်သွင်းတဲ့ လတ်ဆတ်တဲ့နာနတ်သီးတွေဟာ မြန်မာနိုင်ငံရဲ့အရည်အသွေးမြင့်စိုက်ခင်းတွေကနေ ရောက်ရှိလာတာပါ။ ချိုမြိန်ပြီးအရည်ရွှမ်းသလို အရသာလည်းအလွန်ကောင်းမွန်ပါတယ်။ ဒီနာနတ်သီးတွေကို ဝမ်တိန်မြို့မှာအမျိုးအစားခွဲပြီး ကူမင်း၊ ချန်တူးစတဲ့ အနောက်တောင်ပိုင်းရဲ့အဓိကမြို့ကြီးတွေမှာ ရောင်းချသွားမှာပါ"ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071