ဂန့်ဂေါမြို့ကိုဗဟိုပြု၍ ယနေ့ အောက်တိုဘာ ၂၉ ရက်မွန်းတည့်ပိုင်းက အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ယနေ့ အောက်တိုဘာ ၂၉ ရက်မွန်းတည့် ၁၂ နာရီ ၁ မိ နစ် ၂ စက္ကန့်က ဂန့်ဂေါမြို့၏ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာ၊ အနက်(၇၂)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နှင့် အောက်တိုဘာ ၂၂ ရက်တို့ကလည်း ဂန့်ဂေါမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့သေးကြောင်း မိုးဇလ၏ထုတ်ပြန်ချက်များအရ သိရသည်။
