မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ယမန်နေ့ ဧပြီ (၂၅) ရက်က ၄၅.၂ ဒီဂရီ စင်တီဂရိတ်အထိ နေ့အပူချိန် စံချိန်တင်မြင့်တက်ခဲ့ပြီး ယခု ဧပြီလ၏ ပျမ်းမျှ အပူချိန်ထက် ၂ ဒီဂ ရီစင်တီဂရိတ် မြင့်တက်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်းကြားမှုဦးစီးဌာန၏ ယနေ့ အသိပေးချက်အရ သိရသည်။
စံချိန်တင် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၅.၂ ဒီဂရီစင်တီဂရိတ် ၊ မင်းဘူးမြို့တွင် ၄၃.၂ ဒီဂရီစင်တီဂရိတ်၊ မြင်းမူမြို့တွင် ၄၃.၁ ဒီဂရီစင်တီဂရိတ် ၊ မကွေးမြို့နှင့် ဂန့်ဂေါမြို့တို့တွင် ၄၃.၀ ဒီဂရီစင်တီဂရိတ်တို့ရှိကြောင်း သိရသည်။
အလားတူ မြင်းခြံမြို့တွင် ၄၂.၈ ဒီဂရီစင်တီဂရိတ်၊ ဆင်ဖြူကျွန်းမြို့နှင့် မင်းကင်းမြို့တို့တွင် ၄၂.၅ ဒီဂရီစင်တီဂရိတ်၊ အောင်လံမြို့နှင့် ကလေးဝမြို့တို့တွင် ၄၂.၃ ဒီဂရီစင်တီဂရိတ်နှင့် မုံရွာမြို့တွင် ၄၂.၂ ဒီဂရီစင်တီဂရိတ်တို့ အသီးသီး ရှိကြောင်းသိရသည်။
နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်နှင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာ ဝတီတိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း မိုး/ဇလ၏ အသိပေးချက်အရ သိရသည်။