ကွီလန်၊ဖေဖော်ဝါရီ ၈
ချီလီနိုင်ငံ၌ သက်ဆိုင်ရာအာဏာပိုင်များသည် နိုင်ငံ့အလယ်ရှိဒေသများ၌ အပူလှိုင်းသစ်တစ်ခုဖြတ်နိုင်ချေရှိသောကြောင့် အခြေနေရှုပ်ထွေးလာနိုင်ကြောင်းသတိပေးထားသည်။
အဆိုပါအပူလှိုင်းမတိုင်မီကလည်း ချီလီတောမီးကြောင့် လူပေါင်း ၂၆ ဦးသေဆုံးခဲ့ကာယခုအပူလှိုင်းကြောင့် တောမီးအားပိုအားဖြည့်ပေးသလိုဖြစ်သွားသည်ဟုလည်းဆိုကြသည်။
ယခုရာသီတွင် တောမီးလောင်ကျွမ်းမှုကြောင့် ဟက်တာ ၂၉၀,၀၀၀ (၇၁၆,၆၀၆ ဧက) ကျော်ပျက်စီးခဲ့ပြီးသောကြာနေ့အထိ အပူချိန်ဆက်လက်မြင့်မားနေမည်ဟုလည်းခန့်မှန်းထားသည်။အလယ်ပိုင်း Maule y Ñuble ဒေသများတွင်မူ ၃၅ ဒီဂရီစင်တီဂရိတ် (၉၅ ဒီဂရီဖာရင်ဟိုက်) ထက်ပင် မြင့်တက်လာနိုင်သည်ဟုလည်းခန့်မှန်းထားသည်။
ကိုလံဘီယာနှင့်မက္ကဆီကိုနိုင်ငံတို့မှ နိုင်ငံတကာ မီးသတ်တပ်ဖွဲ့များလည်းရောက်ရှိလာပြီး လိုအပ်သည့်အကူညီပေး ဆောင်ရွက်ပေးကြမည်ဟုလည်းသိရသည်။
လက်ရှိ၌ မီးစတင်လောင်ကျွမ်းခြင်းနှင့် ဆက်စပ်မှုရှိနိုင်သည့် လူ ၁၅ ဦးကို ဖမ်းဆီးထားပြီး ၎င်းတို့မှာ ဂဟေဆက်ခြင်း၊မီးရှို့ခြင်း၊အဝတ်အထည်များနှင့် တိရစ္ဆာန်သိုးမွှေးများရှို့ခြင်းစသည့်အရာများကို လုပ်ဆောင်ခြင်းကြောင့်ဖြစ်သည်ဟုလည်းသိရသည်။
တောမီးလောင်ကျွမ်းမှုမှ မီးခိုးများကြောင့် မီးဘေးထိခိုက်သည့်နေရာများရှိ လေထုအရည်အသွေးသည်လည်း သိသိသာသာဆိုးရွားလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးကပြောကြားခဲ့သည်။
Source : Reuters
Photo : Reuters



