အမေရိကန် တက်ကြွလှုပ်ရှားသူ ချာလီ ကာ့ခ် အားလုပ်ကြံသည့် သံသယရှိသူကို “အတော်အတန် သေချာမှုအဆင့်မြင့်မြင့်ဖြင့်” ဖမ်းဆီးရမိပြီဟု ယုံကြည်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်သည့် သတင်းရင်းမြစ်လေးခုကလည်း လူတစ်ဦးကို ဖမ်းဆီးရမိပြီး ချာလီ ကာ့ခ်ကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုနှင့် ပတ်သက်၍ မေးမြန်းစစ်ဆေးနေကြောင်း CNN သို့ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ အကျဉ်းချုပ်တင်ပြခဲ့သော ဥပဒေစိုးမိုးရေးအရာရှိ သတင်းရင်းမြစ်တစ်ခုအရ သံသယရှိသူ၏ ဖခင်က အများပြည်သူသို့ ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများမှာ အသက် ၂၂နှစ်အရွယ်ရှိ၊ သူ၏သားဖြစ်ကြောင်းဖော်ထုတ်ပြောကြားခဲ့သည်။
ဖခင်ဖြစ်သူက သူ၏သားအား အဖမ်းခံရန် ပြောကြားခဲ့ပြီးနောက် လူငယ်သင်းအုပ်ဆရာတစ်ဦးကိုလည်း အကူအညီတောင်းခဲ့ရာ၊ အဆိုပါ သင်းအုပ်ဆရာက တာဝန်ရှိရဲများကို ခေါ်လာခဲ့ပြီး ရဲများက သံသယရှိသူကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
