မန္တလေးတိုင်း၊ချမ်းအေားသာစံမြို့နယ်တွင် ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းက နေအိမ်တစ်လုံးတွင် Level 1 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
ယမန်နေ့ည ၈ နာရီ ၄၀ မိနစ်ခန့်က ချမ်းအေးသာစံမြို့နယ်၊ ၇၁ လမ်းနှင့် ၃၃ လမ်းကြားရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။
ထို့ကြောင့် ည ၈ နာရီ ၅၉ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၉ နာရီ ၁၅ မိနစ်၌ မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
“မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းနဲ့ဆုံးရှုံးမှုကတော့ စစ်ဆေးဆဲပါပဲ”ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
Photo-Ko Than Htay





