မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ကဥ္စနမဟီရပ်ကွက်ရှိ “နဂါးနန်းတော်”စိန်ရွှေရတနာဆိုင်တွင် ဒီဇင်ဘာ ၂၅ ရက်မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနေ့မွန်းလွဲ ၂ နာရီကျော်ခန့်က အမျိုးသားတစ်ဦးသည် ချမ်းအေးသာစံမြို့နယ်၊ကဥ္စနမဟီရပ်ကွက်၊ ၇၇ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၌ ဖွင့်လှစ်ထားသည့် “နဂါးနန်းတော်”စိန်ရွှေရတနာဆိုင်သို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် အသင့်ပါလာသည့်သေနတ်ဖြင့် ရွှေဆိုင်ဝန်ထမ်းများအားခြိမ်းခြောက်ကာ အိတ်အတွင်းသို့ ရွှေထည်ပစ္စည်းများအားထည့်ခိုင်းရာ ဆိုင်ဝန်ထမ်းများက လုံးထွေးဖမ်းဆီးခဲ့ကြကြောင်း သိရသည်။
“ရွှေဆိုင်ကဝန်ထမ်းတွေရဲ့သတ္တိကတော့ အရမ်းကောင်းတယ် သေနတ်နဲ့လူကိုလုံးထွေးပြီး ဖမ်းနေတုန်း အော်ပြီးအကူအညီလည်းတောင်းတဲ့အ တွက် ဖြတ်သွားတဲ့လုံခြုံရေးအဖွဲ့တွေပါတဲ့ကားကချက်ခြင်းရပ်ပြီး ဝိုင်းဖမ်းခဲ့တာပါ”ဟု လုံခြုံ ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
ဖမ်းဆီးရမိသူအား စစ်ဆေးရာ ၎င်း၏ကျောပိုး အိတ်အတွင်းမှ အရက်ပုလင်းခွံ ၄ လုံးအားပူးကာတိပ်ဖြင့်ပတ်၍ နှစ်ပင်လိမ်ဝါယာကြိုးအား ဆားကစ်ပြားဖြင့်တပ်ပြီး အိတ်အမည်းဖြင့်အုပ်ထားသည့် မိုင်းအတုတစ်ခုနှင့်ဓားတစ်ချောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။
ထို့ကြောင့် ဖမ်းဆီးရမိသူအား ဥပဒေအရထိရောက်စွာအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်၍အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။