Tuesday, December 16, 2025

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု...

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ...

မန်းရွှေစက်တော်ဘုရားရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အားဖူးမြှော်နိုင်ရန် ဘေလီသံပေါင်တံတားထိုးနေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားအား ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း အောက်စက်တော်ရာ(ခြေတော်ရာ)အား လွယ်ကူအဆင်ပြေစွာဖူးမြှော်နိုင်ရန် ယာယီဘေလီသံပေါင်တံတားတစ်စင်းကို တပ်ဆင်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ယာယီဘေလီသံပေါင်တံတားကို မင်းဘူးခရိုင်နှင့် မြို့နယ်လမ်းဦးစီးဌာနမှတာဝန်ခံများကကြီးကြပ်၍...

ထိုင်းက လာအိုသို့ လောင်စာဆီတင်ပို့မှုများကို ကန့်သတ်

လောင်စာဆီနှင့် လက်နက်များကို ကမ္ဘောဒီးယားသို့ လမ်းကြောင်းပြောင်းကာ ပို့ပေးနေကြောင်း ထောက်လှမ်းရေး သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းစစ်တပ်သည် ချွန်းမက်နယ်စပ်ဂိတ်မှတဆင့် လာအိုသို့ လောင်စာဆီထုတ်ကုန်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများအားလုံးတင်ပို့မှုကို...
HomeNewsFootballချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၏ စုဖွဲ့လေ့ကျင့်မှုများ...

ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၏ စုဖွဲ့လေ့ကျင့်မှုများ ဒီဇင်ဘာ (၉)ရက်တွင် ပြန်လည် စတင်မည်

Myanmar National League ချန်ပီယံအသင်းဖြစ်သည့် ရှမ်းယူနိုက်တက်အသင်း၏ စုဖွဲ့လေ့ကျင့်မှုများကို ယခုလ ဒီဇင်ဘာ (၉)ရက်တွင် ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အသင်းကစားသမားများအနေဖြင့် ဒီဇင်ဘာလ (၈) ရက်အထိ ရပ်နားထား‌သော်လည်း တစ်ဦးချင်းလေ့ကျင့်မှု အစီအစဉ်များ မပျက်မကွက်ပြုလုပ်နေကြရကြောင်း သိရသည်။

ကစားသမားများအနေဖြင့် National Duty ထမ်းဆောင်နေသူနှင့် ဒဏ်ရာရနေသူများမှလွဲ၍ ကျန်ကစားသမား အားလုံး နေ့စဉ် (၃)ကီလိုမီတာ အပြေးလေ့ကျင့်နေကြရကြောင်း အသင်းဝင် ကစားသမားများထံက သိရသည်။

“ဒုတိယ အကျော့မှာ Myanmar National League (၈) ပွဲကျန်တယ်။ Shopee ပွဲတွေ ကျန်တယ်။ AFC ကန်ရမယ်၊ အကောင်းဆုံး ပုံစံရအောင် ကြိုးစားနေတယ်။ နည်းပြကလည်း ရှင်းတယ်။ ထရိန်နင်မှာ သေချာလုပ်မှ ကြိုက်တယ်။ မဟုတ်ရင် Bench မှာ ထိုင်ရဖို့တောင် မသေချာဘူး။ ကစားခွင့် ရဖို့က တော်တော်လုပ်ရတယ်။ အခုဆို ကျွန်တော် လေ့ ကျင့်ခန်းလည်း အားစိုက်လုပ်တယ်။ စိတ်ငြိမ်ဖို့ အကောင်းတွေ ဖြစ်လာဖို့ ဘုရားလည်း မမေ့ဘူး။ ဒုတိယ အကျော့မှာအကောင်းဆုံးဖြစ်ဖို့ စိတ်ရော လူပါ ပြင်ဆင်ထားတယ်”ဟု ရှမ်းယူနိုက်တက်အသင်း ကစားသမား ဈာနေယျသူက ပြောကြားထားသည်။

ယခုနှစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသည့် MNL (U-20) Youth League 2024 ရာသီပိတ် နောက်ဆုံးပွဲစဉ်ကို နိုဝင်ဘာ (၃၀) ရက်၌ ကျင်းပပြီးစီးခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းက ရမှတ်ပေါင်း (၅၂)မှတ်ဖြင့် ချန်ပီယံဆုကို ရရှိထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌ ပဲခူးတိုင်းဒေသကြီးအတွင်း၌ ဒုတိယအကြိမ် မဲစာရင်းကို အခြေခံပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းပါရှိနိုင်ရေး Door to Door မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ဆေးပြီးဖြစ်ကာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြောင်းလည်း သိရသည်။ Photo- ပဲခူးတိုင်းဌာနေ

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု ထရမ့် ပြောကြား

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ အလျှော့အတင်းပြုလုပ်မည့် အလားအလာနှင့် သက်ဆိုင်ခြင်း ရှိမရှိ မေးမြန်းသောအခါ သူက - "အမှန်အတိုင်း ပြောရရင် သူတို့က နယ်မြေကို ဆုံးရှုံးပြီးသားပါပဲ။ ဆိုလိုတာက နယ်မြေဟာ ဆုံးရှုံးပြီးသားပါ" ဟု ပြောခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့က ဥရောပနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဥရောပက အဲဒီထဲမှာ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာပါ။ စစ်ပွဲ ထပ်မဖြစ်အောင်...

မန်းရွှေစက်တော်ဘုရားရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အားဖူးမြှော်နိုင်ရန် ဘေလီသံပေါင်တံတားထိုးနေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားအား ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း အောက်စက်တော်ရာ(ခြေတော်ရာ)အား လွယ်ကူအဆင်ပြေစွာဖူးမြှော်နိုင်ရန် ယာယီဘေလီသံပေါင်တံတားတစ်စင်းကို တပ်ဆင်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ယာယီဘေလီသံပေါင်တံတားကို မင်းဘူးခရိုင်နှင့် မြို့နယ်လမ်းဦးစီးဌာနမှတာဝန်ခံများကကြီးကြပ်၍ ဒီဇင်ဘာ ၁၄ ရက်မှစတင်ကာတပ်ဆင်လျက်ရှိပြီး တပ်ဆင်ချိန်(၁၂)ရက်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က နိုင်ငံတော် ယာယီသမ္မတလှူဒါန်းထားသော တံတားအကျယ်(၁၂)ပေ (၈)လက်မ၊ အရှည် (၁၀၀)ပေရှိ ယာယီဘေလီသံပေါင်တံတားကို တပ်ဆင်နေခြင်းဖြစ်ကာ ဘုရားပွဲတော်ကျင်းပစဉ်ကာလတစ်လျောက်အသုံးပြုသွားမည်ကြောင်း သိရသည်။ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ရက်ပေါင်း(၈၆)ရက်ကြာ အစဉ်အလာမပျက်စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071