Sunday, December 14, 2025

နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ဘုန်းတော်ကြီးကျောင်းဆောင်မီးလောင်မှုတွင် ခေါင်းဆေးကျွန်းဆရာ တော်ကြီး၏ရုပ်ထုတော်ပျက်စီးခြင်းမရှိခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ခေါင်းဆေးကျွန်းမှ နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းဆောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နံ နက် ၈ နာ ရီခန့်က...

တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊...

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊...

ထရမ့်၏မူဝါဒများကို ဆန္ဒပြရန် လူရာနှင့်ချီ အိမ်ဖြူတော်‌ရှေ့...

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် အစိုးရအဖွဲ့၏ မူဝါဒအပေါ် မကျေနပ်ချက်ကို ဖော်ပြရန်အတွက် လူရာနှင့်ချီသော ဆန္ဒပြသူများသည် အိမ်ဖြူတော်ရှေ့သို့ စုဝေးရောက်ရှိလာကြသည်။ ဆန္ဒပြသူ အများအပြားက "ထရမ့်ချက်ချင်းထွက်သွားပါ၊"...

အိန္ဒိယက တရုတ်ကျွမ်းကျင်ပညာရှင်များအတွက် ဗီဇာကို ဖြေလျှော့ပေး

         အိန္ဒိယသည် တရုတ်ကျွမ်းကျင်ပညာရှင်များအတွက် စီးပွားရေးလုပ်ငန်းဗီဇာကိုမြန်ဆန် စွာရရှိစေရန် ကြိုးနီစနစ်များကို ဖြေလျှော့ပေးခဲ့ကြောင်း အရာရှိနှစ်ဦးက ပြောကြားခဲ့ပြီး အဆိုပါ ဆောင်ရွက်ချက်သည် အာရှအင်အားကြီးနှစ်နိုင်ငံအကြား ဆက်ဆံရေးကို မြှင့်တင်ရန်နှင့်...
HomeNewsLocal Newsချန်ပီယံဆုဖလား ကိုင်မြှောက်ပြီး အိမ်ပြန်နိုင်ရန်...

ချန်ပီယံဆုဖလား ကိုင်မြှောက်ပြီး အိမ်ပြန်နိုင်ရန် တစ်သင်းလုံး အကောင်းဆုံး ကြိုးစားသွားမည်ဟု အသင်းခေါင်းဆောင် ခင်မာလာထွန်းပြော

ချန်ပီယံဆုဖလား ကိုင်မြှောက်ပြီး အိမ်ပြန်နိုင်ရန် တစ်သင်းလုံး အကောင်းဆုံး ကြိုးစားသွားမည်ဟု မြန်မာအမျိုးသမီးအသင်း၏ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမည့် ခင်မာလာထွန်းက ယနေ့ ဩဂုတ် (၁၈)ရက်တွင် ကျင်းပသည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ချန်ပီယံဆု ရခဲ့ပါက ပြည်သူများ၊ လူငယ်မျိုးဆက်သစ် ကစားသမားများအတွက် စိတ်ဓာတ်ခွန်အား ဖြစ်‌စေမည်ဖြစ်သဖြင့် အလေးအနက်ထား ယှဉ်ပြိုင်ကစားသွားမည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားထားသည်။

“ဒီဗိုလ်လုပွဲဟာ နိုင်ငံအတွက်၊ ပြည်သူ့အတွက်၊ ကစားသမားတွေအတွက် အလွန်အရေးပါတာမို့ ချန်ပီယံ ဆုဖလား ကိုင်မြှောက်ပြီး အိမ်ပြန်နိုင်ဖို့ တစ်သင်းလုံး အကောင်းဆုံးကြိုးစားသွားမှာ ဖြစ်ပါတယ်။ ချန်ပီယံဆု ရခဲ့ရင် ပြည်သူတွေ ၊ လူငယ်မျိုးဆက်သစ်ကစားသမားတွေအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေမှာမို့ အလေးအနက်ထား ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ဩဂုတ်လ (၁၉) ရက် ညပိုင်းတွင် ဩစတြေးလျအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ဗိုလ်လုပွဲစဉ်အတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ အသင်းခေါင်းဆောင်အဖြစ် ခင်မာလာထွန်းက ဆောင်ရွက်မည်ဟု အဖွဲ့ချုပ်၏ အသိပေးချက်အပေါ် နားလည်ရပြီး ယခင်ပွဲစဉ်များတွင် ဝင်သိင်္ဂီထွန်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင် ပွဲ တွင် (၂) ကြိမ် ဗိုလ်စွဲခဲ့ဖူးပြီး ၂၀၁၅ ခုနှစ်က ထိုင်းအသင်းနှင့် ဗိုလ်လုပွဲ၌ ဆုံတွေ့ခဲ့စဉ် ရှုံးနိမ့်ခဲ့သည့်အတွက် နောက်ဆုံးဗိုလ်စွဲခဲ့သည့် ၂၀၀၇ ခုနှစ်မှတွက်လျင် (၁၈) နှစ်အကြာ၌ ချန်ပီယံဖြစ်ရန် အလားအလာကောင်းနေသည့် အသင်းတစ်သင်းလည်း ဖြစ်သည်။

ပြိုင်ပွဲအတွက် မြန်မာအသင်းနည်းပြချုပ် တက်ဆူရိုယူကီကလည်း “ကျွန်တော့်အသင်းက ကစားသမားတွေ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာဖို့နဲ့ ဗိုလ်လုပွဲအတွက် အသင့်ဖြစ်အောင် လုပ်ဆောင်နေပါတယ် ။ကစားသမားအားလုံး ဗိုလ်လုပွဲမှာ အကောင်းဆုံးလုပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ် ”ဟုဆိုသည်။

ဗိုလ်လုပွဲတွင် ထိပ်တိုက်တွေ့ဆုံမည့် ဩစတြေးလျအသင်းသည် အသင်းကောင်းတစ်သင်းဖြစ်ပြီး အိမ်ရှင်ဗီယက်နမ်ကို အိမ်ကွင်းတွင် အနိုင်ကစားနိုင်ခဲ့‌သော်လည်း မြန်မာအသင်းကို အုပ်စုပွဲတွင် (၂) ဂိုး(၁) ဂိုးဖြင့် ရှုံးနိမ့်ထားသည့်အသင်း ဖြစ်သည်။

ပြီးခဲ့သည့်ပွဲစဉ်များ၌ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည့် ဝင်းသိင်္ဂီထွန်းသည် မြန်မာအသင်းအတွက် အ လွန်အရေးပါသည့် ကစားသမားဖြစ်ပြီး ပြိုင်ပွဲတလျှောက် သွင်းဂိုး (၇)ဂိုးဖြင့် ဂိုးအများဆုံးသွင်းယူထားကာ ရွှေဖိနပ်ဆု ရမည့် အလားအလာအကောင်းဆုံး ကစားသမားလည်း ဖြစ်သည်။

မြန်မာ နှင့် ဩစတြေးလျ အသင်းတို့၏ ဗိုလ်လုပွဲ ပွဲစဉ်အား ဩဂုတ်လ (၁၉) ရက်၊ မြန်မာစံတော် ချိန် ည (၇)နာရီခွဲအ ချိန်တွင် Lach Tray Stadium တွင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ဘုန်းတော်ကြီးကျောင်းဆောင်မီးလောင်မှုတွင် ခေါင်းဆေးကျွန်းဆရာ တော်ကြီး၏ရုပ်ထုတော်ပျက်စီးခြင်းမရှိခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ခေါင်းဆေးကျွန်းမှ နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းဆောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နံ နက် ၈ နာ ရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း ခေါင်းဆေးကျွန်းဆရာတော်ကြီး၏ ရုပ်ထုတော်မှာပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။ မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြ၍ နံ နက် ၈ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သော်လည်း ကျောင်း ဆောင်ကြီးမှာမူ ပျက်စီးဆုံးရှုံးခဲ့သဖြင့် လူမှုကူညီရေးအသင်းဝင်များက ပျက်စီးမှုများအားရှင်းလင်းဖယ်ရှားပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ဒီဇင်ဘာ ၁၁ ရက်တွင်လည်း မွန်ပြည်နယ်ဝန် ကြီးချုပ်နှင့်တာဝန်ရှိသူများမှ မီးလောင်ပျက်စီးသွားသည့် ကျောင်းဆောင်တော်ကြီးအား ကြည့်ရှုစစ်ဆေး၍...

တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊ ကရာတေးနှင့် အလေးမအားကစားနည်းများမှ ငွေ၊ ကြေး စုစုပေါင်း ဆုတံဆိပ် ၁၂ ခု ထပ်မံဆွတ်ခူးရရှိ

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊ ကရာတေးနှင့် အလေးမအားကစားနည်းများမှ ငွေ၊ ကြေး စုစုပေါင်း ဆုတံဆိပ် ၁၂ ခု ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ မြန်မာအသင်းအနေဖြင့် ရေကူး၊ ကရာတေး၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ပန်ကြပ်ဆီလပ်၊ ဝူရှူး၊ ဘိလိယက်နှင့် စနူကာ၊ ဘော်လီဘော၊ ကဘာဒီ၊ ဂျူဒို၊ ဖူဆယ်၊ ဘတ်စကက်ဘော၊ မွေ၊ လက်ဝှေ့၊...

ထရမ့်၏မူဝါဒများကို ဆန္ဒပြရန် လူရာနှင့်ချီ အိမ်ဖြူတော်‌ရှေ့ စုဝေးရောက်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် အစိုးရအဖွဲ့၏ မူဝါဒအပေါ် မကျေနပ်ချက်ကို ဖော်ပြရန်အတွက် လူရာနှင့်ချီသော ဆန္ဒပြသူများသည် အိမ်ဖြူတော်ရှေ့သို့ စုဝေးရောက်ရှိလာကြသည်။ ဆန္ဒပြသူ အများအပြားက "ထရမ့်ချက်ချင်းထွက်သွားပါ၊" "ထရမ့်ကို စွပ်စွဲပြစ်တင်ပါ၊" "ထရမ့်ကို ရပ်တန့်ပါ" စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်လာကြသည်။ မိန့်ခွန်းပြောကြားသူများက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို နှင်ထုတ်ခြင်းကို ဝေဖန်ခဲ့ကြသည်။ ဆန္ဒပြသူများသည် လက်ရှိ ဝါရှင်တန်အစိုးရအား "ဖက်ဆစ်" ဟု ခေါ်ဝေါ်ကာ "ထရမ့် ထွက်သွားရမည်" ဟူ၍ ကြွေးကြော်ခဲ့ကြသည်။ အဆိုပါ ဆန္ဒပြပွဲကို စစ်ဆန့်ကျင်ရေး၊ လက်ဝဲယိမ်းနှင့် ရွှေ့ပြောင်းနေထိုင်သူများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071