Friday, June 12, 2026

မွန်ပြည်နယ်လွှတ်တော်၌ တိုင်ကြားစာလေ့လာစိစစ်သုံး သပ်ရေးကော်မတီဖွဲ့စည်းမည်

ပြည်သူ့အသံများကိုပိုမိုထိရောက်စွာနားထောင်ပေးရန်အတွက် မွန်ပြည်နယ်လွှတ်တော်၌ တိုင်ကြားစာလေ့လာစိစစ်သုံးသပ်ရေးကော်မတီဖွဲ့စည်းသွားမည်ဖြစ် ကြောင်း သိရသည်။ မွန်ပြည်နယ်လွှတ်တော်က ပြည်သူ့အသံများဖြစ်သော တိုင်ကြားစာ၊ အသနားခံစာများကို လက်ခံဖြေရှင်းပေးလျက်ရှိရာမှ ပိုမိုထိရောက်အားကောင်းစွာဖြေရှင်းနိုင်ရန်ရည်ရွယ်၍ တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာ...

ရန်ကုန်မြို့တွင်ကျင်းပသည့်  ရုရှားနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲကို ဒု-သမ္မတဒေါ်နန်းနီနီအေးတက်ရောက်

ရုရှားနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲကို ယနေ့ ဇွန် ၁၁ ရက်ညပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးကကြီးမှူး၍ ရန်ကုန်မြို့၌ကျင်းပရာ ဒု-သမ္မ တဒေါ်နန်းနီနီအေးတက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားကို မြန်မာနိုင်ငံတော်နှင့်...

မနက်ဖြန် ဇွန် ၁၂ ရက်တွင်ကျင်းပမည့်...

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို မနက်ဖြန် ဇွန် ၁၂ ရက်တွင်ကျင်းပမည်ဖြစ်ရာ လွှတ်တော်ကိုယ်စား လှယ်များက ကြယ်ပွင့်ပြမေးခွန်း(၈)ခုကို မေးမြန်းဆွေး နွေးကြမည်ဖြစ်ကြောင်း...

ဒီဇယ်ဆီ HSD(500 ppm)၊ သဘာဝဓာတ်ငွေ့ရည်...

ဒီဇယ်ဆီ HSD(500 ppm)၊ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas)၊ ဓာတ်မြေဩဇာတင်သွင်းမှုများအတွက် ကြိုတင်ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ဇွန် ၃၀ ရက်အထိထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက...
HomeInternationalချစ်သူများနေ့၌ ထိုင်းနိုင်ငံဘန်ရတ်ခ်ခရိုင်တွင် စုံတွဲပေါင်းငါးရာကျော်မင်္ဂလာလက်မှတ်ရေးထိုး

ချစ်သူများနေ့၌ ထိုင်းနိုင်ငံဘန်ရတ်ခ်ခရိုင်တွင် စုံတွဲပေါင်းငါးရာကျော်မင်္ဂလာလက်မှတ်ရေးထိုး

ထိုင်းနိုင်ငံဘန်ရတ်ခ်ခရိုင်၌ ယနေ့ဖေဖော်ဝါရီလ ၁၄ ရက် ချစ်သူများနေ့၌ စုံတွဲပေါင်းငါးရာကျော် လက်ထပ်ခဲ့ပြီး မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ဘန်ရတ်ခ်ခရိုင်၌ရွေးချယ်လက်မှတ်ထိုးရခြင်းမှာ “ဘန်ရတ်ခ်” ဟူသောအမည်သည် ထိုင်းဘာသာ၌ “ချစ်ခြင်းမေတ္တာခရိုင်” ဟုအဓိပ္ပါယ်ရသောကြောင့် မင်္ဂလာရှိသောအတိတ်နိမိတ်အနေဖြင့် ဘန်ရတ်ခ်ခရိုင်၌လက်ထပ်ခဲ့ကြခြင်းဖြစ်သည်ဟုလည်းဆိုသည်။

Source : Khasod English

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မွန်ပြည်နယ်လွှတ်တော်၌ တိုင်ကြားစာလေ့လာစိစစ်သုံး သပ်ရေးကော်မတီဖွဲ့စည်းမည်

ပြည်သူ့အသံများကိုပိုမိုထိရောက်စွာနားထောင်ပေးရန်အတွက် မွန်ပြည်နယ်လွှတ်တော်၌ တိုင်ကြားစာလေ့လာစိစစ်သုံးသပ်ရေးကော်မတီဖွဲ့စည်းသွားမည်ဖြစ် ကြောင်း သိရသည်။ မွန်ပြည်နယ်လွှတ်တော်က ပြည်သူ့အသံများဖြစ်သော တိုင်ကြားစာ၊ အသနားခံစာများကို လက်ခံဖြေရှင်းပေးလျက်ရှိရာမှ ပိုမိုထိရောက်အားကောင်းစွာဖြေရှင်းနိုင်ရန်ရည်ရွယ်၍ တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာ များနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေး ကော်မတီကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ " ပြည်သူ့အသံများကိုကျယ်ပြန့်စွာနားထောင်နိုင်ရန်အတွက် တိုင်ကြားစာနှင့်ပတ်သက်သည့် ကော်မတီကို ဖွဲ့စည်းပေးသွားမည်"ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြောကြားထားသည်။ ကော်မတီဖွဲ့စည်းပြီးပါက တိုင်ကြားစာများလက်ခံခြင်း၊ စိစစ်ခြင်း၊ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်းဖြေရှင်းခြင်း၊ တိုင်ကြားစာများအပေါ် ကော်မတီ၏ သဘော ထားမှတ်ချက်ဖြင့် အစိုးရအဖွဲ့နှင့်ညှိနှိုင်းပေးခြင်းများကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်ကျင်းပသည့်  ရုရှားနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲကို ဒု-သမ္မတဒေါ်နန်းနီနီအေးတက်ရောက်

ရုရှားနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲကို ယနေ့ ဇွန် ၁၁ ရက်ညပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးကကြီးမှူး၍ ရန်ကုန်မြို့၌ကျင်းပရာ ဒု-သမ္မ တဒေါ်နန်းနီနီအေးတက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားကို မြန်မာနိုင်ငံတော်နှင့် ရုရှားနိုင်ငံတို့၏ နိုင်ငံတော်သီချင်းများဖြင့်ဖွင့်လှစ်ပြီး ရုရှားနိုင်ငံ သံရုံးယာယီတာဝန်ခံက နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ရုရှားနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ သိပ္ပံ ပညာဆိုင်ရာအောင်မြင်မှုများ၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုနှင့် နိုင်ငံတကာရေးရာအခန်းကဏ္ဍမှတ်တမ်း ဗီဒီယိုကိုပြသခဲ့ကြောင်း သိရသည်။ ထို့နောက် ဒု-သမ္မတဒေါ်နန်းနီနီအေးနှင့် တက်ရောက် လာကြသူများက ညစာသုံးဆောင်ရာ ရုရှားနိုင်ငံ၏ ယဉ်ကျေးမှုအဖွဲ့များက ရိုးရာယဉ်ကျေးမှုအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

မနက်ဖြန် ဇွန် ၁၂ ရက်တွင်ကျင်းပမည့် ရန်ကုန်တိုင်းလွှတ်တော်၌ ကြယ်ပွင့်ပြမေးခွန်း(၈)ခုမေးမြန်းဆွေး နွေးကြမည်

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို မနက်ဖြန် ဇွန် ၁၂ ရက်တွင်ကျင်းပမည်ဖြစ်ရာ လွှတ်တော်ကိုယ်စား လှယ်များက ကြယ်ပွင့်ပြမေးခွန်း(၈)ခုကို မေးမြန်းဆွေး နွေးကြမည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဥ်အရ သိရသည်။ ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဒေါ်ရီရီတင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဒေါ်ဇာခြည်လင်း၊ ရွှေပြည်သာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးသိန်းနိုင်၊ တိုက်ကြီးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)ဦးစိုးဝင်းအောင်၊ ကျောက်တန်းမြို့နယ်လွှတ် တော်ကိုယ်စားလှယ်အမှတ်(၁)ဒေါ်အေးမင်းမိုးတို့က ကြယ်ပွင့်ပြမေးခွန်းများကိုမေးမြန်းသွားကြမည်ဖြစ် ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်ဖွဲ့စည်းခဲ့သော ကော်မတီ(၂)ခုတွင် ကော်မတီဝင်အသစ်များ ထည့်သွင်းတာဝန်ပေးအပ်ခြင်းအတွက်လည်း လွှတ် တော်၏အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အတူ "ရန်ကုန်တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက် မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများချီးမြှင့်ခြင်းဆိုင် ရာဥပဒေကြမ်း"နှင့်ပတ်သက်၍ ဥပဒေကြမ်းကော်မတီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071