ယနေ့ ဒီဇင်ဘာ (၇) ရက်၌ အမေရိကန်နိုင်ငံ Las Vegas မြို့၌ ကျင်းပသည့် UFC- 323 ပြိုင်ပွဲတွင် ဂျော့ရှူဝါဗန် သည် ပြိုင်ဘက်အလက်ဇန်းဒါးပန်တိုဂျာကို ပထမအချီမှာတင် ဒိုင်ပွဲရပ်ဖြင့်အနိုင်ရကာ UFC ၏ ဖလိုင်းဝိတ်တန်း ချန်ပီယံဖြစ်လာသည်။
ဗန် အနေဖြင့် ယခုပွဲစဉ်ကို ရုန်းကန်ရနိုင်ချေရှိသည်ဟု ကြိုတင်သုံးသတ်မှုများရှိခဲ့သော်လည်း ပွဲစစချင်း (၁) မိနစ် ဝန်းကျင်တွင် ပြိုင်ဘက်ကို အနိုင်ယူပြခဲ့ခြင်း ဖြစ်သည်။
ပြိုင်ဘက်ဖြစ်သူ ဖလိုင်းဝိတ်တန်း ချန်ပီယံဟောင်း ပန်တိုဂျာက ပြိုင်ပွဲစစချင်း ဖိအားပေးတိုက်ခိုက်ခဲ့ကာ ပွဲသိမ်းကန်ချက်ဖြစ်နိုင်ချေရှိသည့် အမြင့်ကန်ချက်နဲ့ ဗန်ကို တို-က်ခို-က်ခဲ့သော်လည်း ဗန်၏လျင်မြန်သည့် တုန့်ပြန်ကာကွယ်မှုကြောင့် ကြမ်းပြင်ပေါ် အရှိန်နှင့် ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ပြုတ်ကျရာတွင် ၎င်း၏ လက်ကျိုးသွားသည်ဟု ယူဆရသည်အထိ ပြင်းထန်စွာထိခိုက်သွားသည့်အတွက် ဒိုင်ဖြစ်သူက ပွဲကိုရပ်ကာ ဂျော့ရှူဝါဗန်အား အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။
ဂျော့ရှူဝါဗန်သည် မြန်မာနွယ်ဖွား MMA ဖိုက်တာများထဲတွင် ကချင်တိုင်းရင်းသား အောင်လအန်ဆန်အပြီး၌ အအောင်မြင်ဆုံးဖြစ်ပြီး UFC ၌ ကမ္ဘာ့အဆင့် ချန်ပီယံတစ်ယောက်ဖြစ်လာသည့် ပထမဆုံးသော မြန်မာနွယ်ဖွား တစ်ဦးလည်းဖြစ်သည်။
