ချင်းတွင်းမြစ်ရေနှင့် ငဝန်မြစ်ရေတို့သည် နောက် (၃) ရက်အတွင်း စိုးရိမ်ရေမှတ် အဆင့်သို့ရောက်ရှိနိုင်သည်ဟု ယနေ့ ဇူလိုင်လ (၇) ရက် ညနေပိုင်းအချိန်၌ မိုးလေဝသနှင့်ဇလဗေ ဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။
ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ် (၂ ၉၀၀) စင်တီမီတာရှိသည့်အနက် ယနေ့ မွန်းလွဲ (၁၂) နာရီခွဲအချိန်တွင် စိုးရိမ်ရေမှတ်အောက် (၂၈၁၃) စင်တီမီတာသို့ရောက်ရှိနေပြီး နောက် (၃) ရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်နိုင်သည်ဟု အသိပေးထားသည်။
ထို့အတူ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့တွင် စိုးရိမ်ရေမှတ် (၁၃၂၅) စင်တီမီတာရှိသည့်အနက် (၁၁၉၃) စင်တီမီတာသို့ လည်းကောင်း၊ ကလေးဝမြို့တွင် စိုးရိမ်ရေမှတ် (၁၅၅၀) စင်တီမီတာရှိသည့်အနက် (၁၃၇၉) စင်တီမီတာတွင်လည်းကောင်း၊ မင်းကင်းမြို့တွင် (၁၃၅၀) စင်တီမီတာရှိသည့်အနက် (၁,၁၉၈) စင်တီမီတာသို့လည်းကောင်း အသီးသီးရောက်ရှိနေပြီဖြစ်ကာ နောက် (၃) ရက်အတွင်း စိုးရိမ်ရေမှတ်အဆင့်သို့ ရောက်ရှိနိုင်ကြောင်း ဆိုသည်။
အလားတူ ငဝန်မြစ်ရေသည် ငသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ် (၁၁၆၀) စင်တီမီတာရှိသည့်အနက် ယနေ့မွန်းလွဲပိုင်းအချိန်၌ (၁၁၃၅) စင်တီမီတာသို့ရောက်ရှိနေကာ နောက် (၃)ရက်အတွင်း စိုးရိမ်ရေမှတ်အဆင့်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
သဘာဝဘေး အန္တရာယ်များနှင့် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာဖြစ်စဉ်များအား နိုင်ငံတော်အစိုးရ၏ မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များကိုဖြစ်စေ၊ မိုးလေဝသမြန်မာ (NGO) မှ ထုတ်ပြန်ချက်များကိုဖြစ်စေ စောင့်ကြည့်ဖတ်ရှုကြရန် မိုး/ဇလ စီမံခန့်ခွဲ့ရေးညွှန်ကြားမှုဗဟိုကော်မတီက အသိပေးထားသည်။
