မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တော်တော်များများရဲ့ နှလုံး သားကို သိမ်းပိုက်နိုင်ခဲ့သူ၊ ပြီးတော့ ဟင်္သာတသားလေး၊ ထပ် ပြောရရင် ဧရာဝတီတိုင်းသားလေး ဖြိုးမြတ်အောင်။ သူ့ကို တကယ့်ကို သောင်းသောင်းဖြဖြ ဝန်းရံခဲ့ကြ တာကလည်း ဧရာဝတီတိုင်းသူ၊ တိုင်း သားတွေ။ ဘယ်လောက်အထိ ဝန်းရံ ကြသလဲဆိုရင် ဖြိုးမြတ်အောင်ရဲ့ ဖိုင်နယ်ပွဲစဉ်ကို တိုက်ရိုက်ကြည့်ရှု ချင်လို့ ရန်ကုန်အထိ ဆင်းလာကြတဲ့ ပရိသတ်တွေ တစ်ပုံတစ်ပင်ကြီး။ ရုံပြည့်သွားလို့ ရှေ့မှာ LED နဲ့ ကြည့်ရှုကြရတဲ့ပရိသတ်တွေလည်း ရှိခဲ့ပါတယ်။
“ကျွန်တော် တအားပျော်ပါ တယ်။ ကျွန်တော့်ကို အားပေးကြ တဲ့သူတွေရော၊ မြန်မာတစ်နိုင်ငံလုံးက မိသားစုဝင်တွေရော၊ ဧရာဝတီတိုင်း အတွင်းက မိသားစု ဝင်တွေရော သူတို့အားပေးမှုကြောင့် ဒီနေရာရ လာတာပါ။ အဲဒီအတွက် ကျွန်တော် တအားပျော်ပါတယ်” လို့ ဖြိုးမြတ်အောင်က ပွဲပြီးတော့ သူ့ရဲ့ရင်တွင်း ပီတိကို ပြောပြခဲ့ပါတယ်။
ပြိုင်ပွဲ ကြီးလည်း ပြီးဆုံးသွားပြီ။ မြန်မာအိုင်ဒေါရဲ့ တတိယမြောက် Winner အဖြစ်လည်း ဖြိုးမြတ်အောင်က ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီ။ ဟင်္သာတကို အပြန် ခရီးက လှပခဲ့ပြီ။ ဖြိုးမြတ်အောင် ဘာတွေလုပ်ကိုင် ဖြစ်မလဲဆိုတာကို တော့…
“ကျွန်တော်လုပ်ချင်တာတွေ ကတော့ အများကြီးပါ။ ဘုရားထီးတင်မယ်။ ပြီးလို့ရှိရင် နောက်ထပ် တစ်ခုက ကထိန်ခင်းဦးမယ်။ ကျောင်းဆောက်ဖို့လည်း ရှိသေးတယ်။ အဲဒါတွေလုပ်သွားမှာပါ။ ပြီးလို့ရှိရင် ပညာရေးနဲ့ ပတ်သက်ပြီးလို အပ်တဲ့နေရာ တွေမှာလည်း လှူဒါန်းသွားမှာပါ” လို့ သူက ပြောပါတယ်။ ပြိုင်ပွဲဆိုတာကတော့ ချီးမွမ်းမှုတွေ ရှိသလို ဝေဖန်မှုတွေလည်းရှိတာပေါ့။ ဖေ့စ်ဘွတ်ခ်ရဲ့ ကွန်ရက်က ကျယ်ပြန့်လာတဲ့ခေတ်၊ ပြီးတော့ မြန်မာ အိုင်ဒေါလို ပြိုင်ပွဲမျိုးဆိုတော့ ဝေဖန်ကဲ့ ရဲ့မှုတွေကို ဘယ်လိုစိတ်မျိုး ထားရှိခဲ့ပြီး ဖြတ်သန်းလဲဆိုတော့ ဝေဖန်မှုတွေထဲကနေ သူ့အားနည်း ချက်တွေ ရှာခဲ့တယ်။ ပြင်းထန်တဲ့ ဝေဖန်မှုတွေကိုတော့ သူလျစ်လျူ ရှု လိုက်ပါတယ်လို့ ဖြိုးမြတ်အောင်က ဆိုတယ်။
တကယ်တော့ ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုဆိုတာ ပြိုင်ဘက် တွေဆိုတာထက် မြန်မာအိုင်ဒေါရဲ့ ဂီတမောင်နှမတွေပါ။ သူတို့အချင်း ချင်း သင့်မြတ်ကြတယ်။ ဖေးမကူညီ ကြပါတယ်။ ဖိုင်နယ်မှာ တေးရေး ဝေကြီးရေးပေးတဲ့ Winner Song ကို…
“ညီလေးမောင်ချို့အတွက်” ဆိုပြီးပေးခဲ့တာကိုပဲကြည့်ပါလား။ ဖြိုးမြတ် အောင်ရဲ့ စိတ်ရင်းကို မြင်တွေ့ကြရမှာပါ။
“ဆုရတဲ့သီချင်းကို မောင့်ချို့ကို ဘာဖြစ်လို့ပေးဖြစ်တာလဲဆိုတော့ ဆေးရုံ က ပြန်လာတော့ Winner Song က မြန်မာအိုင်ဒေါမှာ Winner ရတဲ့သူပဲ ရမှာပေါ့။ တကယ်တော့ ဒီဆုကို ကျွန်တော်ရ မယ်မှန်းလည်း မထင်ဘူးလေ။ သူ လာရောက်ဝင်ပြိုင်နိုင်မယ်ပဲ ထင်ထားတာ။ ပြိုင်ပွဲ မပြိုင်ခင်အချိန်အထိပဲပေါ့ နော်။ ကျွန်တော်တို့ ဆေးရုံက ပြန်လာတော့ ဒီသီချင်းလေးကို သူသီဆိုချင် တယ်တဲ့။ ကျွန်တော့်ရှေ့မှာတော့ သူမပြောဘူး။ ဒါပေမဲ့ ကျွန်တော် ကြား လိုက်တာပေါ့နော်။ အဲဒါနဲ့ ကျွန်တော်သာ Winner ဖြစ်ခဲ့ရင် ဒီသီချင်းလေးကို သူ့ကိုပေးမယ်ဆိုပြီး စိတ်ထဲမှာ ရည်မှန်းထားတာ။ အဲဒါနဲ့ ဒီသီချင်းကို ကျွန်တော်ရတော့ သူ့ကို လက်ဆောင်ပေးဖြစ်တာပါ။ အဲဒါဆို သူအလွန်ပျော် သွားမှာ။ ဒီသီချင်းကို သူသီဆိုချင်နေခဲ့တာဆို တော့လေ” လို့ ဖြိုးမြတ်အောင်က ပြောပြခဲ့ပါတယ်။
မျိုးမောင်၊
ဓာတ်ပုံ-အောင်ဇော်မင်း