ခေါင်းတိုက်သွင်းဂိုးများဖြင့်နာမည်ကျော်ခဲ့သည့် မြန်မာ့လက်ရွေးစင်(ဟောင်း)ဦးဝင်းအောင်(၆၀)နှစ်သည် ယ နေ့ စက်တင်ဘာ ၁၃ ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ဦးဝင်းအောင် ကွယ်လွန်ခြင်းအတွက် ကျန်ရစ်သူမိ သားစုနှင့် ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပြီး ကောင်းရာသုဂတိရောက်ရှိပါစေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့၊ မြန်မာ့ဘောလုံးမိသားစုများအားလုံးမှ ဆုတောင်းမေတ္တာပို့သခဲ့ကြောင်း သိရသည်။
ဦးဝင်းအောင်သည် ခေါင်းတိုက်သွင်းဂိုးများဖြင့် နာမည်ကျော်ခဲ့သူဖြစ်ကာ ၁၉၉၀-၉၉ ဝန်းကျင် ဘောလုံးရာ သီများတွင် မြန်မာနှင့် စင်ကာပူဘောလုံးပရိသတ်များ ၏ အားပေးမှုကိုရရှိခဲ့သော တိုက်စစ်မှူးတစ်ဦးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဦးဝင်းအောင်သည် ၁၉၉၃ ဆီးဂိမ်းငွေတံဆိပ်ဆုရှင်၊ ဆောက်လုပ်ရေး၊ ဘဏ္ဍာအခွန်၊ စင်ကာပူလိဂ်ပရော်ဖက်ရှင်နယ် ကစားသမားဟောင်းနှင့် မြန်မာ့လက် ရွေးစင်တိုက်စစ်မှူး(ဟောင်း)တစ်ဦးဖြစ်ကြောင်း သိရသည်။
