သိပ္ပံပညာရှင် များဖြစ်ကြသော မေရီဘရန်ကောင်း၊ ဖရက်ဒ်ရမ်စ်ဒယ်လ် နှင့် ရှီမွန်ဆာကာဂူချီ တို့သည် ဇီဝကမ္မဗေဒ ဆေးပညာဆိုင်ရာ နိုဘဲလ်ဆုကို 2025 ခုနှစ်အတွက် “ကိုယ်ခံအားရဲ့ ခံနိုင်ရည်ရှိခြင်း” နှင့် ပတ်သက်၍ ၎င်းတို့၏ ရှာဖွေတွေ့ရှိမှုအတွက် ချီးမြှင့်ခဲ့ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ဆေးပညာဆုရှင်များကို ဆွီဒင်နိုင်ငံ ကယ်ရိုလင်စကာအင်စတီကျု၏ နို့ဘဲလ်ဆု ရွေးချယ်ရေး အဖွဲ့က ရွေးချယ်ပြီး ဆွီဒင်ခရောင်း ၁၁ သန်း (အမေရိကန်ဒေါ်လာ ၁.၂ သန်း) နှင့် ဆွီဒင်ဘုရင်က ချီးမြှင့်သော ရွှေတံဆိပ်တို့ကိုရရှိမည်ဖြစ်သည်။
Ref: အေပီ/ဆော့သ်ချိုင်းနားမောနင်းပို့စ်
