Thursday, August 14, 2025

ရှေးဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှငွေကျပ်(၃၄၀)ဘီလီယံကျော်သုံးစွဲထား

မန္တလေးငလျင်ကြီးကြောင့် အစိုးရကဏ္ဍ နှင့် ပုဂ္ဂလိကကဏ္ဍ ဆုံးရှုံးမှု ကျပ်ငွေဘီလီယံ (၈,၀၀၀) နီးပါးထိ ရှိ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် ရှေးဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှ ငွေကျပ် (၃၄၀)ဘီလီယံကျော်သုံးစွဲပြီးဖြစ်သည်ဟု...

တိုင်းနှင့်ပြည်နယ်(၄)ခုမှ​ငွေလဲလှယ်​ပေးခွင့်လိုင်စင်ရကုမ္ပဏီများကို ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌတွေ့ဆုံ

ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌဦးဇော်မြင့်နိုင်သည် ယနေ့ သြဂုတ် ၁၃ ရက်နံနက် ၁၀ နာရီက တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ကရင်...

၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့်...

ဩဂုတ်လ ၁၂ ရက်နေ့ (အင်္ဂါနေ့)က မွန်ဘိုင်း၌ ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့် နက္ခတ္တဗေဒရူပဗေဒ အိုလံပစ်ပြိုင်ပွဲ (IOAA)...

လာမည့် ၂၄ နာရီအတွင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်း၊(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နှင့် ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေ)တို့၌ ဖြစ်ပေါ် နေသော လေဖိ အားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိနေသည်ဟု မိုးဇလကအသိပေးခဲ့သည်။ ယင်း လေဖိအားနည်းရပ်ဝန်းသည်...
HomeNewsLocal Newsခါးအရိုးဒဏ်ရာကုသရမည်ဖြစ်၍ IBEC ဆရာတော်နှင့်တွေ့ဆုံမှုအစီအစဥ်အားလုံးကို...

ခါးအရိုးဒဏ်ရာကုသရမည်ဖြစ်၍ IBEC ဆရာတော်နှင့်တွေ့ဆုံမှုအစီအစဥ်အားလုံးကို ယာယီဆိုင်းငံ့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ၏ ဦးစီးဦးဆောင်ဆရာတော်ဖြစ်တော်မူသည့် IBEC ဆရာတော်သည် ပြီးခဲ့သည့်နှစ်ကရရှိခဲ့သော ခါးအရိုးဒဏ်ရာအားကုသရမည်ဖြစ်၍ တွေ့ဆုံမှုအစီအစဥ်အားလုံးကို ယာယီဆိုင်းငံ့ထားကြောင်း သိရသည်။

IBEC ဆရာတော်သည် ပြီးခဲ့သည့်နှစ်က ပညာရေးလုပ်ငန်းများဆောင်ရွက်စဥ် လှေကားပေါ်မှ မတော်တဆခြေချော်လှဲကျ၍ ခါးတွင်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ရာမှ လက်ရှိအချိန်တွင် ဒဏ်ရာပြန်ပေါ်လာသဖြင့် အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိအချိန်၌ IBEC ဆရာတော်သည် လူသားအကျိုးပြုလုပ်ငန်းများ၊ ပညာရေးလုပ်ငန်းများအား ဆောင်ရွက်တော်မူနေသည့် ကာလဖြစ်သော်လည်း ခါးဒဏ်ရာအားဆေးကုသမှုခံယူနိုင်ရန် ဆရာတော်နှင့်တွေ့ဆုံလိုသူများ၊ ပညာရေး၊ လူသားအကျိုးပြုလုပ်ငန်းများကို ယာယီဆိုင်းငံ့ထားမည်ဖြစ်ကာ မည်သည့်တွေ့ဆုံမှုမျိုးကိုမှလည်း လက်ခံဆောင်ရွက်တော်မူမည်မဟုတ်ကြောင်း သိရသည်။

ခါးအရိုးဒဏ်ရာအားကုသမှုခံယူပြီး ပြန်လည်သက်သာလာကာ လုပ်ငန်းများပြန်လည်ဆောင်ရွက်တော်မူမည့်အချိန်နှင့် တွေ့ဆုံမှုများပြန်လည်စတင်မည့်အချိန်တို့အား ပြန်လည်အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှေးဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှငွေကျပ်(၃၄၀)ဘီလီယံကျော်သုံးစွဲထား

မန္တလေးငလျင်ကြီးကြောင့် အစိုးရကဏ္ဍ နှင့် ပုဂ္ဂလိကကဏ္ဍ ဆုံးရှုံးမှု ကျပ်ငွေဘီလီယံ (၈,၀၀၀) နီးပါးထိ ရှိ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် ရှေးဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှ ငွေကျပ် (၃၄၀)ဘီလီယံကျော်သုံးစွဲပြီးဖြစ်သည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက အသိပေးခဲ့သည်။ မန္တလေးငလျင်ကြီးစတင်ဖြစ်ပွားသည့်နေ့မှစ၍ ၂၀၂၅ ခုနှစ်၊ သြဂုတ် ၁၁ ရက်အထိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ငလျင်ဒဏ်သင့်သူများ တို-က်ရို-က်အကျိုးခံစားခွင့်ရရှိစေမည့် အရေးပေါ်စားနပ်ရိက္ခာများထောက်ပံ့မှုအတွက် ငွေကျပ်(၄၂ ဒသမ ၀၉၄)ဘီလီယံကျော်၊ သေဆုံးသူများ၏ မိသားစုများအားထောက်ပံ့မှုအ တွက် ငွေကျပ်(၄ ဒသမ ၇၃၃)ဘီလီယံကျော်၊ ဒဏ်ရာရသူများအတွက် ငွေကျပ်(၀ ဒသမ ၁၇၅)ဘီလီယံသုံးစွဲပြီးဖြစ်သည်။ နေအိမ်များပြန်လည်တည်ဆောက်ရန် ငွေကျပ် (၁၆၀၅...

တိုင်းနှင့်ပြည်နယ်(၄)ခုမှ​ငွေလဲလှယ်​ပေးခွင့်လိုင်စင်ရကုမ္ပဏီများကို ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌတွေ့ဆုံ

ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌဦးဇော်မြင့်နိုင်သည် ယနေ့ သြဂုတ် ၁၃ ရက်နံနက် ၁၀ နာရီက တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ကရင် ပြည်နယ်၊ မြဝတီမြို့နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တို့ရှိ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်(Money Changer)ရကုမ္ပဏီများအားတွေ့ဆုံခဲ့သည်။ Money Changer လိုင်စင်ရကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီ မံခန့်ခွဲမှုစည်းမျဥ်းနှင့် ထုတ်ပြန်ထားသည့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန်၊ စည်းကမ်းလိုက် နာမှုမရှိသည့် ကုမ္ပဏီများအနေဖြင့်အရေးယူခံရနိုင်မည်ဖြစ်၍ ထုတ်ပြန်ထားသည့် နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ခြင်းဆိုင်ရာညွှန်ကြားချက် ၅/၂၀၂၄ အတိုင်း လိုက်နာဆောင်ရွက်ရန် ပြောသည်။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာဥပဒေ စည်းမျဥ်းညွှန်ကြားချက်များကိုလိုက်နာရန်၊ နိုင်ငံခြားငွေကြေးစျေးကွက်တည်ငြိမ်မှုရှိစေရေးအတွက်...

၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့် ရူပဗေဒ အိုလံပစ်ပြိုင်ပွဲကို မွန်ဘိုင်းတွင် ဖွင့်လှစ်

ဩဂုတ်လ ၁၂ ရက်နေ့ (အင်္ဂါနေ့)က မွန်ဘိုင်း၌ ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့် နက္ခတ္တဗေဒရူပဗေဒ အိုလံပစ်ပြိုင်ပွဲ (IOAA) ဖွင့်ပွဲအခမ်းအနားတွင် အိန္ဒိယနိုင်ငံသည် နည်းပညာကို ဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း အိန္ဒိယအစိုးရ၏ အဓိကသိပ္ပံဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ အာဂျေးကူးမားဆွဒ်(Ajay Kumar Sood)က ပြောကြားခဲ့သည်။ “ပြိုင်ပွဲဝင်တွေဟာ အိုင်ဒီယာအသစ်တွေ၊ စိတ်ကူးစိတ်သန်းတွေနဲ့ ကြွယ်ဝတဲ့ အတွေးအမြင်တွေနဲ့ သူတို့နိုင်ငံကို ပြန်သွားသင့်ပါတယ်” ဟု ပါမောက္ခ ဆွဒ်က အိုလံပစ်ပြိုင်ပွဲကို “သိပ္ပံအားကစား” အဖြစ် ရည်ညွှန်းပြောကြားခဲ့သည်။ Tata Institute...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071