ထိုင်းဝန်ကြီးချုပ်သစ် ဆြီသာသည် ၎င်း၏ ပထမဆုံး တရားဝင် ခရီးစဉ်အဖြစ်ဖူးခက်ကို သောကြာနေ့က သွားရောက်ခြင်းဖြင့်စတင်ခဲ့သည်။
အိမ်ခြံမြေ သူဌေးကြီးတဖြစ်လဲ ဝန်ကြီးချုပ်သစ်ကခရီးသွား လုပ်ငန်းကို မြှင့်တင်ရန် နည်းလမ်းများ ရှာဖွေနေခြင်းလည်း ဖြစ်သည်။
ဝန်ကြီးချုပ် ဆြီသာ နှင့်အဖွဲ့သည် ဖူးခက်မြို့ဟောင်းသို့ သွားရောက်ကာ ဒေသန္တရစီးပွားရေးပတ်ဝန်းကျင်ကို ကြည့်ရှုကာ စီးပွားရေး နှိုးဆွမှုအစီအစဉ်အတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၏ စိုးရိမ်ပူပန်မှုများကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
လူထုအတွင်း လမ်းလျှောက်နေစဉ် ထိုင်းနှင့် နိုင်ငံခြားခရီးသွားများနှင့်အတူဆယ်လ်ဖီအရိုက်ခံရင်း ၄င်း PR ကျွမ်းကျင်မူကိုပြသခဲ့သည်။
၄င်း သည် စတိုးဆိုင်များစွာထံမှမုန့်များကိုမြည်းစမ်းရင်းအရသာကို သုံးသပ်ပေးခဲ့သည်။
ဝန်ကြီးနှင့်အဖွဲ့သည် ဖူးခက်၊ပါသွန်းန်ကမ်းခြေရှိ Bangla Road သို့ သောကြာနေ့ညနေပိုင်းတွင် သွားရောက်လည်ပတ်ခဲ့သေးသည်။
ထိုင်းလူမျိုးများ၊နိုင်ငံခြား ခရီးသွားများနှင့်လမ်းဘေး အစားအသောက်ရောင်းသူများကပါ လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။
ဝန်ကြီးချုပ်သစ်သည် လုပ်ငန်းရှင်များနှင့် စကားပြောဆိုခဲ့ရာ အများစုက ညစျေးတန်းနေရာများကို နံနက် ၄ နာရီအထိ ဖွင့်လှစ်ခွင့်ပေးရန် အစိုးရကို တောင်းဆိုထားကြသည်။