Friday, December 5, 2025

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times...

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...

ဆီးဂိမ်းပြိုင်ပွဲတွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့်...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

အရှေ့တောင်အာရှ မူလတန်းပညာသင်ယူမှုတိုင်းတာစစ်ဆေးစံ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ...

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ယမန်နေ့က ကျင်းပသည့် အရှေ့တောင်အာရှမူလတန်း ပညာသင်ယူမှု တိုင်းတာစစ်ဆေးရေးစံ SEA- PLM 2024 ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ...
HomeCelebrities' Newsခရီးသွားရာသီနှင့် သူတို့သွားချင်တဲ့ နေရာဒေသ

ခရီးသွားရာသီနှင့် သူတို့သွားချင်တဲ့ နေရာဒေသ

[spb_text_block animation=”none” animation_delay=”0″ simplified_controls=”yes” custom_css_percentage=”no” padding_vertical=”0″ padding_horizontal=”0″ margin_vertical=”0″ custom_css=”margin-top: 0px;margin-bottom: 0px;” border_size=”0″ border_styling_global=”default” width=”1/1″ el_position=”first last”]

ခရီးသွားရာသီရောက်ပြီဆိုတာနဲ့ အားလုံးက ခရီးသွားဖို့ ပြင်ဆင်နေကြပြီပဲဖြစ်ပါတယ်။ ထို့အတူပဲ အနုပညာရှင်တွေအနေနဲ့လည်း ဒီလိုရာသီကာလမှာ သူတို့သွားချင်တဲ့ နေရာဒေသတွေက ဘယ်လိုနေရာတွေလဲဆိုတာ မေးမြန်းတင်ဆက်လိုက်ရပါတယ်။

[/spb_text_block] [spb_text_block animation=”none” animation_delay=”0″ simplified_controls=”yes” custom_css_percentage=”no” padding_vertical=”0″ padding_horizontal=”0″ margin_vertical=”0″ custom_css=”margin-top: 0px;margin-bottom: 0px;” border_size=”0″ border_styling_global=”default” width=”1/1″ el_position=”first last”]

သဉ္ဇာ

ဆောင်းရာသီရောက်ပြီဆိုတော့ သဉ္ဇာ မိသားစုနဲ့ အတူတူ ခရီးထွက်ချင်တယ်။ ဒီဇင်ဘာကျောင်းပိတ်ရက်၊ ခရစ်စမတ်လည်းနီးပြီဆိုတော့ ကျိုက်ထီးရိုး သွားချင်တယ်။ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်လေးနဲ့ ချောင်းသာ၊ ငွေဆောင်ကမ်းခြေဘက်တွေလည်း သွားချင်တယ်။ နောက်တစ်ခုက တောင်ကြီးတို့၊ အင်းလေးတို့ကိုလည်း မိသားစုနဲ့ အတူတူ သွားချင်တယ်။ ခရီးသွားရင်း အမှတ်တရဆို ကျိုက်ထီးရိုးသွားတုန်းက သဉ္ဇာရဲ့ အစ်ကိုတွေ၊ အစ်မတွေ အကုန်လုံး မိသားစုတွေ စည်းစည်းလုံးလုံးခရီးသွားတာ အရမ်းပျော်တယ်။ သဉ္ဇာ နှစ်တန်း သုံးတန်းလောက်ပဲ ရှိအုန်းမယ်။ အဲဒီအချိန်လေးကို အခုထိ အမှတ်ရနေတုန်းပဲ။ ပြန်သွားချင်တယ်။ အခု ၂ဝ၁၈ မှာလည်း အစ်ကိုတွေ၊ အစ်မတွေနဲ့ မိသားစု စည်းစည်းလုံးလုံး ထပ်သွားချင်တယ်။ ဒါပေမဲ့ သူတို့တွေက အခုအချိန်မှာ အလုပ်တွေ ကိုယ်ဆီနဲ့ မအားကြတော့ဘူး။ ဖြစ်နိုင်ရင် မိသားစုစုံစုံလင်လင်လေး ထပ်သွားချင်သေးတယ်။

[/spb_text_block] [spb_text_block animation=”none” animation_delay=”0″ simplified_controls=”yes” custom_css_percentage=”no” padding_vertical=”0″ padding_horizontal=”0″ margin_vertical=”0″ custom_css=”margin-top: 0px;margin-bottom: 0px;” border_size=”0″ border_styling_global=”default” width=”1/1″ el_position=”first last”]

နီလန်း

နီလန်းက ချင်းတောင်ကဆိုတော့ ချင်းတောင်ရဲ့ အလှကို ပရိသတ်ကို ချပြချင်တယ်။ တချို့လူတွေ ဆိုရင်​ ချင်းတောင်သွားဖို့ကို လမ်းပန်းဆက်သွယ်ရေး တအားခက်ခဲလို့ သွားဖို့ကို မစဉ်းစားကြဘူး။ သွားရလာရတာ သိပ်အဆင်မပြေဘူးလို့ ထင်ကြတယ်။ နီလန်းတို့ ချင်းတောင်ကို လာလည်ကြပါ။ ချင်းတောင်ရဲ့ အလှက တအားကိုလှပပါတယ်။ ချင်းတောင်ရောက်ရင် ပထမဆုံး မြင်ယောင်မှာက တောင်တန်းလေးတွေ၊ အခုအချိန်ဆို ချယ်ရီပန်းလေးတွေ ပွင့်နေပြီ။ သီမြစ်ချောင်းဆိုလည်း ချောင်းရေက တော်တော်ကိုအေးတာ။ စိမ့်နေတာပဲ။ ရေကလည်း ကြည်တယ်။ ရှု့ခင်းကလည်း လှတယ်။ ဟားခါး View Point ကနေကြည့်မယ်ဆိုလည်း အပေါ်စီးကနေ မြင်ရတဲ့ရှု့ခင်းက စိတ်လှုပ်ရှားဖို့ ကောင်းတယ်။ တအားလည်းလှတယ်။ နီလန်းတို့ ချင်းပြည်ရဲ့ ရိုးရာအိမ်လေးတွေဆိုလည်း ဘယ်တိုင်းရင်းသားတွေနဲ့မှ မတူဘူး။ ရိုးရိုးလေးတွေနဲ့ လှတယ်။ ရိုးရာအိမ်တွေက ထူးဆန်းတယ်။ ပရိသတ်တွေကို လာကြည့်စေချင်တယ်။ နီလန်းပြိုင်ပွဲတုန်းက ဆိုထားတဲ့ ချယ်ရီမြို့ဆိုတဲ့ သီချင်းကို ချင်းပြည်မှာ ပြန်ပြီး MTV ရိုက်ဖို့လည်းရှိတယ်။ ချင်းပြည်ရဲ့ အလှအပတွေကို ပရိသတ်တွေကို သိသွားအောင်​ နီလန်း ကြိုးစားသွားဦးမှာပါ။

[/spb_text_block] [spb_text_block animation=”none” animation_delay=”0″ simplified_controls=”yes” custom_css_percentage=”no” padding_vertical=”0″ padding_horizontal=”0″ margin_vertical=”0″ custom_css=”margin-top: 0px;margin-bottom: 0px;” border_size=”0″ border_styling_global=”default” width=”1/1″ el_position=”first last”]

လှယမင်းအိမ်

ညီမက မြိတ်ဘက်က ကျွန်းတွေကို ခရီးသွားချင်တယ်။ ညီမက ဟိုငယ်ငယ်လေးကတည်းက ပင်လယ်ကို သဘောကျတယ်။ ကြိုက်တယ်။ ခရီးသွားမယ်ဆို ပင်လယ်ဘက်ကို သွားချင်တယ်။ ပြီးတော့ပုဂံသွားရတာလည်း ကြိုက်တယ်။ မြန်မာ့ရှေးဟောင်း အမွေအနှစ်တွေ အများကြီးရှိလို့ ပုဂံဘုရားတွေ အကြောင်း ဗိသုကာလက်ရာတွေ အကြောင်းကို လေ့လာရတာ ကြိုက်တယ်။ မြန်မာပြည်ကို လွမ်းလို့ ပြန်​လာရတော့မှာဆိုပြီး မနည်းအားတင်းနေရတယ်။ ပြန်ရောက်တာနဲ့ ခရီးတွေထွက်မယ်​။

[/spb_text_block] [spb_text_block animation=”none” animation_delay=”0″ simplified_controls=”yes” custom_css_percentage=”no” padding_vertical=”0″ padding_horizontal=”0″ margin_vertical=”0″ custom_css=”margin-top: 0px;margin-bottom: 0px;” border_size=”0″ border_styling_global=”default” width=”1/1″ el_position=”first last”]

ပန်းသော်တာ

အခု ဒီဇင်ဘာထဲမှာ ပုဂံဘုရားဖူး သွားချင်တယ်။ ချောင်းသာဘက်က ဂျိတ်လက်ကျွန်း အဲဒီကို သွားချင်တယ်။ ရေကြည်ကြည်လေးတွေနဲ့ သူများတွေ တင်ထားတာ ကြော်ငြာထားတာတွေ့တယ်။ တစ်ခါမှ မရောက်ဖူးဘူး။ အဲဒီဘက်တွေက အခုအချိန်​ဆောင်းရာသီရာသီဥတု အေးအေးလေးနဲ့ တအားနေ လို့ကောင်းမှာ။ ကမ်းခြေဆိုလည်း ကမ်းခြေအလျောက်​ဆောင်းလေလေး တဖြူးဖြူးနဲ့ အဲဒီလိုနေရာတွေကို သွားချင်တယ်။ မေမေ၊ ဖေဖေနဲ့က ပုဂံဘက်က ဘုရားဖူး သို့မဟုတ်​ မန္တလေးဘုရားဖူး သွားချင်တယ်။ လူကြီးတွေနဲ့ ဘုရားဖူး ပိုသွားချင်တယ်။ ပို့ပေးချင်တယ်။

[/spb_text_block]

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071